SarPhat Author
အပိုင်း(၂)
ကျွန်မတို့ မိန်းမသားတွေဟာ အိမ်ထောင်ရေးဆိုတဲ့ ချောက်ကမ်း ပါးမျိုးကို တိုးဝင်ဖို့ ကြိုးစားနေကြတယ်။ တိုးလည်းတိုးဝင်နေကြတယ်။ အကြောင်းကတော့ တိုးဝင်မိနေတဲ့ ချောက်ကမ်းပါးရဲ့အဆုံးမှာ အလင်းဆိုတဲ့ အနာဂါတ်ကို တွေ့လိုတွေ့ငြားပေါ့။
မိတ်ဆွေတို့ကို ကျွန်မ တစ်ခုပြောပြချင်တယ်။
လက်ရှိ ကျွန်မကြုံခဲ့ရတာ တကယ် ချောက်ကမ်းပါးကြီး တစ်ခုလိုပါပဲ။ ကျွန်မ ဘာအလင်းမှလည်း မတွေ့ခဲ့ရပါဘူး။
စကားလုံးတွေမှာစိတ်ကိုကုစားပေးနိုင်တဲ့ စွမ်းအားတွေရှိနေတာကို ကျွန်မသိလိုက်ရတယ်။ အမေက ကျွန်မကို
''ဘဝမှာ လက်ရှိကြုံနေရတဲ့အဆိုး အကောင်းတွေဟာ ခဏတာပါပဲ'' လို့ ပြောခဲ့တာရှိတယ်။
ဒီတော့ စိတ်ပူပင်သောကတွေ၊ ဝမ်းနည်းပူဆွေးမှုတွေ ဒါမှမဟုတ်ရင်လည်း တခြားဘယ်လိုပဲ ကြုံတွေ့ရပါစေ...အမေ့ရဲ့မှော်ဆန်တဲ့စကားလုံးတွေက ကျွန်မအတွက်အရမ်းကို ခွန်အားဖြစ်စေခဲ့ပါတယ်။
ဒီလိုနဲ့ တစ်ချိန်လုံး ဖုံးကွယ်နေတဲ့ ကျွန်မမျက်နာပေါ်က အပြုံးတွေကို ပြန်လည်အသက်သွင်းဖို့ကြိုးစာလာမိတယ်။ မျက်နာပေါ်မှာ ထင်ဟတ်နေတဲ့ နာကျင်မှုတွေကို သိုဝှက်ဖို့ ကြိုးစားရတာဟာလည်း အလွန်ပင် ခက်ခဲ့လှပါတယ်။
ကျွန်မလက်မြောက်အရှုံးပေးလိုက်ရင် စိတ်ဓာတ်ကျစရာတွေက ကျွန်မရဲ့မသားစုတွေကိုပါ ကူးစက်ကုန်ကြရတော့မှာကို ကျွန်မသိနေတယ်။သူတို့တွေ ကျွန်မနဲ့အတူ လိုက်ငို နေကြရမှာကိုလည်း ကျွန်မ မကြည့်ရက်ဘူး။
ဒီတော့ ဘာဆက်မြစ်မလဲဆိုတာ တစ်နေ့ ကျွန်မအစ်ကို မေးဖူးတယ် ၊ ကျွန်မသိတာကတော့ ကျွန်မမှာ ချွတ်ယွင်းနေတဲ့ လက်တစ်စုံရှိတယ် ဆိုတာပါပဲ။ ဒါပေမည့် ဆေးရုံထဲမှ ဟိုးအဖြူရောင်နံရံတွေ ကြည့်နေရတာငြိီးငွေ့ရ သလို အဖြူရောင်ပိတ်စတွေပတ်ထားရတာလည်း ငြီးငွေ့ နေမိတယ်။
ဘဝကိုအရောင်တွေနဲ့ ပေါင်းထည့်ထားချင်တယ်။ တစ်ခုခု လုပ်ချင်တယ်။အရောင်တွေယူလာပေးကြပါ။ ဖယောင်းတိုင်လေးတွေယူလာပေးကြပါ၊ ကျွန်မပန်းချိီဆွဲချင်ပါတယ်။
ဒီလိုနဲ့ ကျွန်မရဲ့သေခါနီးခုံတင်ပေါ်မှာပဲ ကျွန်မရဲ့ပထမဆုံးပန်းချီကားကို ရေးဆွဲ ဖြစ်သွားတယ်။ ဒါဟာအနုပညာရဲ့အစိပ်ပိုင်းတစ်ခုတည်းတင်မကပဲ ကျွန်မရဲ့စိတ်အားထက်သန်မှုဆိုလည်းမမှားပါဘူး ။ အဲဒါက ကျွန်မရဲ့ကုထုံးလည်းဖြစ်တယ်၊ အံဖွယ်ကုထုံးတစ်မျိုးပေါ့။စကားလုံးတစ်လုံးမှမပြောဘဲ ကျွန်မနှလုံးသားကိုနှစ်ထားပြီး ပန်းချီးရေးနိုင်လာတယ်။ကျွန်မရဲ့ဘဝဇာတ်ကြောင်းကိုလည်း ကိုမျှဝေနိုင်လာတယ်။
လူတွေက လာပြောကြတာပေါ့ '' ပန်းချိီကားလေးက ချစ်စရာကောင်းလိုက်တာ! ကာလာတွေများလိုက်တာ!''
