Default Profile Photo

SarPhat User

25/05/2024

ထူးခြားတဲ့ Coral Castle (သို့မဟုတ်) လွမ်းဆွတ်ချစ်မေတ္တာအတွက် အထိမ်းအမှတ်ရဲတိုက်

2 mins read
General Knowledge
History
ထူးခြားတဲ့ Coral Castle (သို့မဟုတ်) လွမ်းဆွတ်ချစ်မေတ္တာအတွက် အထိမ်းအမှတ်ရဲတိုက်'s photo



စာဖတ်သူတို့ ရဲတိုက်တွေ နန်းတော်တွေကို လက်တွေ့ဘဝမှာရယ် ၊ social media တွေမှာရယ် ၊ ရုပ်ရှင်တွေမှာ စာအုပ်တွေမှာရယ် မြင်ဖူးကြမယ်ထင်ပါတယ်။ အဲ့ဒီလို ရဲတိုက်ကြီးတွေ နန်းတော်ကြီးတွေ ဆောက်လုပ်ဖို့ဆို လူအင်အားအများကြီး နဲ့ နှစ်ပေါင်းများစွာကြာအောင် ဆောက်လုပ်ရပါတယ်။
အဲ့လို လူအင်အားများစွာနဲ့ ဆောက်ရတဲ့ ရဲတိုက်တစ်ခုကို လူတစ်ယောက်က သူကိုယ်တိုင် ဆောက်လုပ်ခဲ့မယ်ဆိုရင်
စာဖတ်သူတို့ယုံနိုင်ကြပါမလား

Edward Leedskalnin ဆိုတဲ့ အသက် ၃၀ ဝန်းကျင်အရွယ် လူတစ်ယောက်ဟာ သန္တာကျောက်တုံးကြီးတွေကိုသုံးပြီး
Florida city မှာ ရဲတိုက်တစ်ခုကို တစ်ကိုယ်တော် တည်ဆောက်ခဲ့ပါတယ်။
သမိုင်းကြောင်းကိုအကျဉ်းချုပ်ပြောရမယ်ဆိုရင် Edward ရဲ့ မွေးရပ်မြေဖြစ်တဲ့ Latvia မှာ သူ့ရဲ့ချစ်ရသူဖြစ်တဲ့ 16 အရွယ်မိန်းကလေး Agnes Skuvst ကို လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ ကောင်မလေးက လက်ခံခဲ့တဲ့အခါ Edwardဟာ ကောင်မလေးက်ို လက်ထပ်ဖို့အတွက် ငွေရှာရင်းနဲ့ဘဲ အချိန်တွေ ကုန်ဆုံးစေခဲ့ပါတယ်။ တကယ်တမ်း လက်ထက်ဖို့ ပြန်လာတဲ့ အခါမှာ ကောင်မလေးက အသက်အရွယ် ကွာလွန်းတယ်ဆိုပြီး အကြောင်းပြကာ ငြင်းပယ်ခဲ့ပြန်ပါတယ်။ အဲ့ဒီအခါမှာ Edwardက စိတ်အလွန်ထိခိုက်ပြီး မွေးရပ်မြေ Latvia ကိုစွန့်ခွါပြီး America ကိုပြောင်းရွေ့လာခဲ့ပါတယ်။ သူဟာ သူအလွန်ချစ်ခဲ့ရတဲ့ ၁၆ နှစ်အရွယ် ကောင်မလေးကို လွမ်းဆွတ်တဲ့ အနေနဲ့ Rock Gate Park ( Coral Park အမည် မတိုင်ခင်ပေးခဲ့သောအမည် ) ကို Florida City မှာစတင်ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။

ဒီ castle နဲ့ ပတ်သတ်ပြီး ထူးခြားချက်က Edward တစ်ယောက်ထဲ ဒီလို တန်ပေါင်းများစွာလေးလံတဲ့ သန္တာကျောက်ကြီးတွေကို ဘယ်လိုတည်ဆောက်ခဲ့လဲဆိုတာပါဘဲ
Edwardဟာ လူရှင်းတဲ့ အချိန် ညဘက်မှဘဲ ရဲတိုက်ကြီးကိုတည်ဆောက်တာပါ။ သူ့ကို တစ်စုံတစ်ယောက် ကြည့်နေပြီဟု ခံစားမိရင်သော်လည်းကောင်း ၊ သိခဲ့ရင်သော်လည်းကောင်း သူဟာ လုပ်လက်စအလုပ်ကို အမြဲရပ်ပစ်လေ့ရှိပါတယ်။ လူရှင်းပြီလို့ထင်တဲ့အချိန်မှာဘဲ ဆက်လက်လုပ်ကိုင်လေ့ရှိပါတယ်။
သူဟာ ရဲတိုက်ကို Florida City ကနေFloridaပြည်နယ်၊ Homesteadမြို့က််ိုပြန်လည်ပြောင်းရွေ့တည်ဆောက်ခဲ့ပါတယ်။ ပြောရရင်သူဟာ ရဲတိုက်ကိုနှစ်ခါပြန်ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ သူဟာ ဒီလို ရဲတိုက်ကြီးကိုတည်ဆောက်နေရင်းနဲ့ဘဲ သူ့မှာစွဲကပ်နေတဲ့ အဆုပ်ရောဂါဟာ သက်သာလာခဲ့ပါတယ်။ သူပြောပုံအရ သူ့ရောဂါကို သံလိုက်ဓာတ်တွေက ကုစားခဲ့တယ်လို့ ပြောပါတယ်။
သူဆောက်ခဲ့တဲ့ အထဲမှာ တန်ပေါင်းများစွာလေးတဲ့ စားပွဲတွေ ၊ ထိုင်ခုံတွေ ၊ ကျောက်ရေကန်တွေ ၊ လဆုတ်၊ လကွယ်၊ လပြည့် ကျောက်ရုပ်တွေရယ် ပါပါတယ်။
လူတွေက သူ့က်ို ဒါတွေ ဘယ်သူ့အတွက် ဆောက်နေတာလဲမေးရင် သူပြန်ဖြေလေ့ရှိတာက

