ယဥ်သီရိလှိုင်(ဆောင်း)
အသိုက်
အပိုင်း ၃
"ကိုကြီး... ကိုကြီးဘယ်တုန်းကပြန်လာတာလဲ အမရောပါတာလား ကိုကြီး အမေလေ အခုဆေးရုံမှာ ပြီးတော့လေ..."
"အေးပါကွာ ကိုကြီးသိပြီးပါပြီ ငိုမနေနဲ့တော့နော် ဇီဝအကုန်ပြောပြတယ် အခုကဒီတုတ်နဲ့ရိုက်ဖို့လို့ကိုကြီးကို"
"ဟင် ဟုတ်တယ် မသိဘူးလေ ကိုကြီးမှန်းမှမသိတာ အမေ့ဆီသွားမယ်လေနော်အာ့ဆို"
"အင်း အဲ့တာထက်ကိုကြီးသိချင်တာမေးမလို့ ကျော်ထင်ကအခုဘာအလုပ်လုပ်နေတာလဲ"
"နီလဲမသိဘူး တခုခုဆိုနီ့အပေါ်မကောင်းကြဘူး ကိုကြီးဒါတွေသိမှာမဟုတ်ဘူး ကိုကြီးဒီမှာမရှိတဲ့ချိန်တွေနီတကယ်စိတ်ဆင်းရဲနေရတာ ကိစ္စတွေအများကြီးဖြစ်သွားတယ် ကိုကြီး အကိုလေးကအရင်လိုမဟုတ်တော့ဘူး"
"အေးပါ ကိုကြီးသူ့ကိုပြောပါ့မယ် "
ကိုကြီးအိမ်ပြန်လာပြီး အမေလည်းနောက်၂ရက်လောက်နေတော့ဆေးရုံဆင်းတယ် လက်ကတော့သိပ်မကောင်းသေးဘူး ရူပါလဲဘော်ဒါကိုခွင့်ယူပြီးအိမ်ပြန်လာတယ် မိန်းကလေးဆိုပေမယ့် ယောကျားလေးလိုနေတတ်တဲ့ကျွန်မရဲ့မောင်လေးက အဖေမရှိထဲက ဘော်ဒါနေမယ်လို့တောင်းဆိုလာတယ် အဖေကရူပါလေးကိုအချစ်ဆုံးလေ အသက်ကြီးမှရတဲ့ကလေးမို့အချစ်ပိုကြတယ် အမေကတော့အခုချိန်ထိအကိုလေးကိုဘဲအရိပ်တကြည့်ကြည့်နဲ့ လိုအပ်တာတွေတောင်းဆိုသမျှအကုန်ပေးဖို့အဆင်သင့်ဘဲ ကျွန်မကကားကုမ္ပဏီက စာရေးပါ အဖေဆုံးသွားတာကြောင့်နိုင်ငံခြားထွက်ဖို့ကိုလက်လွှတ်လိုက်တယ် ရတဲ့အလုပ်လျောက်လိုက်တော့အခုချိန်ထိစာရေးအလုပ်ကိုလုပ်ခဲ့တာ အခုဆို၅နှစ်နီးပါးရှိပြီ ပေါ့ ကိုကြီးကတော့အဖေမဆုံးခင်တည်းက ဒူဘိုင်းကိုစက်ရုံအလုပ်နဲ့ထွက်သွားတယ် အဲ့မှာဘဲအိမ်ထောင်ကျသွားတာအခုဆိုကလေး၂ယောက်တောင်ရနေပါပြီ အိမ်ထောင်ကျသွားပေမယ့်အိမ်ကိုဆက်ထောက်ပံ့နေတယ် ကျွန်မတယောက်တည်းအမေ့ကိုလုပ်ကျွေးမယ်ပြောတော့သူ့ပို့နေတဲ့ငွေကို မြေကွက်ဝယ်ဖို့ဆိုပြီးပို့မြဲပို့တယ် ဇနီးကောင်းရထားလို့တော်သေးတယ်ပြောရမယ် အမကကျွန်မနဲ့လဲသိပ်အဆက်ဆံမရှိဘူး တခါတလေတူမလေးတွေနဲ့ video call ပြောတာရှိပေမယ့် အခုချိန်ထိစကားသေချာမပြောဖူးပါဘူး ကိုလေးမိန်းမကတော့အရင်ကကျွန်မအပေါ်အရမ်းကောင်းတယ် အမေ့ပေါ်ရောလိုလေသေးမရှိဂရုစိုက်ပေးတယ် သူ့ရဲ့အကျင့်စရိုက်မပေါ်ခင်အထိပေါ့ အဲ့တာကအမေနဲ့အဖေရဲ့မဂ်လာဦးလက်စွပ်လေးကို ခိုးသွားတာမိတဲ့နေ့ပေါ့ ဒါတွေကပြီးခဲ့ပါပြီ ကျွန်မအတွေးလွန်နေတုန်း
