Nicolette
လူတိုင်းမှာ အားသာချက်နဲ့ အားနည်းချက်ဆိုတာရှိပါတယ်။
အားနည်းချက်မရှိတဲ့သူဆိုတာမရှိသလို အားသာချက်မရှိတဲ့သူဆိုတာလဲမရှိပါဘူး။
ကိုယ့်မှာရှိတဲ့ အားသာချက်နဲ့ အားနည်းချက်တွေကို သေသေချာချာသိသင့်ပါတယ်။
အားသာချက်တွေကို မသိရင်
⭐ စိတ်ဓာတ်ကျမယ်
⭐ သိမ်ငယ်မယ်
⭐ ယုံကြည်မှုတွေပျောက်ဆုံးမယ်
⭐ အလုပ်လုပ်ချင်စိတ်ပျောက်မယ်
အားနည်းချက်တွေကို မသိရင်
⭐ စိတ်ကြီးဝင်မယ်
⭐လေ့လာရမှာတွေကို မသိဘူးဖြစ်မယ်
⭐ တိုးတက်အောင် မလုပ်ဘဲရပ်နေမယ်
ဒီတော့ ကိုယ့်ရဲ့ အားသာချက်နဲ့ အားနည်းချက်တွေကို ကိုယ့်ကိုကိုယ်သိအောင် အရင်လုပ်ရပါမယ်။
သူများကိုလိုက်မေးရင်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။
လူအမျိုးမျိုး စိတ်အထွေထွေဆိုတော့ သူများမြင်တာက ကိုယ့်အတွက် လိုအပ်ချင်မှ လိုအပ်မှာပါ။
ကိုယ့်အားသာချက်ကို လူသိတာကောင်းပေမယ့် အားနည်းချက်ကို လူမသိတာ အကောင်းဆုံးပါ။
အားသာချက်ကို သိအောင် ကိုယ်ဘယ်အရာတွေမှာ တော်လဲချရေးကြည့်ပါ
⭐ စကားပြောကောင်းသူလား
⭐ စကားနည်းပြီး အလုပ်ပိုလုပ်တတ်သူလား
⭐ စာရေးကောင်းတာလား
⭐ ဘာသာစကားကျွမ်းကျင်တာလား
⭐ စိတ်ရှည်တာလား စတဲ့
ကိုယ့်ရဲ့အားသာချက်တွေကို ချရေးပြီး ဒီအားသာချက်တွေကို ဘယ်နေရာမှာ အသုံးပြုရမလဲဆိုတာကိုပါ ချရေးကြည့်ပါ။
အားသာချက်တွေကို ပိုပြီး အားသာလာအောင် လုပ်ရမယ့် နည်းလမ်းတွေကိုပါ ရေးကြည့်ပါ။
အားနည်းချက်တွေကိုလဲ ရေးပါ
⭐ အလွယ်တကူ ဒေါသထွက်တတ်တာလား
⭐ အရမ်းဆဲတတ်တာလား
⭐ မနာလိုစိတ်များတာလား
⭐ ကြောက်စိတ်များတာလား
⭐ အသုံးအဖြုန်းကြီးတာလား
ချရေးပြီးတော့ ဘယ်အားနည်းချက်က ကိုယ့်ဘဝကို ဆိုးဆိုးရွားရွားထိခိုက်နိုင်တာလဲ၊
အားနည်းချက်တွေကို ပြင်ဆင်ရမယ့် နည်းလမ်းတွေကိုပါ ချရေးပါ။
နည်းလမ်းတွေ မသိရင် ရှာဖွေပါ။
ပြီးရင် ရှာတွေ့ထားတဲ့ နည်းလမ်းတွေကို ရေးကြည့်ပြီး အသုံးဝင် မဝင် ပြန်စမ်းစစ်ပါ။
ဒီလိုလုပ်ရတာ အချိန်တော့ကုန်တယ်ဆိုပေမယ့် ကိုယ့်အကြောင်းကိုယ် ပိုသဘောပေါက်ပြီး ကိုယ်ရှေ့ဆက်ဘာတွေ လုပ်ဆောင်ရမလဲဆိုတာကိုပါ အလွယ်တကူသိလာရမှာပါ။
စာဖတ်သူအားလုံး ပျော်ရွှင်အဆင်ပြေကြပါစေ
Nicolette မှ ရေးသားပါသည် ?
⛔ ပြန်ကူးယူခွင့်မပြုပါ ⛔
ဖတ်သင့်တဲ့ English စာအုပ်ကောင်းလေးတွေ၊ learning tips တွေ နဲ့ ဘာသာပြန်ဝတ္ထုတွေကို ရေးသားသွားဦးမှာဖြစ်လို့ အကောင့်လေးကို follow လုပ်သွားကြပါဦးနော် ?
Keep Reading