မြသွန်း(တောင်ဒဂုံ)
?သက်ရှိအားလုံးရဲ့အိပ်မက်ဆိုးကြီးဖြစ်တဲ့ တတိယကမ္ဘာစစ်ကြီးဟာ မကြာခင်ရက်သတ္တပတ်အတွင်းမှာပဲ ဖြစ်လာနိုင်ကြောင်း အိန္ဒိယနိုင်ငံကနတ်က္ခတ်ဗေဒပညာရှင်ကြီးတစ်ဦးဖြစ်တဲ့ ကူရှဲလ်ကူမားက ဟောကိန်းထုတ်လိုက်ပါပြီ။ သူအခုလိုထုတ်ထားတဲ့ဟောကိန်းကို Linkedin မှာမျှဝေထားတဲ့အပြင် Mediumမှာလည်း မျှဝေထားပါသေးတယ်။
? Linkedin ကသူ့ရဲ့ကိုယ်ရေးအကျဉ်းမှာဆိုရင် သူဟာ ဗီဒစ်နက္ခတ်ဗေဒပညာရှင်တစ်ဦးဖြစ်ကြောင်းနဲ့ ဂြိုလ်လမ်းကြောင်းတွေကိုတွက်ချက်ပြီး အနာဂတ်ဖြစ်ရပ်တွေကို ခန့်မှန်းဟောကိန်းထုတ်သူတစ်ဦးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ သူဟောကိန်းထုတ်ထားတာကတော့ ၂၀၂၄ခုနှစ်ဟာ စစ်ပွဲပြဿနာတွေနဲ့ယှက်နွယ်နေတာကြောင့် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အဓိကအရေးပါတဲ့နေရာတွေမှာ စစ်ပွဲပဋိပက္ခတွေဖြစ်ပြီး အကြီးအကျယ်စိတ်ဒုက္ခသောကတွေရောက်မယ့်နှစ်ဆိုပြီး ပြောထားပါတယ်။
?တရုတ်နဲ့ထိုင်ဝမ်၊ ရုရှားနဲ့ယူကရိန်း၊ တောင်ကိုရီးယားနဲ့မြောက်ကိုရီးယား၊ အစ္စရေးနဲ့ အရှေ့အလယ်ပိုင်းနေရာတွေ၊ ပြီးတော့ နေတိုးတပ်ဖွဲ့ရဲ့တင်းမာမှုတွေအားလုံးက စုပြုံပြီးတော့အပြင်းထန်ဆုံးဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းတယ်ဆိုပြီးပြောထားပါတယ်။
? ဒါ့အပြင်နိုင်ငံအချို့မှာ အကြီးအကျယ်သောကရောက်စရာပြဿနာတွေဖြစ်ပြီး ဒါကိုကိုင်တွယ်ဖြေရှင်းဖို့ အစိုးရတွေအနေနဲ့ ခက်ခဲနေနိုင်ပါတယ်။ တစ်ချို့နိုင်ငံတွေမှာဆိုရင်လည်း ခေါင်းဆောင်အကြီးကဲတွေက ဆိုးရွားတဲ့ကျန်းမာရေးအခြေအနေတွေနဲ့ ရင်ဆိုင်ရပြီး ရာထူးကနေတောင် နှုတ်ထွက်သွားနိုင်ပါတယ်။ ပြီးတော့နိုင်ငံရေးတွေကရှုတ်ထွေးပြီး အုံကြွမှုတွေဖြစ်ပေါ်လာနိုင်သလို စစ်တပ်ရဲ့အားသုံးထိန်းချုပ်မှုတွေဝင်လာနိုင်တယ်လို့ သူကဟောကိန်းထုတ်ထားပါတယ်။
?အခုလိုမျိုးတင်းမာမှုတွေ ထိပ်ဆိုင်တွေ့သွားတဲ့နောက်မှာ ကမ္ဘာစစ်ကြီးတစ်ခုဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် ၂၀၂၄ခုနှစ်၊ ဇွန်လ(၁၈)ရက်နေ့မှာ ဂြိုလ်တွေရဲ့လှုံ့ဆော်မှုတွေဟာ အပြင်းထန်ဆုံးဖြစ်လာနိုင်တာကြောင့် အဲ့ဒီနေ့မှာအထူးဂရုစိုက်ကြဖို့ နက္ခက်ပညာရှင်ကြီးက ဟောကိန်းထုတ်ထားတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ဇွန်လ(၁၀)ရက်နေ့ကနေ (၁၉)ရက်နေ့အထိ ကြားကာလမှာလည်း သတိထားကြဖို့ပြောပါတယ်။
?သူအခုလိုဟောကိန်းထုတ်ထားတာတွေက စိတ်မှန်းနဲ့ပြောထားတာမဟုတ်ဘဲ ဟိုးရှေးအရင်က ပညာရှင်တွေလက်စွဲဖြစ်တဲ့ နက္ခက်တာရာတွေ၊ ဂြိုလ်သွားဂြိုလ်လာတွေကိုကြည့်ပြီး ဟောထားတာကြောင့် တစ်ချို့လူတွေက ယုံကြည်နေကြသလို တစ်ချို့ကလည်းအလကားပါဆိုပြီး မယုံကြည်နေကြတာတွေရှိပါတယ်။
? ဒါကတော့ လူတိုင်းကတစ်ယောက်နဲ့တစ်ယောက် အယူအဆမတူညီနိုင်တာမို့လို့ ဖြစ်နိုင်ပါတယ်။ ဒါမယ့်တစ်ချိန်တည်းမှာပဲ ဗြိတိန်အစိုးရအရာရှိကြီးတွေကတောင် သူတို့နိုင်ငံသားတွေကို ရိက္ခာ၊ဆေးဝါးတွေစုဆောင်းထားဖို့ တိုက်တွန်းထားတဲ့အနေထားမှာရှိနေပါတယ်။ ဒီတော့အခြေအနေက ထင်သလောက်ငြိမ်သက်မနေဘူးဆိုတာ သိသာနေပါပြီ။
? နောက်ပြီးနက္ခက်ဗေဒပညာရှင်ကြီးဟောကိန်းထုတ်ထားတာနဲ့ အခုကျွန်မတို့မြန်မာနိုင်ငံကအဖြစ်ပျက်တွေက အများကြီးတိုက်ဆိုင်နေတာကိုလည်း တွေ့မြင်နေရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူဟောကိန်းထုတ်ထားတဲ့ရက်က နောက်လအတွင်းမှာပဲဆိုတော့ စောင့်ကြည့်ရုံပဲရှိပါတယ်။
?အားလုံးကတော့ ဟောကိန်းကြီးအမှန်တကယ်မဖြစ်လာဖို့ တောင်းဆုပြုနေဆဲပါပဲရှင်❤️
Keep Reading