ယဥ်သီရိလှိုင်(ဆောင်း)
အသိုက်
(အပိုင်း ၁)
လည်ချောင်းထဲကနေ ဆို့တက်လာတဲ့ စူးနင့်နင့်ခံစားချက်ကြီးကိုမြိုချရင်း မျက်လုံးနားကမျက်ရည်တွေကိုလူမသိအောင်ခိုးသုတ်လိုက်မိတယ် ဒါတွေသဘာဝဘဲဆိုပေမယ့် ကျွန်မအတွက်တော့ ပထမဆုံးကြုံရတဲ့ဝမ်းနည်းမှုတခုဖြစ်ခဲ့တယ် အမေမရှိတော့ဘူး အမေဆုံးပြီဆိုတာက ကျွန်မဘဝမှာအထီးကျန်ခြင်းကိုဖြစ်ပေါ်လာစေပြီ အော် အမေရယ်
လွန်ခဲ့သော ၁လ
" အမေ အကိုလေးရောက်နေတယ်ဆို ဟင် အမေဘာဖြစ်တာလဲဘာလို့ငိုနေတာလဲ အမေ ပြောပါ"
"သမီးလေးရယ် အမေတကယ်တောင်းပန်ပါတယ် သမီးအကိုလေးကလေ တကယ်လိုနေတာပါ အဲ့တာကြောင့် .."
"ဘာကိုပြောတာလဲ အကိုလေးကဘာလို..... အမေ့ အမေ့နားကပ်ရော "
"သမီးအကိုလေးကို အကြွေးရှင်တွေလိုက်နေလို့ သူ့မှာပိုက်ဆံတကယ်လိုနေတာပါ သူပြန်ပေးမယ်ပြောပါတယ် နောက်လ အင်း ဟုတ်တယ်နောက်လပေးမယ်တဲ့"
"အမေရာ သူတို့ကအမေ့ကိုသက်သက်စိတ်ဒုက္ခပေးနေကြတာ အမေသူတို့ပြောတိုင်းချွတ်ပေးစရာလား အခုကသမီးဆင်ပေးထားလို့ပြောတာမဟုတ်ဘူး သူတို့ကလွန်နေပြီ အရင်လကလည်း...ထားပါတော့မငိုနဲ့တော့နော် သမီးထပ်လုပ်ပေးမယ် မငိုနဲ့အမေ"
...
အမေကခေါင်းငုံ့ပြီးငိုမြဲတိုင်းငိုနေတယ် သူ့သားတွေကိုအရမ်းချစ်တယ် ကျွန်မကတော့အဖေမရှိတော့မှအမေကိုကျွန်မတယောက်တည်းတာဝန်ယူခဲ့တာ အစကတော့အားလုံးဝိုင်းပြီးငွေထောက်ကြတယ် နောက်ပိုင်းကုန်ဈေးနှုန်းတွေကြောင့်လို့အကြောင်းပြပြီး အမေတို့ဆီပို့တဲ့ငွေကနည်းသထက်နည်းလာတယ် အခုတော့လုံးလုံးမပို့တော့ဘူး ကျွန်မစိတ်ထဲသူတို့ကိုဘာအမုန်းတရားမှမရှိဘူး သူတို့ကတော့ကျွန်မအပေါ်မျက်မုန်းကျိုးနေကြတယ် အကြောင်းရင်းတွေကမျိုးစုံပေါ့
"ယောင်းမ အမေရော ဘာချက်ကြလဲ"
" အမေကအိပ်ယာထဲမှာ ကြက်သားနဲ့ဘူးသီးဘဲ အမစားသွားမလား"
" မစားတော့ပါဘူး အိမ်မှာနင့်တူတွေကြီးဘဲ ပြန်ရမယ် ဟင်းထည့်ပေးလိုက်ပါလား"
"ဟုတ်ကဲ့ ဟင်းကတော့နဲနဲ နဲမယ်နော် "
"ဟင် နဲနဲလေးလားအာ့ဆိုမယူတော့ဘူး ထားလိုက်တော့ ဘာရှိလဲတခြားရော"
"မဝယ်ထားဘူးလေအမ အမေကတနေ့တနေ့စားတာမတူတော့ပြောင်းချက်ပေးနေလို့ "
