Author's Profile Photo

SarPhat Author

26/05/2024

?လမ်းပျောက်နေပြီလား?

1 min read
Life Style
Personal Development
?လမ်းပျောက်နေပြီလား?'s photo

ဒီလိုခေါင်းစဥ်မျိုးတွေ့ရင် ကျွန်တော်တို့လူငယ်တွေ အပြေးအလွှား ဖတ်ရတာမလား?
လမ်းပျောက်နေတဲ့ ကျွန်တော်တို့အတွက် လမ်းစများတွေ့ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ!
အစအဆုံးဖတ်ပြီးတိုင်း ကိုယ်လိုက်လုပ်နိုင်လားဆိုတော့ မလုပ်နိုင်ဘူး!

✅ဝါသနာကိုအရင်ရှာ
✅ကိုယ့်ကိုပျော်စေတဲ့အရာ
✅စိတ်ဝင်စားတဲ့အရာကိုရှာ စသဖြင့်ပေါ့နော်။

လမ်းပျောက်နေတဲ့သူတွေရဲ့ အဓိကပြဿနာကိုက

?နေ့ချင်းညချင်း အောင်မြင်ချင်တာ
?အမြန်ဆုံးချမ်းသာချင်တာ
? ဘာမှမစတင်ချင်တာ ဒဲ့ပြောရရင် အပျင်းရောဂါစွဲကပ်နေတာ
?အကြောင်းပြချက်မျိုးစုံ ရှယ်ပေးတဲ့သူမျိုးတွေပါ။

ကျွန်တော်ကိုယ်တိုင်လဲ လမ်းပျောက်နေတာ ခုထိရှာမတွေ့သေးဘူး။ဘာဖြစ်လို့လဲ???အကြောင်းပြချက် မျိုးစုံပေးပြီးရေရှည်မလုပ်နိုင်တဲ့သူ ဖြစ်နေလို့❗

ပန်းချီဝါသနာပါတယ်။
ပန်းချီဆွဲဖို့ ခဲတံဆိုဒ်စုံ စာအုပ်ဆို ဘယ်လိုရှိမှလုပ်ချင်တယ်။

ပန်းပင်စိုက် ဝါသနာပါတယ်။
စိုက်ချင်တဲ့ပန်းပင်၊မျိုးစေ့၊နေရာ၊ပန်းအိုး ဒါတွေအဆင်မပြေလို့။

Titokရိုက်ချင်တယ်။
ရှက်လို့!Background မလှလို့၊Ph standမရှိလို့စတာမျိုးတွေနဲ့ လုပ်ချင်တာ အများကြီးရှိပြီး ဘာမှမလုပ်ဖြစ်ပဲလမ်းပျောက်နေတာ။

? အ့တော့ ခုချိန်ထိ လမ်းတော့ပျောက်နေတယ်။ဘာမှတော့မလုပ်ရသေးဘူး..မစတင်ရသေးဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် လက်ခံပါ။ဝန်ခံပါ။
ဘာကို လက်ခံရမလဲ❓ ဝန်ခံရမလဲ❓
▶ ကိုယ် အသုံးမကျတဲ့အကြောင်း
ကိုယ်က အချောင်စိတ်နဲ့ နေထိုင်နေတဲ့အကြောင်း
▶သူများအောင်မြင်ရေးတွေပဲ ဖတ်ပြီး စိတ်ကူးယဥ်နေတဲ့ ငကြောင်ဖြစ်ကြောင်း
▶အသစ်စတင်ရမှာကြောက်ပြီး အကြောင်းပြချက်မျိုးစုံနဲ့ ထွက်ပြေးနေတဲ့သူပါလားဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဝန်ခံရမှာပါ။

? ဝန်ခံပြီးရင်တော့ နောက်တစ်ဆင့်ကစိန်ခေါ်ရမှာပါ။
ကိုယ်လုပ်ချင်တဲ့တစ်ခုကို မဖြစ်မနေရွေးပြီး စတင်ဖို့စိန်ခေါ်ရမှာပါ။
ပန်းချီဆွဲမလား?အပင်စိုက်မလား?Vd edit?ဟင်းချက်တာ..စသဖြင့်တစ်ခုခုပေါ့။ကိုယ်တတ်နိုင်မယ့် အနီးစပ်ဆုံးဝါသနာတစ်ခုကို ရက်(30)စိန်ခေါ်လိုက်ပါ?

✔✔ ကျွန်တော်ကိုယ်တိုင် လမ်းပျောက်နေတဲ့သူဖြစ်လို့ ကျွန်တော့်ဝါသနာတွေထဲကတစ်ခုဖြစ်တဲ့ စာရေးခြင်းကို ဒီပို့စ်ကနေစပြီး ရက်(30)မပျက်မကွက်နေ့တိုင်းရေးဖို့ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ထားတယ်

❗ဒီလိုအသေးစား စိန်ခေါ်မှုကိုမှမလုပ်နိုင်ခဲ့ရင် ကျွန်တော်ဟာ ဒီတစ်သက်ပျောက်နေတဲ့လမ်းစကို ဘယ်တော့မှရှာတွေ့နိုင်မှာမဟုတ်ပါဘူး။

?ဒီလိုလုပ်လိုက်ရင်ရော လမ်းပျောက်နေတဲ့ပြဿနာ ပြီးသွားရောလား?No ပါ။လမ်းကြောင်းမှန်ကို ရှာတွေ့သွားမှာမျိုး မဟုတ်ပဲ ဒီလိုစိန်ခေါ်မှုအသေးစားလေးတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ရင်းမှ 'လမ်းပျောက်နေတယ်'ဆိုတဲ့ စိတ်ပျက်စရာလေလွင့်ဘဝကြီးကနေ ရုန်းထွက်နိုင်မှာပါ။

?မင်း ဒီဘက်လမ်းကနေ ဟိုဘက်လမ်းကိုသွားချင်ရင် အရင်ဆုံးတော့ လမ်းလျှောက်ထွက်လာမှ ရမှာပေါ့။
?အခုလဲ ကိုယ့်ကိုယ်ကိုယ်လက်ခံပြီး တစ်ခုခုကိုစိန်ခေါ်ခိုင်းတာဟာ လမ်းလျှောက်ထွက်ခိုင်းနေတဲ့သဘောပါပဲ။
?လမ်းမှန်တွေ့ချင်ရင်တော့ ပျောက်နေတဲ့လမ်းဆုံမှာရပ်မနေပဲ ဟိုဟိုဒီဒီတော့ သွားကြည့်ရမှာပေါ့။
?ကိုယ့်ရဲ့ပျင်းရိတဲ့စိတ်နဲ့ ကြောက်ရွံတဲ့စိတ်တွေကို ကိုယ်တိုင်ရင်ဆိုင်ပါ။ပြီးရင်တော့ စွန့်လွှတ်ဖို့ကြိုးစားပြီး တစ်ခုခုကိုအမြန်ဆုံးစတင်ပါ။

?‍♂️ ဒီတော့
'လမ်းပျောက်နေတယ်'လို့ပဲ အော်နေမလား?
'လမ်းလျှောက်ထွက်ကြည့်ကြမလား'
ကိုယ်တိုင်ပဲဆုံးဖြတ်ပါ✊
.
.
.
✍Nwe Ni Maung
✍25/4/2024

----------------------------------------------------

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)