Author's Profile Photo

SarPhat Author

26/05/2024

ထိပ်ဆုံးသို့မရောက်ရင်နေပါ

1 min read
Life Style
General Knowledge
18 Again
ထိပ်ဆုံးသို့မရောက်ရင်နေပါ's photo

ထိပ်ဆုံးရောက်ဖို့ အောက်ခြေက စတက်ရတယ်

အောက်ခြေမခိုင်ရင် ထိပ်ဆုံးကိုမရောက်ဘဲ ပြန်ပြုတ်ကျ

လိမ့်မယ်

လူတိုင်းက ရေကန်အသင့် ကြာအသင့်တော့ မဟုတ်ဘူး။
တစ်ချို့လူတွေက သုညဘဝကနေ မွေးဖွားလာကြတယ်။
တစ်ချို့လူတွေက လိုရာပြည့် ဘဝကနေ မွေးဖွားလာကြတယ်။ ဘာတွေကွာသွားလဲဆိုရင် အသိတရားတွေအများကြီးကွာသွားတယ်။ ပြည့်စုံတဲ့ဘဝတွေကျတော့ သူတို့ဘဝဟာ ပျင်းစရာကောင်းတယ် ဘဝမှာ ပူပန်မှုမရှိ၊ တန်ဖိုးလည်းမသိဘဲ လွယ်ကူချောမွေ့စွာ ဖြတ်သန်းကြတယ်။
သုညဘဝတွေကျတော့ တစ်နေ့မှာ ထမင်းတစ်နပ်သာစားရတဲ့ဘဝတွေရယ် ၂နပ်ဖြစ်ရင်ပြီးရောဆိုပြီး ဆန်ကွဲကို ထမင်းလုပ်ပြီး စားနေရတဲ့ဘဝတွေကျတော့ သူတို့မှာ ပျင်းချိန်မရှိ နားချိန်မရှိ ရုန်းကန်လှုပ်ရှားကြိုးစားပြီး ရှင်သန်နေတဲ့ဘဝတွေအများကြီး ရှိတယ်
ဘာပဲဖြစ်ဖြစ် ဘယ်လိုဘဝနဲ့ မွေးဖွားလာပါစေ သေရင် သုညဘဝမဖြစ်ဖို့အတွက် သိပ်ကိုအရေးကြီးတယ်။ ငယ်ငယ်ကတည်းက အသိတရားရှိပြီး ကြိုးစားဖို့လိုတယ်။ စုဆောင်းဖို့လိုတယ်။ ဒါမှ ကိုယ်သေတဲ့အခါ တင့်တယ်နေမှာ။ ထိပ်ဆုံးမှာရှိနေဖို့ထက် အောက်ကို ပြုတ်မကျအောင် ကြိုးစားပါ။
အလယ်အလတ်တော့ ရှိနေပါစေ။ ထိပ်ဆုံးမှာ ရှိနေရင်တော့ အကောင်းဆုံးပေါ့။
လေးစားလျက် ...
စာဖတ်သူအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေ။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ဓာတ်ကျနေတဲ့အခါစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း