Author's Profile Photo

SarPhat Author

27/05/2024

ကံ

1 min read
Life Style
ကံ's photo

သူကအမြဲကံကောင်းတယ်နော် ဘာပဲလုပ်လုပ်
ငါများ ဒီတစ်သက် ကောင်းတဲ့ကံတေပါမလာဘူးထင်ပါရဲ့ အမြဲပဲကံဆိုးနေတာပဲ
ဒီလိုပဲကျွန်မတို့ပတ်ဝန်းကျင်မှာ ကံဆိုတဲ့စကားလုံး ကိုအတွင်တွင်ပြောနေကြတယ်
ကံဆိုတာဘာလဲ ? ကျွန်မကတော့ကံဆိုတာကို အလုပ်လို့မြင်တယ် ကျွန်မတို့ပါတ်ဝန်းကျင်မှာသတ္တဝါတွေဆူကြုံနိမ့်မြင့်ကွဲပြားခြားနားနေတာ သူတို့ကိုယ်တိုင်ပေါ်မှာပဲမူတည်နေပါတယ်
သတ္တဝါအသီးသီးရဲ့လုပ်ဆောင်ချက်တွေကိုကံတရားလို့ခေါ်တယ်တဲ့
ကျွန်မတို့တခြားလူတွေကိုကောင်းကောင်းဆက်ဆံရင်ဖော်ဖော်ရွေရွေဆက်ဆံရင် ဂရုဏာတရားထားရင် မေတ္တာထားရင် တခြားလူတွေကလဲကျွန်မတို့ အပေါ်ကို ပြန်ကောင်းပေးမှာပေါ့ ကျွန်မတို့ဒုက္ခရာက်နေရင် ကူညီမဲ့သူမရှားဘူးပေါ့ ဒါကျွန်မတို့ကံကောင်းတာပဲလေ
ပါချုပ်ဆရာတော်ဘုရားကြီးဟောဖူးတယ် အလုပ်ကောင်းရင်ကံကောင်းမယ်တဲ့
ကိုယ်ကံကောင်းချင်တယ်မလား ကိုယ်လုပ်တဲ့အလုပ်တွေကိုကောင်းအောင်လုပ်လေ
ကိုယ်ကတော့ကောင်းတဲ့အလုပ်တွေမလုပ်ပဲ ကံကောင်းချင်နေလို့မှမရတာ ၊ ကောင်းတဲ့ကံတွေရောက်လာပါစေလို့ ထိုင်ပြီးဆုတောင်းနေလို့မှမရတာ ၊ ကောင်းတဲ့အလုပ်ကိုလုပ် စိတ်ထားကောင်းကောင်းထား မေတ္တာတွေထားရမှာပေါ့
ကိုယ်ကကောင်းတာတွေ ဘယ်လောက်ပဲလုပ်လုပ် ကံမကောင်းနေဘူးဆိုရင် အဲ့တာ အတိတ်က မကောင်းခဲ့တဲ့ ဝဋ်ကြွေးတွေဆပ်နေရလို့ပါ
အဲ့တာကြောင့် ကိုယ်အခုချိန်မှာကံဆိုးနေတယ်ပဲထားအုံး ကောင်းမှုကုသိုလ်တွေကိုသာ ဆက်တိုက်ပြုလုပ်ပေးပါ ကိုယ်လုပ်လိုက်တဲ့ထိုကောင်းမှုတွေက ယခုချက်ချင်းမဟုတ်ရင်တောင် တချိန်မှာ ကောင်းသောအကျိုးတွေပေးလာပါလိမ့်မယ်

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေး‘မိအေး နှစ်ခါနာတဲ့ Victim များ’စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်သုံးဆယ့်လေး-နေ့စဉ်နဲ့အမျှကြိုးစားခြင်းစာစောင်သုံးဆယ့်ခုနစ်-အဆိုးထဲကအကောင်းစာစောင်လေးဆယ့်ကိုး - ဘဝရဲ့အစိုးမရမှု ကွယ်ဝှက်ထားသော စိတ်ဒဏ်ရာများစာစောင်လေးဆယ် - အလိုကြီးအရနည်း မပြိုင်ပါနဲ့ဖန်တီးပါ