Author's Profile Photo

SarPhat Author

27/05/2024

Iron Lady (သို့မဟုတ်) ဘဝကိုအရှုံးမပေးတဲ့သူ

3 mins read
Life Style
Personal Development
General Knowledge
Iron Lady (သို့မဟုတ်) ဘဝကိုအရှုံးမပေးတဲ့သူ's photo

အပိုင်း(၁)

ကျွန်မ အသက် ၁၈ နှစ်မှာ အိမ်ထောင်ရှင်ဘဝကို ရောက်ခဲ့ရတယ် ။ ကျွန်မရဲ့ မိဘတွေက အရမ်းရှေးရိုးဆန်ပြီး အယူသည်းကြပါတယ်။ လိမ်မာတဲ့ သမီးမိန်ကလေးဆိုတာ မိဘတွေအပေါ်မှာ ''No'' ဆိုတဲ့ စကားမျိုဘယ်တေ့မှ မပြောရဘူးတဲ့လေ။

ကျွန်မကို အဖေက အိမ်ထောင်ချပေးချင်တယ်၊ အားလုံးကိုကျွန်မပြောလိုတာကတော့ အဖေတို့က စိတ်ချမ်းသာမယ်ဆိုရင် ကျွန်မကလည်း '' YES'' ပဲပေါ့။
တကယ်တော့ ပျော်ရွင်တဲ့အိမ်ထောင်ရေးတစ်ခု ဘယ်တေ့ာမှ ဖြစ်မလာခဲ့ပါဘူး။

ကုန်လွန်ခဲ့တဲ့ ၉ နှစ်တာကာလ၊ လက်ထပ်ပြီး ၂ နှစ်လောက်ကြာတော့ ကျွန်မတို့ ကားအက်ဆီးဒင့်ဖြစ်တယ်။ဘာလို့လည်းဆိုတော့ ယောကျ်ားက ကားမောင်းရင်း အိပ်ပျော်နေတယ်လေ။ ကျွန်မတို့ ကားက ရေမြောင်းထဲ ထိုးကျသွားတယ်။ သူကတော့ သူ့ဘာသာသူ ကားထဲက မရမကရုံးထွက်ပြီး လွတ်သွားတာယ်။ ကျွန်မကတော့ သူကားထဲကထွက်နိုင်တော့ ပျော်မိတာပေါ့ ။ ဒါပေမဲ့ ကျွန်မမှာတော့ ဒဏ်ရာတွေ ဗလာပွနှင့် ကားထဲမှာ လှောင်ပိတ်နေခဲ့ရတယ်။ဒဏ်ရာတွေက အရမ်းများလို့ အသေးစိတ်ကိုတောင် ချမပြနိုင်လောက်အောင်ပါပဲ...။ ခုကတော့ အားလုံးအဆင်ပြေ သွားခဲ့ပါပြီ။

ကျွန်မရဲ့ညာဖက်လက်မောင်း၊ လက်ကောက်ဝတ်၊ ပခုံးရိုး၊ ညှပ်ရိုးတွေ ၊နံရိုးတွေ အကုန်လုံး ရစရာမရှိလောက်အောင် ကျိုးပဲ့ကုန်တယ်။ နောက်ပြီး နံရိုးအုံဒဏ်ရာကြောင့် အဆုပ်တွေ၊ အသဲတွေလည်းဆိုးဆိုးဝါးဝါးကြီးကို ထိခိုက်ခဲ့ရတယ်။အသက်တောင်ရူလို့မရနိုင်လောက်အောင်ပါပဲ။ ကျွန်မရဲ့ဆိီးသွားလမ်းအထိမ်း (ဆီးအိမ်)ကိုလည်း ဆုံးရှုံးခဲ့ရတယ်။ဒါကြောင့် ဘယ်သွားသွား ဆီးအိပ်ကို အမြဲတပ်ထားရတယ်။

ဒါပေမယ့် အဲ့ဒီဒဏ်ရာတွေက ကျွန်မကိုရော၊ ကျွန်မရဲ့ဘဝကိုပါ ပီပြင်လေးနက်တဲ့ လူသားတစ်ယောက်အဖြစ် လုံးဝပြောင်လဲသွားစေခဲ့ပါတယ်။ ကျွန်မရဲ့ ကျောရိုးကဒဏ်ရာတွေက ကျွန်မဘဝရဲ့ အမြင်တွေကိုပါပြောင်လဲသွားစေခဲ့ပါတယ်။ကျွန်မရဲ့ မွေးရာပါ ကျောရိုးတွေကတော့ လုံးဝပျက်စီးသွာခဲရတယ်။ ကျွန်မရဲ့လက်ကျန်ဘဝအတွက် အကြိုးသေ လေဖြတ်သူပမာ နေရတော့မှာကို တွေးရင်းဝမ်းနည်းမဆုံးအောင်ဖြစ်ခဲ့မိတယ်။

