Author's Profile Photo

SarPhat Author

27/05/2024

စည်းကမ်း ဟူသည် လူ့တန်းဖိုး

1 min read
Life Style



"စည်းကမ်းရှိမှ တိုးတက်မည်" ဆိုတဲ့အတိုင်း လူဆိုတာ စည်းကမ်းရှိမှ အောင်မြင်တိုးတက်နိုင်တယ် လို့ ကျွန်မကတော့ ယူဆတယ်။ စည်းကမ်း မရှိတဲ့ လူတစ်ယောက်နဲ့ စည်းကမ်း ရှိတဲ့ လူတစ်ယောက်ကို နှိုင်းယှဥ်ကြည့်လိုက်တဲ့ အခါမှ အရမ်း ကွာခြားနေတာကို တွေ့ရပါလိမ့်မယ်။
အဲ့လို စည်းကမ်းရှိဖို့ ဆိုတာကလည်း ငယ်စဥ်တောင်ကျေး ကလေးဘဝအချိန် ကတည်းက လူကြီး မိဘဆရာတွေရဲ့ သွန်သင်ဆုံးမပေးရပါလိမ့်မယ်။
လူကြီး၊မိဘ၊ဆရာ တွေသာ မိမိကလေးတွေကို စည်းကမ်းရှိစေဖို့ ကောင်း မွန်စွာ မသင်ကြားပေးခဲ့ရင် အဲ့ဒီကလေးရဲ့ နောက်လာမဲ့ ဘဝခရီးလမ်းဟာ ခေါင်းမပါလာတဲ့ လူတစ်ယောက် ကဲ့သို့ ဖြစ်သွားနိုင်ပါတယ်။
ဘာကြောင့်လဲ....?

အဲ့ဒီကလေးအနေနဲ့ ငယ်စဥ်ကတည်းက စည်းကမ်းရှိအောင် ဘယ်လိုနေထိုင်ပြုမူရမလဲ၊ စည်းကမ်းဆိုတာ ဘာလဲ ဆိုတာသေချာ မသင်ကြားခဲ့ရတဲ့ အတွက် နောင်တစ်ချိန်မှာ လူအများရဲ့ ချီးကျူး လေးစားခြင်းကို မခံရတဲ့ အပြင် လူအများရဲ့ ပြစ်တင် ရှုတ်ချခြင်းကို တောင်ပြန်လည် ခံရမှာ ​ဖြစ်ပါတယ်။

အဲ့လို စည်းကမ်း ရှိဖို့ သင်ကြားပေးတဲ့ အခါမှာ စည်းစနစ်ကျကျနဲ့ သင်ကြားပေးဖို့ အရမ်းအရေးကြီးပါတယ်။ တစ်ချို့သော လူကြီး၊မိဘ တွေက ကလေးတွေကို စည်းကမ်း ရှိဖို့သင်ကြားပေးတဲ့အခါမှာ အလိုလိုက်ပြီး ကလေးလုပ်ချင်တာတွေကို အဓိကပေးလုပ်နေတာတွေ ကိုကျွန်မ ကိုယ်တိုင်မြင်တွေ့ခဲ့ဖူးပါတယ်။ တစ်ချို့ မိဘတွေကျပြန်တော့ သူတို့ရဲ့ ကလေးတွေကို စည်းကမ်းရှိဖို့ စနစ်တကျနဲ့မှန်မှန်ကန်ကန် သင်ကြားနေကြတာတွေလည်း ရှိပါတယ်။ ဒါကြောင့် ကလေးတွေကို စည်းကမ်း ရှိဖို့သင်ကြားပေးတဲ့အခါမှာ ကလေးတွေကို ချစ်တာပဲ ဖြစ်ပါစေ နစ်တာမဖြစ်ဖို့ အရေးကြီးပါတယ်။
"အစကောင်းမှ အနှောင်း သေချာ" ဆိုသလို ကလေးတစ်ယောက်ကို ငယ်ရွယ်စဥ်ကတည်းက စည်းကမ်း ရှိဖို့စနစ်တကျ သင်ကြားပေးခဲ့ရင် ဒီကလေးဟာ နောင်အချိန်အခါမှာ ကိုယ့်နိုင်ငံ၊ ကိုယ့်မိသားစု အတွက်ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာနိုင်ပါတယ်
အချုပ် အားဖြင့် လူတစ်ယောက် စည်းကမ်း ရှိမှသာ လျှင်တိုးတက်အောင်မြင်တဲ့ ဘဝကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ အဲ့လိုတိုးတက် ကောင်းမွန်တဲ့ လူတစ်ယောက် ဖြစ်လာဖို့ ငယ်စဥ်ကတည်းက သွန်သင်ဆုံးမ လမ်းပြပေးနိုင်ဖို့ အရမ်း အရေးကြီးပါတယ်။

Jue

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)