ဒါပေမဲ့ ဘယ်ကသူမှ ပန်းချီးကားထဲကသောက ကို မမြင်ကြဘူး။ ကျွန်မလောက်သာ ---
ဆိုတော့ အဲတာတွေဟာ ကျွန်မဆေးရုံမှာ နှစ်လခွဲတာ ဖြတ်သန်းခဲ့ရတဲ့အရာတွေပါ၊ ငိုတာတွေ၊ ညည်းညူတာမျိုး ဘယ်တော့မလုပ်ဘူး၊ ပန်းချီပဲ ဆွဲနေတော့တယ်။
အဲဒါနင့်ပဲ ကျွန်မဆေးရုံက ဆင်းခွင်ရတော့ အိမ်ကိုပဲ တန်းပြန်လာခဲတယ်။
အိမ်ကိုရောက်တော့မှ ကျွန်မရဲ့တင်ပါးဆုံ နှင့် ကျောရိုးပေါ်က ရောင်ရမ်းနေတဲ့ ပြည်တည်နာတွေကို အများကြီးတိုးတက်လာအောင် လုပ်ရမယ်ဆိုတာကို သိလိုက်ရတယ်။ ထိုင်လို့လည်းမရ၊ ခန္ဓာကိုယ်ထဲမှာလည်း ကူးစက် ရောဂါပိုးတွေကလည်းတစ်ပုံတစ်ပင်၊ မတည့်တာတွေလည်းရှိတာပေါ့။
ဆရာဝန်တွေကတော့ ကျွန်မကို အိပ်ရာထဲမှာပဲ လဲဲလျောင်းစေချင်ကြတယ်။ ခြောက်လမဟုတ်။ ၁ နှစ်လည်းမဟုတ်။ ၂နှစ်ကြီးများ တောင်။ အခန်းတစ်ခန်းထဲမှာပဲ ပိတ်လှောင်ပြီး အိပ်ရာပေါ်မှာ ကုန်းလိုက်ကွလိုက်၊ ပြတင်းပေါက်အပြင်ကိုလှမ်းငေးကြည့်လိုက်၊ ငှက်ကလေးတွေ တေးဆိုသံကိုနားထောင်လိုက် နှင့် မိသားစုနှင့် အပြင်ကိုထွက်ပြီး သဘာဝအလှအပတွေကိုခံစားနိုင်ဖို့ အချိန်တစ်ခုရနိုင်ပါ့မလားလို့ တွေးနေမိတယ်။
ကျွန်မအခန်းထဲမှာ နေနေရချိန်မှာတော့ လူတွေဟာ အရမ်းကံကောင်းနေကြပါလားပေါ့။ ဒါပေမည့် သူတို့ကတော့ ကျွန်မရဲ့ အဖြစ်သနစ်ကို နားလည်ပုံမရကြဘူး။
ဒါကြောင့် ကျွန်မ နလံထူလာနိုင်တဲ့တစ်နေ့၊ သူတို့တွေဘယ်လောက်တောင် ကံထူးကြသလည်းဆိုကို သိစေချင်လို့ ကျွန်မရဲ့ကိုယ်တွေ့ နာကျင်မှုဝေဒနာတွေကို လူတိုင်းကို မျှဝေပေးချင်စိတ်တွေ တဖွားဖွား ဖြစ်ပေါ်နေမိတယ်။ လူတွေကတော့ သူတိုကိုယ်သူတို့ ကံကောင်တယ်လို့တောင် ထင်မိကြမှာ မဟုတ်ကြပါဘူး။
ဘဝမှာလည်းအလှည့်အပြောင်းဆိုတာ အမြဲတမ်းရှိကြပါတယ်၊ ကျွန်မမှာတော့ ဘဝကို အသစ်ကကနေ ပြန်ရတော့မှာလေ။ ၂ နှစ် နှင့် ၂ လခွဲကြာပြီးတဲ့အချိန်မှာတော့ ကျွန်မ ဘီးတပ်ကုလားထိုင်မှာ ထိုင်နိုင်လာတယ်။ အဲ့ဒီနေ့ကတော့ ကျွန်မကို အသစ်တဖန် ပြန်လည်မွေးဖွားပေးခဲ့တဲ့ နေ့သစ်တနေ့ပါပဲ။
kyi San Khin
Keep Reading