Author's Profile Photo

Noble

25/05/2024

‘ထိရောက်တဲ့ VisionBoard တစ်ခု တည်ဆောက်နည်း’

2 mins read
Life Style
Personal Development
Entrepreneurship
‘ထိရောက်တဲ့ VisionBoard တစ်ခု တည်ဆောက်နည်း’'s photo

လူတိုင်းမှာ ကိုယ်စီဖြစ်ချင်တဲ့ ဆန္ဒတွေ ရှိပြီးသားပါ။ ဒီ ဆန္ဒတွေဟာ စိတ်ထဲမှာပဲ ရှိနေပြီး လက်တွေ့အကောင်အထည် မဖော်ဖြစ်ကြတာ များပါတယ်။ ဒါဆိုရင် ထိရောက်တဲ့ Visionboard တစ်ခုနဲ့ ထူးခြားအောင် ပြောင်းလဲနိုင်ပါတယ်။Vision board ဆိုတာ ကိုယ်ဖြစ်ချင်တာတွေကို ပုံဖော်ထားတဲ့ ရုပ်ပြကဒ်တစ်ခုပါပဲ။ Vision တွေကို အချိန်အတိုင်းအတာ တစ်ခုအထိ ကန့်သတ်ပြီးတော့ ၁ နှစ်၊ ၆ လ စသဖြင့် ဆွဲလို့ရပါတယ်။

အရင်ဆုံး Vision Board တစ်ခု ဘယ်လိုလုပ်ကြမလဲ?

(၁) Vision တွေကို ချရေးပါ

အရင်ဆုံး ကိုယ်ဖြစ်ချင်တာတွေကို ပုံဖော်ပြီး နံပတ်စဉ်နဲ့ ချရေးလိုက်ပါ။ အရေးကြီးတာက ဒီအချက်တွေဟာ တစ်နှစ်ပြည့်တဲ့အချိန်မှာ တကယ်ဖြစ်ချင်တဲ့ဟာတွေ ဖြစ်ကိုဖြစ်ရပါမယ်။ နောက်ပြီး တိကျဖို့ လိုပါတယ်။ ဥပမာ ၂၀၂၄ အကုန်မှာ Business နဲ့ ပတ်သက်တဲ့ Diploma ဘွဲ့ကို ဘယ်တက္ကသိုလ်ကနေ ရရမယ် ဆိုတာလိုမျိုးပေါ့။ ရရင်လည်းဖြစ်တယ်။ မရလည်းဖြစ်တယ်ဆိုရင်တော့ Vision Board ထဲကို မထည့်ပါနဲ့။ ဒါက သင်တကယ်လိုချင်တဲ့ အရာ မဟုတ်ပါဘူး။

(၂) ပုံတွေရှာပါ

ဒုတိယတစ်ချက်ကတော့ သင့်ရဲ့ vision နဲ့ ကိုက်ညီတဲ့ ပုံကို ရှာရပါမယ်။ ပုံဆွဲတော်တဲ့သူတွေက ကိုယ့်စိတ်ကြိုက် စိတ်ကူးပုံဖော်ပြီး ဆွဲကြတာလည်း ရှိသလို အလွယ်ကူဆုံးကတော့ google ကနေ ထိမိတဲ့ ပုံလှလှလေးတွေ save လိုက်ရုံပါပဲ။ ဥပမာ- ဘွဲ့ယူတဲ့ ဝတ်စုံနဲ့ ရိုက်ထားတဲ့ ပုံတွေ၊ ငွေအထပ်လိုက် စုထားတဲ့ ပုံတွေ စသဖြင့် သင့်ရဲ့ vision နဲ့ ကိုက်ညီတဲ့ ပုံတွေ ဖြစ်ရမှာပါ။

(၃) ပုံတွေကို စီရီနေရာချပါ

ဒီနေရာမှာ တချို့က ပုံတွေကို ပရင့်ထုတ်ပြီး ကဒ်ထူတစ်ခုပေါ်မှာ လှလှပပ ကဒ်ကြတာလည်း ရှိသလို အခုလို Digital ခေတ်မှာတော့ Digitalize လုပ်ထားတဲ့ Vision Board တွေက ပိုလွယ်ကူပြီး ထိရောက်ပါတယ်။ ကြိုက်နှစ်သက်ရာ photo edit လုပ်တဲ့ application တစ်ခုခုနဲ့ အချိန်တိုအတွင်း စိတ်ကြိုက်ဖန်တီးနိုင်ပါတယ်။ Canva ကတော့ အလွယ်ကူဆုံးပါပဲ။

(၄) မြင်သာတဲ့ နေရာမှာ ထားပါ

ကဒ်ထူဆိုရင်လည်း ကိုယ်အမြဲမြင်သာတဲ့နေရာ၊ နံရံ၊ စာကြည့်စားပွဲမှာ ချိတ်ထားလို့ ရနိုင်သလို Digitalization လုပ်ထားတဲ့ ပုံဆိုရင်တော့ phone wallpaper အနေနဲ့ ထားထားတာက အမြဲတန်း မြင်သာပြီး အမှတ်ရစေဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။

(၅) လက်တွေ့ အသုံးချပါ

ဒီအသုံးချတဲ့ အဆင့်ဟာ သိပ်ကို အရေးကြီးပါတယ်။ အများစုက နှစ်တစ်နှစ်ရဲ့အစမှာ Vision Board ကို ဆွဲဖြစ်ကြပေမယ့် တစ်နှစ်လုံး ပစ်ထားတာက များပါတယ်။ Vision Board တစ်ခု တကယ် အသက်ဝင်ဖို့ဆိုရင် ကိုယ်တိုင်လုပ်ရမယ့် Action လိုပါတယ်။ လက်တွေ့ အသုံးချဖြစ်ဖို့ အဆင့်လေးတွေကို ဥပမာနဲ့ ဆက်ပြီး ပြောပြပေးသွားပါမယ်….

