Author's Profile Photo

SarPhat Author

28/05/2024

"အဖေ" လို့မခေါ်ထိုက်သူ

1 min read
Life Style
General Knowledge
History

ကျွန်တော့ဘဝမှာအဖေဆိုတာမရှိတော့ဘူး....

"အဖေ "လို့ခေါ်ခွင့်မရှိတော့ဘူး
ဒီလိုပဲအဖေခေါ်တယ့် "သမီးငယ် "ဆိုတယ့်အသံလည်း မကြားရတော့ဘူး...

ကျွန်တော်တွေးမိတာက ဘာလည်းဆိုတော့
ကိုယ့်ကိုယ်ကိုယ် အဖေမရှိတော့တယ့်နောက်ပိုင်း ငါက"အဖေ"မခေါ်ထိုက်လို့​အဖေ မရှိတော့တာလို့ငိုရင်း ၊ဝမ်းနည်းရင်း တွေးမိနေတယ်......
ကျွန်တော်တွေးတာကလေငါဟာ "အဖေ့မေတ္တာနဲ့မတန်လို့"အသက်ငယ်ငယ်ရွယ်ရွယ်မှာ အဖေနဲ့ခွဲခွာရတာလို့တွေးမိတယ်
အဖေဆိုရင်လေကျွန်တော်တို့အပေါ်မှာ မေတ္တာဓာတ်တွေပြည့်တာဆိုတာထက်ကိုလွန်ပါတယ်။ကိူယ်ကတော့အဖေ့မေတ္တာတွေအပေါ်မသိတက်တယ့်အပြင် အဖေ့အပေါ်ထင်မြင်မှု လွဲမှားတက်ပြီးအဖေ့အပေါ်အများကြီးမှားခဲ့ပါတယ်။
အဖေရေ..အဖေမရှိတော့မှ အဖေ့အပေါ်မှာမှားခဲ့တယ့် ကာရကံ ၊ဝဇီကံ၊မနောကံ ကံပါးပါးထဲမှ ဝဇီကံနှင့်မနောကံတော့မှားခဲ့ပါတယ်အဖေ သမီးတောင်းပန်ပါတယ်နော် ။နောင်တတွေလည်းရနေပါပြီအဖေ။
ပြီးတော့သမီးအဖေ့အပေါ် လုပ်လည်းမကျွေးခွင့်မရခဲ့ပါဘူး။အာ့တာလည်းကံပေါ့အဖေရေ လုပ်ကျွေးခွင့်တောင်မရတယ့်သမီးပါ။
အဖေကသာ သမီးတို့အပေါ် ဆင်းရဲနွမ်းပါးပြီးရှာကျွေးခဲ့တယ့်အဖေပါ။

သမီးအဖေဆုံးပါးပြီးနောက်မှသိရတယ့်နောင်တအတွက် သမီးသည် အဖေ့မေတ္တာကိုပိုသိလာ၍ သမီးပိုက်ဆံရှာနိုင်တယ့်တစ်နေ့ အဖေ့အတွက် သမီးတက်နိုင်သလောက်ကုသိုလ်လုပ်ပေးမှာပါအဖေ။

ဖြစ်နိုင်ရင်တော့ သက်ရှိထင်ရှားရှိပြီးမဖေ့ကိုပျော်ရွှင်မှုတွေဖန်တီးပေးချင်တာပါ။

စာဖတ်သူတို့လည်းကိုယ့်မိဘရှိတုန်းအချိန်လေမှာပျော်ရွှင်မှုတွေ အများကြီးဖန်းတီးပေးနိုင်ကြပါစေ။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်အဆုံးသည်......အသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်