"အော် အေးပါဟယ် နင်တို့ဟာကလည်း တော်တော်မွဲနေကြပြီ"
"ဘာကိုပြောတာလည်းအမ ညီမကအိမ်ကချက်ရတဲ့အခြေနေကိုပြောပြတာလေ"
"အေးပါ ထားလိုက်ပါတော့"
ဘာရယ်မဟုတ်ပေမယ့် အဲ့နေ့ကအမေကအခန်းထဲကနေနားထောင်ပြီး ကျွန်မကိုခေါ်ပြောတယ် သမီးရယ်သူတို့စားချင်တာထည့်ပေးလိုက်ပါလားတဲ့ အမေကအဲ့လိုပါ သူမစားရရင်နေ ချွေးမတွေကိုအရမ်းအလိုလိုက်တယ်
နောက်တနေ့မနက်အစောကြီး အကိုလေးအိမ်လာတယ် အမေ့အခန်းထဲတန်းဝင်သွားပြီး ခနနေတော့ပြန်ထွက်လာတယ်
"နင်ဒီလ လစာရောတိုးရဲ့လား ငါကြားတာတော့နင်တို့တွေ လစာတိုးတယ်ကြားတယ်"
"တိုးတယ်လေကိုလေး ဘာဖြစ်လို့လဲ "
"အော်ဘာမှမဖြစ်ပါဘူး လစာသာတိုးတာဟင်းတောင်များများစားစားမချက်ထားတော့ တိုးမှတိုးရဲ့လားလို့ "
ကျွန်မသိလိုက်ပါပြီ သူဘာပြောချင်လဲဆိုတာ
"ကိုလေးဘာလို့ဒီလိုပြောလဲ ညီမသိတယ် မနေ့ကမှမဟုတ်ဘူးနေ့တိုင်းဒီလိုဘဲချက်နေကျ အမေနဲ့ညီမ၂ယောက်တည်းရှိတာ အများကြီးချက်တော့ပိုနေမှာပေါ့ ပိုက်ဆံလဲပိုကုန်တယ် "
"အော် နင်ကပိုကုန်တယ်ဆိုတော့ ငါတို့ကြောင့်ပိုကုန်တယ်ပြောတာလား စကားကိုကြည့်ပြောသိလားနင် "
"ညီမဘာပြောနေလို့လဲ ပိုက်ဆံပိုကုန်တယ်ပြောတာလေ အကိုလေးတို့ကြောင့်လို့ညီမမပြောဘူး"
"ဟဲ့ ငါ့မျက်နှာကိုကြည့်စမ်း ကျော်ထင်သိလားနင့်အကိုငါက ငါ့မိန်းမပြောပြီးပြီ မသထာတာများ မရှိဘူးမရှိဘူးကိုဖြစ်နေတာတဲ့ လူပါးမဝနဲ့နော်"
"ဟာ အကိုလေးညီမကဘာကိုလူပါးဝရမှာလဲ အကိုလေးဒါတော့အထင်လွဲနေပြီ အမေ့ကိုမေးကြည့်ပါ ညီမလိမ်တာတခုမှမရှိဘူး မသထာတာလဲမရှိဘူး အမှန်တိုင်းပြောတာ"
"နီလာ ငါနင့်အကိုပါ နင့်ထက်အရင်အမေ့ဗိုက်ထဲကထွက်လာတာ "
" အော် ဟုတ်လား အဲ့တာကြောင့် အမေ့ဆီကရသမျှအကုန်ယူနေတာပေါ့"
"နီလာ နင်ကတော့ ကဲဟာ"
"ဟင် အမေ ..."
အပိုင်း၂နောက်ရက်တင်ပေးပါ့မယ်ရှင့်
မိသားစုအိမ်ထောင်ရေး ဝတ္ထုလေးမို့မကြိုက်ရင်ပြောပါနော် အကယ်၍မကြိုက်ဘူးဆို ဆက်မတင်တော့ပါဘူး စာဖတ်သူလေးတွေအမြင်သိချင်လို့ပါ
ချစ်သောreaders လေးတွေ?
Keep Reading