ဖြစ်တာက အလွန်ဝေးလံခေါင်သီတဲ့ ဒေသတစ်ခုဖြစ်တဲ့ Balochistan ပြည်နယ် အလွန်နား​လေးမှာ ဖြစ်ခဲ့တာ။ အဲ့ဒီ​ပြည်နယ်မှ ဦးစားပေး အကူအညီဆိုတာလည်းမရှိ။ဆေးရုံလည်းမရှိ။ လူနာတင်ကားလည်းမရှိ။ ကျွန်မလည်း ကားပျက်ကြီးထဲမှာ ပိတ်မိနေခဲ့ရတာပဲပေါ့။ လူ​တွေတော်တော်များများကတော့ ကယ်ထုပ်ဖိုလာ​ကြပါတယ်။ သူတို့က ကျွန်မကို CPR ကိုပေးတယ်။ ​ပြီးတော့ကျွန်မကို ကားထဲကဆွဲထုတ်ကြတယ်။သူတို့က ကျွန်မကိုကားထဲကဆွဲထုပ်နေတုန်းမှာ (နဂိုပြတ်လုလု) ကျောရိုးအာရုံကြောမကြီးလည်း လုံးလုံးပြတ်ထွက်သွားပါတယ်။

“ဒီမှာထားလို့မရဘူး​လေ ၊ ထားရင် သူသေသွားမှာပေါ့၊ဒါဆိုဘယ်ကိုသွားသင့်လဲ၊ လူနာတင်ကားလည်းမရှိဘူး။ လမ်းထောင့်မှာ ရပ်နေတဲ့လေးဘီးကားကြီး ရှိတယ်။ ဒီမိန်းကလေးကို ကားရဲ့နောက်ခန်းမှာထားလိုက် ၊ဒီကနေ သွားရင် ဆေးရုံရောက်ဖို့ ၃နာရီလောက်ကြာမယ်” ဆိုပြီး အဲဒီမှာ သူတိုက အငြင်းခုံတွေတောင် ဖြစ်နေလေသေး ရဲ့။

တဒုံးဒုံး၊တဒိုင်းဒိိုင်းနှင့် ကားတင်မောင်းနေတာကို ကျွန်မအမှတ်ရနေဆဲပါ။ ကျွန်မမှာတော့ ညက်ညက်ကြေလို့။ သူတိုက ကျွန်မကို ကားနောက်ခန်းထဲပစ်သွင်းပြီးတော့ ဆေးရုံကိုအပြေးအလွားပို့ပေးရှာတယ်။ အဲဒီတော့မှ ကျွန်မ ခန္ဓာကိုယ်တစ်ဝက်လောက်ဟာ တစ်စစီ ကျိုးပဲ့​​ပြီး လှုပ်လို့မရတော့ဘူးဆိုတာကိုလည်း သိလိုက်ရပါတယ်။

ဆေးရုံမှာ နှစ်လခွဲလောက် နေခဲ့ရပြီး နောက်တော့ ဆေးရုံကဆင်လာခဲ့ရပါတယ်... ။ အမျိုးမျိုးခွဲစိတ်ကုသမှုကိုလည်း ခံယူခဲ့ရတယ်။ ဆရာဝန်တွေ ကတော့ ကျွန်မရဲ့ကျောရိုးနှင့်လက်မောင်း တွေထဲမှာ တိုက်တေနီယံသတ္တု တွေကို အစားထိုးထည့်ပေးကြတယ်။ ဒါကြောင့်လည်း ပါကစ်စတန်ပြည်သူတွေက ကျွန်မကို ''Iron Lady''လို့ပြောစမှတ်ပြုကြတာပေါ့။

ကျွန်မအနေနဲ့ အဲဒါ တွေအားလုံးကို လွယ်လွယ်နှင် ပြန်ပြောပြလို ရနိိုင်တာကိုလည်း အံသြ မိပါတယ်။ တစ်ချို့ကတော့ ကျွန်မရဲ့ အဖြစ်သနစ်ကို မျှဝေပေးတာဟာ စိတ်မကောင်းစရာ မဟုတ်ဘူး မှန်တယ်လို့ ထောက်ခံကြတယ်။ ဝမ်းမနည်းမိစေဖို့ နှင့်စိတ်သက်သာရာရနိုင်ဖို့အတွက်လားတော့ မသိပါ။

ဆေးရုံမှာ နှစ်လခွဲ့ ရှိနေတုန်းကတော့ သေလုမတတ်လောက်အောင်ပါပဲ။ ဒါက ကျွန်မရဲ့ ဇတ်ကြောင်းတွေ ထွင်ပြီးပြောပြနေတာတော့ မဟုတ်ပါဘူး။ တကယ်ပဲ ကျွန်မ စိတ်ဓာတ်ကျခဲ့ရလို့ပါ။

