Author's Profile Photo

SarPhat Author

27/05/2024

ရေးစရာတွေ မကုန်သွားပေမယ့် သောက်နေတဲ့ ကော်ဖီကတော့ ကုန်ကုန် သွားတယ် ဆိုတဲ့ စာရေးသူ တွေအတွက်

1 min read
Life Style
Health
ရေးစရာတွေ မကုန်သွားပေမယ့် သောက်နေတဲ့ ကော်ဖီကတော့ ကုန်ကုန် သွားတယ် ဆိုတဲ့ စာရေးသူ တွေအတွက်'s photo

ကိုယ်က Coffee ကြိုက်တဲ့
သူတစ်ယောက်ဆိုရင် ☕

Ready-made instant coffee
တွေအစား‌ Coffee မှုန့်စစ်စစ်ကို
ဖျော်သောက်ဖို့ ကြိုးစားကြည့်ပါ

ကော်ဖီရဲ့ ခါးသက်‌တဲ့အရသာလေးကို
နှစ်နှစ်ခြိုက်ခြိုက် ခံစားတတ်တဲ့သူက
လူနည်းစုပဲ ရှိကြတာ မဟုတ်လား

Coffee သောက်တယ်ဆိုတာ..
အထုတ်ကလေး ဖောက်‌ထည့်
အိတ်ခွံနဲ့ပဲ ပြန်မွှေပြီး
အိပ်ချင်ပြေရုံ သောက်လို့ရတာထက်
အများကြီး ပိုပါတယ်

Coffee ဆိုတာ..
တမြေ့မြေ့ အရသာခံ
သောက်လို့ရတဲ့ ဇိမ်ခံပစ္စည်း..

ဒါကို ကော်ဖီက...
ရနံ့အားဖြင့်လည်း စေ့ဆော်ရင်း
အရသာအားဖြင့်လည်း သိစေရင်း

"ငါ့ကို သေချာခံစားကြည့်ပါ"
လို့ တဖွဖွ ‌ပြောနေရှာတယ်

ကိုယ့်လက်ထဲမှာ
ကော်ဖီတစ်ခွက်ရောက်နေပြီဆိုရင်

အမှတ်တရတွေထဲလည်း
ပြန်သွားလို့ရတယ်

ကမ္ဘာပတ်ပြီး ခရီးတွေလည်း
ထွက်ပစ်လိုက်လို့ ရတယ်

ကော်ဖီတစ်ခွက် မကုန်မချင်း
အရာရာကို ခံစားကြည့်လို့
ရနေတာပဲ ဥစ္စာ

ကိုယ် ကြိုက်တဲ့ ကော်ဖီက
ကိုယ့်ကို ထိခိုက်မနေစေရင်
ပိုလို့ မကောင်းဘူးလား‌လေနော်

ဈေးကွက်ထဲ အလွယ်ရတဲ့
အသင့်ဖျော် ကော်ဖီတွေမှာ

အချို တအားများတယ် ပြီးတော့
ဘာတွေ ထပ်ပေါင်းထည့်ထားလဲ
လည်း သေချာ မသိနိုင်ဘူး

တစ်ခါတလေ သောက်ရုံလောက်
မပြောပပေမယ့် အဲ့ဒါတွေကို
တစ်နေ့ သုံးလေးထုပ်လောက်
စွဲသောက်နေမိရင်တော့

တစ်နေ့တခြား ကိုယ့်ရဲ့
ခန္ဓာကိုယ်ကြီးက ကိုယ့်ကို
ဆန္ဒပြလာတော့မှာပဲ

ခန္ဓာကိုယ်ရယ် ကော်ဖီရယ်ကြားထဲ
ကိုယ်က မြေစာပင် သွားမဖြစ်ဖို့ ဆိုရင်

ဒီလို သေးသေးလေးတွေချင်း
အစားထိုး ပြုပြင်သွားရင်းနဲ့မှ

ကော်ဖီတွေ နေ့တိုင်းသောက်လည်း
ကျန်းမာတဲ့ခန္ဓာကိုယ်က ကိုယ်နဲ့
သက်ဆိုင်နေဦးမှာ မဟုတ်လား

နေ့ရက်တိုင်းမှာ ချစ်ပါ၊ ပြုံးပါ..ပြီးတော့
ကော်ဖီကို အရသာခံသောက်ကြည့်ပါ✨

the White writes

Keep Reading

အထက်တန်းစားနှင့်အောက်တန်းစားစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအိန္ဒိယပညာရေးအကြောင်း တစေ့တစောင်းဟဲမင်းဝေး နေ့စဉ်ဘဝအောင်မြင်မှုနှင့်လိုအပ်ချက်များကျောင်းနှစ်ကျောင်း‘သားကောင်စိတ်နဲ့ ရှင်သန်မယ့်အစား သူရဲကောင်းဖြစ်ဖို့ကို ရွေးချယ်ပါ’ပျော်စရာနေ့အမွေအနှစ်လား လံကြုပ်လား အပိုင်းတစ်ဆင်းရဲသားလေး ဂျက်လန်ဒန်