ဥပမာ - သင့်ရဲ့ Vision က ၂၀၂၄ အကုန်မှာ English စာ Advanced Level အထိ ရောက်ရန် ဆိုပါစို့…..

အဆင့် (A) Vision တစ်ခုစီ ပြီးမြောက်ဖို့အတွက် milestone အတိုလေးတွေ သတ်မှတ်ပါ။ ဥပမာ - ၄ လ မှာ English စာ level တစ်ခု တက်ရမယ် ။ ၈ လမှာ ဘယ်နှစ်ဆင့် စသဖြင့်ပေါ့။

အဆင့် (B) Vision အတွက် လုပ်နိုင်မယ့် နည်းလမ်းတွေကို အစဉ်လိုက်ရေးပါ။ ဥပမာအားဖြင့်

- Youtube ကနေ English စာလေ့လာမှာလား?
- သင်တန်းတက်မှာလား?
- Native Speaker တစ်ယောက်နဲ့ မိတ်ဆွေဖွဲ့မှာလား? စသဖြင့် English စာ တိုးတက်ဖို့ သင်လုပ်နိုင်မယ့် နည်းလမ်းတွေကို ချရေးကြည့်ပါ။ ဒီနည်းလမ်းတွေထဲက သင်လုပ်မယ့် နည်းလမ်းတစ်ခုကိုသာ ရွေးပါ။

အဆင့် (C) နည်းလမ်းရွေးချယ်ပြီးနောက်မှာ အချိန်တစ်ခု သတ်မှတ်ပါ။ ဥပမာအားဖြင့် English ကို Self-Study လုပ်ဖို့ တစ်နေ့ကို အချိန် (၁) နာရီပေးမယ်။

အဆင့် (D) လိုအပ်တဲ့ ပစ္စည်းတွေ စုဆောင်းပါ။ ဥပမာ - Self Study အတွက် လိုအပ်တဲ့ link စာအုပ် စသဖြင့်

အဆင့် (E) တကယ်လုပ်ဖြစ်အောင် လုပ်ပါ။ ဒီ အဆင့်မှာ အများစုက ရပ်တန့်နေလေ့ ရှိကြပါတယ်။ နှစ်ရဲ့ အစမှာပဲ Motivation ရှိကြပေမယ့် နောက်ပိုင်း မလုပ်ဖြစ်ရာကနေ Vision က ပျောက်သလို ဖြစ်ပြီး စိတ်ဓါတ်ကျတာတွေ ယုံကြည်မှု နည်းတာတွေ ဖြစ်လာနိုင်တာကြောင့် ဒီအဆင့်ကလည်း သိပ်ကို လိုအပ်ပါတယ်

(၆) ပြန်လည် သုံးသပ်ပါ

ကိုယ့်ရဲ့ Vision Board အတိုင်း တကယ် လုပ်ဖြစ်မဖြစ်ဆိုတာကိုလည်း အမြဲ ပြန်လည် သုံးသပ်နေဖို့ လိုပါတယ်။ တခါတရံ ဘာလုပ်ရမှန်းမသိတဲ့အချိန် လမ်းပျောက်နေတဲ့ အချိန်တွေမှာ Vision Board ကို ပြန်ကြည့်ပြီး Motivation တွေ ပြန်ယူရတာလည်း ရှိနိုင်ပါတယ်။

VisionBoard ဟာ ပြုလုပ်ရတာ ရိုးရှင်းလွယ်ကူသလို တကယ် အသုံးချတတ်ရင် အသုံးချတတ်သလောက် အကျိုးရှိနိုင်တာကြောင့် ထိရောက်တဲ့ VisionBoard တစ်ခု ပြုလုပ်နိုင်ဖို့ ရည်ရွယ်ပြီး မျှဝေလိုက်ရပါတယ်။

Pharmacist Noble

#VisionBoard2024
#MotivateMyself
#PowerOfVisionBoard

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၅-၈) စာစောင်သုံးဆယ့်လေး-နေ့စဉ်နဲ့အမျှကြိုးစားခြင်းစာစောင်သုံးဆယ့်ခုနစ်-အဆိုးထဲကအကောင်းစာစောင်လေးဆယ့်ကိုး - ဘဝရဲ့အစိုးမရမှု မပြိုင်ပါနဲ့ဖန်တီးပါစာစောင်သုံးဆယ့်တစ်-အမှားတွေကနေရနိုင်တဲ့ တန်ဖိုး