တနေ့ဆရာဝန် ကျွန်မဆီကိုလာပြီးပြောရှာတယ်၊

မင်းက ပန်းချီဆရာမဖြစ်ချင်တယ် လို့ ငါကြားထားတယ်။ ဒါဆိုရင် အိမ်ထောင်သည် ဘဝကို စွန့်လွတ်လိုက်ပါ။ ကျွန်တော် စိတ်မကောင်းပါဘူး၊ မင်းအနေနဲ့ နောက်ထပ် ပန်းချိီဆွဲလို့နိုင်မှာ မဟုတ်ပါဘူး၊ ဘာလို့လည်းဆိုတော့ မင်းရဲ့လက်ကောက်ဝတ်နှင့် လက်မောင်းတွေ ဟာ အရမ်းကို ပုံပျက်၊ပန်းပျက် ပျက်စီးသွားလို့ပါ။ ​ဒီတော့ စုပ်တံကို နောက်တဖန် ထိမ်းကိုင်ဖို့ ဘယ်လိုမှရနိုင်မှာမဟုတ်ဘူး '' တဲ့လေ။

ကျွန်မ မှင်သက်မိသွားရတယ်။

နောက်တစ်နေမှာ ဆရာဝန်လာပြီးပြောပြန်တယ်

'' မင်းရဲ့ကျောရိုးဒဏ်ရာဟာ အရမ်းကို ပျက်စီးသွားလို့ လမ်းလျောက်လို့ရမှာမဟုတ်ဘူး'' တဲ့။

ကျွန်မပင့်သက်ကို အလေးအနက်ချလိုက်တယ်...

''ဟုတ်ကဲ့ပါရှင့် ရပါတယ်'' လို့ပဲ ကျွန်မပြန်ပြောလိုက်ပါတယ်။

နောက်တစ်နေ့မှာလည်း ဆရာဝန်က

''မင်းရဲ့ကျောရိုးဒဏ်ရာတွေနှင့် မင်းရဲ့နောက်ကျောမှာထည့်ထားတဲ့ ပစ္စည်း တွေကြောင့် နောက်ထပ်ခလေးမွေးလို့ရနိုင်မဟုတ်ဘူး '' လို့ ပြောပြန်တယ်။

အဲဒီနေ့က ကျွန်မယူကျုံးမရလောက်အောင်ဝမ်းနည်းခဲ့ရတယ်။ ကျွန်မအမှတ်ရနေဆဲပါ။ အမေ့ကိုလည်းမေးမိတယ်။ ငါဆိုတဲ့ ''မိန်းမ'' ဒီလောကထဲမှာရှိနေရတာ ဘာကြောင့်လဲပေါ့။

ငါ ဘာကြောင်အသက်ရှင်နေရတာလည်း? အသက်ရှင်သန်ရခြင်းရဲ့အဓိပ္ပါယ်က ဘာတွေ လည်း? လမ်းလည်းမလျှေက်နိုင်တော့ဘူး။ ပန်းချီလည်းကောင်းကောင်းမဆွဲနိုင်တော့ဘူး။ မိခင်တစ်ယောက်လည်းမဖြစ်နိုင်ဘူး။ ကလေးမရှိရင် မပြည်စုံဘူးဆိုတဲ့ အမျိုးသမီးအဖြစ်ကို ခေါင်းထဲမှာ ထည့်တတ်ကြတဲ့ ကျွန်မတို့ရဲ့ လူ့အဖွဲ့စည်းမှာတော့ ဒီလိုမျိုး အတွေခေါ်တွေ ရှိနေကြတယ်လေ။

ကျွန်မကို ကွာရှင်းခွင့်တောင်လာတော့မှာကိုလည်း လူတွေက စိုးရိမ်ကြောင်းကြနေကြ​တယ်။ ဘာတွေဖြစ်လာမလဲပေါ့။ ဘာကြောင့် ကျွန်မက ဒီလိုမျိုး အဖြစ်ဆိုးနဲ့ အသက်ရှင်နေရတာလည်း။ စသည်စသည် အားဖြင့်ပေါ့။

အောက်ပါ Youtube link ကို ဘာသာပြန်ဆိုပါတယ်။

https://youtu.be/LIF5BnugxYM?si=wDX5Kx6pvjgCGQu1

Kyi San Khin

Keep Reading

ဒေါင်လိုက်ဒရာမာ (Vertical Drama)အချိန်ဆွဲတာကိုကုစားမယ် ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ဓာတ်ကျနေတဲ့အခါစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း