Author's Profile Photo

SarPhat Author

26/05/2024
Talking to myself??'s photo

'ကိုယ့်ကိုယ်ကိုယ် ခဏလောက်စကား ပြောကြည့်ကြမလား❓'

? မနက်မိုးလင်းလို့ အိပ်ယာထနောက်ကျတဲ့အခါ
'သေပါပြီ ငါတော့အလုပ်နောက်ကျတော့မှာပဲ'
?တစ်ခုခုမေ့ကျန်တဲ့အခါမျိုးမှာလည်း
'ဒီဦးနှောက်ကတော့ မေ့ပြန်ပြီ' လို့ ကိုယ့်ဘာသာကိုယ် ရေရွတ်ဖူးကြတယ်မလား?

အဲ့တာကို self talk (ကိုယ့်ကိုယ်ကိုယ် စကားပြောခြင်း) လို့ခေါ်ပါတယ်။ လူတိုင်းကတော့ ပြောဖူးကြလောက်မယ်ထင်ပါတယ်။ ဒါပေမဲ့ အဲ့လို ကိုယ့်ကိုယ်ကိုယ် အပြစ်တင် သတိပေးတဲ့အခါမျိုးမှာပဲ များသောအားဖြင့်ပြောဖြစ်ကြပါတယ်။ အပေါ်မှာ ရေးထားတဲ့စကားစုတွေလိုပေါ့။

အဲ့လို မဟုတ်ဘဲ မကြာခဏ အကြောင်းအရာတိုင်းကို ကိုယ့်ကိုယ်ကိုယ် တိုင်တည်လေ့ရှိသူတွေ ရှိတတ်ကြပါတယ်။ လူတစ်ယောက်ဘေးနားရှိမှ communicate လုပ်ရင်း ပြောလေ့ရှိတဲ့ daily life conversation တွေကိုလည်း တစ်ယောက်တည်း ကိုယ့်ကိုယ်ကိုယ်ပဲ ပြောနေတဲ့လူတွေပေါ့။ ရာခိုင်နှုန်းတော်တော်များများကတော့ introvert တွေ၊ စကားပြောဖော်မရှိတဲ့လူတွေ ဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။ ပတ်ဝန်းကျင်က လူတော်တော်များများကလည်း အဲ့လိုလူတွေကို စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှု ဖြစ်နေတယ်လို့ ထင်လေ့ရှိပါတယ်။

ဒီမှာ အဓိကပြောချင်တာကတော့ ကိုယ့်ကိုယ်ကိုယ် စကားပြောတဲ့ကိစ္စကပုံမှန်ပါပဲ။ ပုံမှန်ဖြစ်တဲ့အပြင်ကို ကျွန်တော်တို့တွေအားလုံးကလည်း နေ့စဥ်ဘဝမှာ ငါးမိနစ်၊ ဆယ်မိနစ်လောက်ဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် စကားပြောဖို့ လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အချိန်ပေး reflect လုပ်ရမယ်ပေါ့ဗျာ တနည်းပြောရရင်တော့ ?

ဆိုတော့ Self talk ဆိုတိုင်း မဖြစ်မနေ စကားပြောရမယ်တော့ မဟုတ်ရပါဘူး။ ကိုယ့်ကိုယ်ကိုယ် တစ်ယောက်ထဲ စကားပြောရမှာကို ကျင့်သားမရသေးရင်(ရှက်နေသေးရင်) diary လေးတွေ စရေးကြည့်လို့ရပါတယ်။

➡ကိုယ့်ရဲ့တနေ့တာက ဘယ်လိုရှိခဲ့တဲ့အကြောင်း
➡စိတ်ညစ်ရတဲ့အကြောင်းအရာတွေ
➡ပျော်ရွှင်ရတဲ့အကြောင်းတွေ
➡ကျေးဇူးတင်ချင်တဲ့ လူတွေအကြောင်း
➡စိတ်ထဲမှာရှိတဲ့ အစိုင်အခဲတွေ
စသဖြင့်ပေါ့ ကိုယ့်ကိုယ်ကိုယ် reflect လုပ်ကြည့်ဖို့လိုပါတယ်။

ဒါမှမဟုတ် စာမရေးချင်ဘူးဘာညာဆိုလည်း recording လည်း ဖမ်းပြီး ကိုယ်ပြောချင်တာပြောကြည့်ပေါ့။

➡တနေ့တာပြီးသွားတဲ့ ညနေပိုင်းမှာ ကိုယ့်တနေ့တာအကြောင်း​ပြောမလား?
➡တနေ့တာ စတင်မယ့် မနက်ပိုင်းမှာ ကိုယ်ဖြစ်ချင်တဲ့ နေ့ရက်ပုံစံကို အသံသွင်းထားမလား??
ပြောချင်ရာပြော record လုပ်ထားပြီး ကိုယ့်နေ့ရက်တွေကို reflect လုပ်ကြည့်စေချင်ပါတယ်။

ဘာမှမပြောင်းလဲရင်တောင် ငါကဘာလဲ၊ ဘာတွေခံစားနေရတာလဲ၊ ငါ့နေ့ရက်တွေကို ဘယ်လိုဖြတ်သန်းခဲ့တာလဲ၊ ငါဖြတ်သန်းချင်တဲ့ daily life ပုံစံက ဘာလဲဆိုတာ တဖြည်းဖြည်း သိလာမှာတော့ သေချာပါတယ်။ ဘဝမှာ ကိုယ့်ကိုယ်ကိုယ်သိမှုက အရေးကြီးဆုံးပါပဲ။

Pic from Pinterest
Reference from ??
https://youtu.be/iNyUmbmQQZg?si=UPQ7VVvO0z8dU2Ur

#Shane

Keep Reading