Author's Profile Photo

SarPhat Author

25/05/2024

" Living strong (သန်မာစွာ နေထိုင်ပါ။) but living balance (ညီမျှအောင်လည်း နေထိုင်ပါ) "

2 mins read
Life Style
" Living strong (သန်မာစွာ နေထိုင်ပါ။) but living balance (ညီမျှအောင်လည်း နေထိုင်ပါ) "'s photo

ခေတ်အနေအထားအရ၊ ကုန်ဈေးနှုန်းကြီးလာတာနဲ့အမျှ နောက်ပိုင်းလူတွေဟာ " စား၀တ်နေရေး " နဲ့ လုံးပန်းနေကြရတယ်။

တချို့က လုပ်ချင်စိတ်၊ ကိုင်ချင်စိတ်၊ ကြိုးစားချင်စိတ်အပြည့်ရှိတယ်။ ဒါပေမယ့် ၀မ်းနည်းစရာတစ်ခုက သူတို့အတွက် အလုပ်တွေက ရှိမနေပြန်ဘူး။

ဒီမှာတစ်ခုလေးစားစရာကောင်းတာက လုပ်ငန်းရှင်ကြီးတွေ၊ ကုမ္ပဏီပိုင်ရှင်ကြီးတွေက ၀န်ထမ်းရာနဲ့ချီ၊ ထောင်နဲ့ချီပြီး အလုပ်ပေးထားနိုင်တာဟာ ၀မ်းသာစရာပါ။

မိတ်ဆွေအသိတစ်ယောက်က ဘာပြောလဲဆိုတော့ ကျနော် မိန်းမယူရင် မိန်းမကို ခိုင်းစားမှာ။ မင်းအစ်မ ကျနော့်ကို ယူရင် ရေချိုး၊ ခေါင်းလျှော်၊ အလှပြင်ပြီး အိမ်မှာနေရမယ် ထင်လား။ No. ကျနော့်လောက်နီးပါး အလုပ်လုပ်နိုင်မှ အဆင်ပြေမှာ။ ဘာလို့လဲဆိုတော့ ကျနော်ဟာ အချိန်မရွေး သေသွားနိုင်တယ်။ အဲကျရင် သူနဲ့ ကလေး ကျန်နေခဲ့မှာ။ ကျနော် မရှိတော့ရင်တောင် သူ သူ့ကိုယ်သူနဲ့ ကလေးကို စောင့်ရှောက်နိုင်ရမယ်။ ပုံမပျက်စေရဘူး။ ဘုံလည်း မပျောက်စေရဘူး။

စကားဆက်စပ်မိရင်း ပြောဖြစ်တော့ အဲအိမ်မှာ မိသားစု (၃)ယောက်ရှိတယ်။ အမေက သူ့ဆီမှာ အလုပ်လာလုပ်တယ်။ အဖေနဲ့ သားလေးက အလုပ်မရှိဘူး။ နောက်နေ့ကျတော့ အဖေက အလုပ်ရသွားတယ်။ သိပ်မကြာဘူး။ သားလေးလည်း အလုပ်ရသွားတယ်။ အဲကျတော့ အမေက အလုပ်ထွက်မလို့ ထွက်စာလာတင်တယ်။ ကျန်းမာ‌ရေး မကောင်းလို့လား မေးတော့ ကျမ ကျန်းမာရေးကောင်းပါတယ်။ ကျမအမျိုးသားနဲ့ သား‌လေးက အလုပ်ရသွားပြီဆိုတော့ ကျမလုပ်စရာ မလိုတော့ဘူး။ ၃ယောက်လုံး အလုပ်လုပ်တော့ရော ၀င်ငွေ ၃ခုရှိတာ မကောင်းဘူးလားလို့ မေးကြည့်တော့ ကျမ အမျိုးသားနဲ့ သားလေးက ထွက်ခိုင်းလို့ပါဆိုတော့ ကျနော်တော်တော်လေး တွေဝေသွားတယ်။ စိတ်လည်း မကောင်းဖြစ်သွားတယ်။

မင်းလည်း မိန်းကလေးတစ်ယောက်ပဲ။ အိမ်ထောင်ကျသွားတာတို့၊ ပိုက်ဆံရှိတဲ့သူနဲ့ အိမ်ထောင်ပြုဖြစ်တာတို့ဆို မင်း ဘာအလုပ်မှ မလုပ်ပဲ မနေနဲ့။ ကိုယ့်အားကိုယ်ကိုး၊ သန်မာအောင်နေ၊ ကြိုတွက်ထားလို့ မရတဲ့အခြေအနေဆိုတာ ရှိလာတတ်တယ်။ အဲကျရင်မင်း မိန်းကလေးပေမယ့် လောကဓံကို သတ္တိရှိရှိ ရင်ဆိုင်နိုင်ရမယ်။ မပျော့ညံ့နဲ့။ သန်မာအောင်နေရမယ်။ တချို့စကားတွေက ကြမ်းတမ်းပေမယ့် လက်ခံရမယ်။

Podcast နားထောင်တော့ လက်ရှိမှာ ဘယ်လိုတွေဖြစ်နေကြလဲဆိုတော့ လူတွေဟာ မအားအောင် နေလာကြတာကို သတိထားမိတယ်။ စာရေးဆရာဆို ညတောင် မအိပ်ဘူး။ Robot (စက်ရုပ်) လို တချိန်လုံး သူ့ကို အလုပ်ပေးထားတယ်။ အလုပ်နားနေရင်ကို depression (စိတ်ဓါတ်ကျခြင်း) တွေက အလိုလို၀င်လာတယ်။