“For Sweet Sixteen”
“ချစ်ရတဲ့ ၁၆နှစ်အရွယ်မိန်းကလေးအတွက်”


လို့ပြန်ဖြေလေ့ရှိပါတယ်။
Edwardဟာ ဒီလို ၁၆နှစ်ကောင်မလေးအတွက် တည်ဆောက်ခဲ့ပေမဲ့လည်း ကောင်မလေးကတော့ ဒီရဲတိုက်ကြီးကို မတွေ့မြင်ခဲ့ရပါဘူး။
သူဆောက်လုပ်ခဲ့တဲ့ ထူခြားဆန်းပြားတဲ့အရာတွေထဲမှာ ထင်ရှားတဲ့အရာကတော့ ရဲတိုက်ရဲ့ အဝင်အဝတံခါးဖြစ်ပါတယ်။ တံခါးဟာ အလည်တွင် ဝင်ရ်ိုးစွပ်ထားတဲ့တံခါးဖြစ်ထားတဲ့ ပတ်လည်တံခါးကြီးဖြစ်ပါတယ်။ ထူးခြားချက်ကတော့ တံခါးကြီးဟာ ဟန်ချက်အရမ်းညီလွန်းပြီး ကလေးတစ်ယောက် လက်နဲ့တွန်းဖွင့်လိုက်ရုံနဲ့တွင် တံခါးကလည်ပြီးပွင့်နိုင်ပါတယ်။
1986မှာ အဲ့ဒီတံခါးကြီးကိုပြန်ပြင်ဖို့အတွက် လူအများကြီးက အခက်အခဲများစွာနဲ့ ပြန်ထုတ်ခဲ့ရပါတယ်။
Edward တစ်ယောက်ထဲ ဒီလိုလေးလံတာကို ဘယ်လိုဟန်ချက်ညီအောင် ဆောက်လုပ်ခဲ့လဲဆိုတာ စိတ်ဝင်စားစရာအဖြစ်ကျန်ရှိနေတုန်းပါဘဲ

ရဲတိုက်အတွင်းမှာအခြား လေးလံတဲ့ အဆောက်အအုံတွေ ၊ ကျောက်တိုင်တွေနဲ့ ထူးခြားတဲ့ ပန်းပုရုပ်ထုတွေကိုပါတွေ့ရနိုင်ပါတယ်။
လူတွေက သူ့ကို မြေဆွဲအားဆန့်ကျင်တဲ့စက်တစ်ခု တီထွင်ပြီး ဆောက်လုပ်ခဲ့တယ်လို့ဆိုပါတယ်။ Edwardကတော့ ရှေးက ပရိမစ်တွေ တည်ဆောက်ပုံကို သူသဘောပေါက်နားလည်ပြီးဖြစ်တဲ့အတွက် တည်ဆောက်နိုင်တာလို့ဘဲပြန်လည်ပြောပြခဲ့ပါတယ်။သူဘယ်လိုဆောက်ခဲ့သလဲ ၊ ဘယ်လိုနည်းလမ်းတွေသုံးလဲဆိုတာ ယနေ့အထိအတိအကျမသိရှိသေးပါဘူး။ ။
ယခုအချိန်မှာတော့ Coral Castleကို အများပြည်သူလေ့လာနိုင်အောင် ပြခန်းကြီးအဖြစ်ဖွင့်လှစ်ထားပြီဖြစ်ပါတယ်။ ။

Coral castle အကြောင်းကို
ဆရာ ကိုဆွေ (ပန်နိုရားမား) ရေးထားတဲ့ ကမ္ဘာကျော်ပဟေဠိများစာအုပ်တွေထဲက ဖတ်မိထားတာရယ်
Online resources တွေက ရှာဖွေပြီးရေးထားတာဖြစ်ပါတယ်ခင်ဗျာ။

Keep Reading

ဒေါင်လိုက်ဒရာမာ (Vertical Drama)ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ဓာတ်ကျနေတဲ့အခါအချိန်ဆွဲတဲ့အကျင့်ဆိုး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်