"ဟိတ် ဘာတွေတွေးနေတုန်း"
"လန့်လိုက်တာ ကိုဇီဝရယ်"
"အမယ် လန့်တယ်ပေါ့ ဘာတွေတွေးနေလို့လဲပြော"
"မဟုတ်ပါဘူး အရင်ကအကြောင်းပါ ကို မနက်ဖြန်အားလား အားရင်နီနဲ့အတူရိပ်သာလိုက်ခဲ့ပါလား"
"ရိပ်သာလား ဘာလုပ်ဖို့ ဟာ sorryကွာ ကိုမေ့သွားတာ နီ စိတ်မဆိုးနဲ့နော် မနက်ဖြန်ကိုတို့anniဘဲ ဘာလိုလိုနဲ့ ၄နှစ်တောင်ရှိပြီနော် "
"အင်း ကိုအားလို့လား မအားရင်ကိုကြီးနဲ့ဘဲသွားလိုက်မယ် အမေ့အတွက်လဲဗေဒင်လေးတွက်ချင်လို့"
"ဟာ ဘာလို့မအားရမှာလဲ မအားလည်းအားအောင်လုပ်မယ် နီ တခါတည်း ကိုတို့အိမ်လိုက်ခဲ့ပါလား အမေကနီ့ကိုခေါ်ခိုင်းထားတာ ကိုမေ့နေလို့"
"ရှင်နော် မေ့တာကလည်းမေ့ဘဲမေ့နိုင်လွန်းတယ် နောက်ဆိုနီ့ပါမေ့တော့မလားမသိဘူး"
"မေ့စရာလား ကို့ချစ်သူလေးကို"
"အဟင်း..."
"အော်ကိုကြီး ထမင်းစားပြီးပြီလား ကျွန်တော်တောင်ပြန်တော့မလို့ ပြန်ပြီနော်နီ"
လူကသာဆရာဝန်တဲ့ အခုချိန်ထိရှပ်ပလာရှပ်ပလာနဲ့ တခါတလေကို့ထက်ငယ်တယ်တောင်ထင်မိတယ်
.........
"ညီမလေး ဇီဝအကြောင်းကိုကြီးမေးစရာရှိတယ်"
"ဟုတ်ကိုကြီး မေးလေ "
"ဇီဝက နောက်နှစ် နယ်ပြောင်းရမှာဆိုဘယ်နယ်လဲ"
"ကျောက်ဆည်လို့ပြောတယ် ဘာဖြစ်လို့လဲကိုကြီး"
"ညီမလေးတို့လဲ ချစ်သူတွေဖြစ်တာကြာပြီ မိန်းကလေးဆိုတာအချိန်တန်ရင် အိမ်ထောင်ပြုရတယ် အချိန်လွန်သွားရင်ဘယ်သူ့အတွက်မှမကောင်းဘူး ဇီဝသဘောထားရောမေးကြည့်လား"
"မမေးပါဘူး ဘာမေးရမှာလဲ သူတောင်သူ့အလုပ်နဲ့သူမအားဘူး နီလဲအမေနဲ့အတူနေမှာလေ ကိုကြီးရယ်စိတ်မစောပါနဲ့ နီအခုမှအသက်သုံးဆယ်နဲ့မှလေးဘဲရှိပါသေးတယ် "
"ညီမလေး အသက်၃၄ဆိုတာငယ်တော့တဲ့အရွယ်မဟုတ်ဘူး အမေ့ကိုစိတ်မပူနဲ့ကိုကြီးလည်းရှိတယ်ရူပါလဲရှိနေတာဘဲအခုဆို ကိုယ့်အတွက်ကိုယ်တွေးပါကွာ ဇီဝမိဘတွေနဲ့ကိုကြီးစကားပြောပြီးပြီ"
"ဟင် ဘယ်တုန်းကလဲဘာပြောလိုက်တာလဲကိုကြီး"
"ညီမလေးတို့လက်ထပ်ဖို့ပေါ့ အမေကလဲသဘောတူတယ် ကိုကြီးမပြန်ခင်ညီမလေးတို့ကိုလက်ထပ်ပေးခဲ့မယ်"
"အလိုလေး ......"
အပိုင်း၄နောက်ရက်တင်ပေးပါမယ်ရှင့်
ချစ်သော readers လေးတွေ?
Keep Reading