ကိုယ်လည်း အဲလို့ပဲ။ ဒါပေမယ့် စာရေးဆရာလောက်တော့ မဆိုးဘူး။ ညကိုတော့ အချိန်မှန် အိပ်နိုင်အောင် အိပ်တယ်။ မိုးချုပ်သွားတဲ့ ညတွေလည်း ရှိတယ်။ အိပ်စက်တာတော့ အိပ်စက်တယ်။

နေ့ဆို အိပ်လို့ မရဘူး။ အားနေရင် ဘာလုပ်ရလဲဆိုတော့ ကိုယ်ဝါသနာပါရာကို လုပ်နေရတယ်။ depression (စိတ်ဓါတ်ကျခြင်း), အရည်မရ အဖတ်မရတဲ့ thinking (အတွေး) တွေ ၀င်လာပြီဆို ရပ်ပစ်ရတယ်။ ကိုယ့်ဆေးနဲ့ကိုယ် မှီဝဲပြီး သန်မာအောင် ခရီးဆက်ကြရတာပါပဲ။

အလုပ်နားတဲ့ ရက်ဆို ကိုယ်ဝါသနာပါတဲ့ အလုပ်တွေကို ပိုလုပ်ချင်လာတယ်။ ဒါပေမယ့် ကိုယ်ချည်းပဲ လုပ်နေလို့ရတဲ့ အလုပ်တွေ မရှိဘူး။ မထင်မှတ်ထား၊ မမျှော်လင့်ထားတဲ့ အချိန်မှာ အလုပ်ဟာ ၀င်လာတတ်တာပါပဲ။

အရင်ကဆို တစ်နေ့ကုန် ကွန်ပျူတာနဲ့ အလုပ်လုပ်ထားတော့ ညနေအလုပ်ဆင်းရင် အ၀တ်စားလဲပြီး အိပ်ရာပေါ်မှာ အိပ်ပြီး သီချင်းဖွင့်၊ ခေါင်မိုးကို နာရီ၀က်၊ တစ်နာရီလောက် ကြည့်နေတတ်တယ်။ me time (ငါ့အချိန်) ယူတယ်လို့ ပြောရမယ်။ တစ်ခုလုပ်ပြီးသွားရင် နောက်တစ်ခုကို ဆက်မလုပ်ဖြစ်ဘူး။ break time (အနားယူချိန်) ယူဖြစ်တယ်။

အခုတော့ ဘာငွေကြေးမှ မရတာတောင် အကူညီလာတောင်းရင် ကူညီပေးဖြစ်တယ်။ အတွေ့အကြုံတွေ၊ procedure (လုပ်ထုံးလုပ်နည်း) ‌တွေ၊ နယ်ပယ်အသီးသီးကဟာတွေ နည်းနည်းလေးတီးမိခေါက်မိသွားတာပေါ့။

အရင်နေ့က ကိုယ်နဲ့အမြဲစကားပြောဖြစ်တဲ့ ညီမလေးက ဘာပြောလဲဆိုတော့ အမက သန်မာမယ့်ပုံပဲ။ တစ်ခုခုကို လေ့လာနေတယ်ဆိုတာ ညီမလေး သတိထားမိတယ်။ တခြားသူတွေလို မဟုတ်ဘူး။ အချစ်ရေးကိုလည်း စိတ်မ၀င်စားဘူး။ ကိုယ့်ဘ၀တိုးတက်ဖို့ကိုပဲ ကြိုးစား‌လေ့လာနေတဲ့သူတစ်ယောက်လို့ပဲ ညီမလေးမြင်တယ်။ ညီမလေးအတွက်တော့ အမဟာ အချစ်ကို ရှေ့တန်းမတင်၊ ဘ၀တိုးတက်ဖို့ ကြိုးစားနေတဲ့သူလို့ပဲ မြင်တယ်။ အမလိုလူ ဒီခေတ်မှာ ရှားသွားပြီ။

ကိုယ်က ဟာ အဲလို့ကြီး ဖြစ်နေလား။ အဲလို့ပုံစံကြီးပေါက်နေလား။ တကယ်တော့ သူပြောသလိုကြီးတော့ အပြည့်အ၀ မဟုတ်ပါဘူး။ စာသင်ခန်းထဲမှာ အချစ်အကြောင်းပြောရင် ထိပ်ဆုံးက ခေါင်းထောင်တာ ကိုယ်ပါပဲ။ ?

အိမ်မှာက WiFi မတပ်ထားတော့ WiFi ရတဲ့နေရာရောက်ရင် အသကုန် download ဆွဲတာ။ ကိုယ်အရမ်းလေးစားအားကျရတဲ့ ဆရာရဲ့ video ကြည့်ပြီဆို စိတ်အရမ်း၀င်စားတော့ လောကကြီးတစ်ခုလုံးမေ့ ဘာအာရုံမှ မရတော့ဘူး။

ဘ၀မှာ balance (ညီမျှခြင်း) ဖြစ်အောင် နေတတ်ဖို့ကလည်း လိုပါသေးတယ်။ အလုပ်တွေ၊ ဝါသနာပါရာတွေပဲ ဇွတ်လုပ်နေလို့လည်း မရပါဘူး။ ဘာလို့လဲဆိုတော့ ပုထုဇဉ်လူသားတွေ‌၊ စက်ရုပ်တွေ မဟုတ်တော့ ပျော်တဲ့အချိန်တွေ၊ relax time (အပန်းဖြေတဲ့အချိန်) တွေလည်း လိုအပ်ပါသေးတယ်။




ခင်ခင်ချော
Photo from goggle.






Keep Reading

အာရုံစူးစိုက်မှုစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါင်လိုက်ဒရာမာ (Vertical Drama)ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါအချိန်ဆွဲတာကိုကုစားမယ် စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်