သစ်တိုင်းမွှေး
ငွေစုမယ်။
ငါငွေစုရမယ်။
ဒီပိုက်ဆံကိုမသုံးပဲနဲ့ ငါစုကိုစုရမယ်။
သူငယ်ချင်းတို့နဲ့ရင်းနှီးကြတဲ့ စကားလုံး၊စကားစုလေးတွေ လို့ ကျွန်တော်ထင်ပါတယ်ဗျာ။အမှန်လဲ ဒီစကားလေးတွေက ကိုယ်ပိုင်ဝင်ငွေလစဉ်ဝင်နေကြတဲ့ သူငယ်ချင်းလေးတို့ လတစ်လရဲ့30/31ရက်တွေမှာ ရေရွက်နေကြစကားလုံးတွေ မဟုတ်လား။
လတစ်လရဲ့ နောက်ဆုံးရက်တွေမှာ ဒီတစ်လ လုံး နေထွက်တပြူကနေစ နေစွယ်ကျိုးသည့်အထိ လုပ်လာရတဲ့ အကျိုးကို ကျွန်တော်ရဲ့သူငယ်ချင်းလေးတို့ ခံစားရတော့မယ်။ဒါနဲ့အတူလစာထုက်မဲ့ရက်နားနီးလေ ဖိအားကိုလဲ ခံစားရပါအုံးမယ်။ပြောရရင် လကုန်ပြီဆိုတော့ အိမ်ငှားကပေးရအုံးမယ်၊ထမင်းဖိုးဟင်းဖိုးပေးရအုံးမယ်။ပွဲလောင်းထားတာတွေအကြွေးတင်နေရင်းလဲ ဆက်ရအုံးမယ်။
မိဘအိမ်မှာနေမယ်ဆိုရင်လဲ မိဘအိမ်မှာ အခန့်သားထိုင်စားလို့မရဆိုတော့ လစာလေးအပ်ရအုံးမယ်။မောင်ငယ်ညီမငယ်လေးတွေကိုလဲ မုန့်ဖိုးလေးဝေရအုံးမယ်။
တစ်ကိုယ်ထဲ တစ်ကောင်ကြွက်ကဆိုရင်လဲ လူရယ်လို့ ဖြစ်လာရင် အပေါင်းအသင်းရှိလေတယ်မလား။အဖော်ကောင်းလို့ ဆွယ်တာပါသွားတယ်။လကုန်ရက်များကျ မာလာဆိုင်၊ဟော့ပေါ့ဆိုင်၊ကာလာအိုကေဆိုင်တွေ၊လက်ဖက်ရည်ဆိုင်မှာ ငွေကလေး ပေါပေါသီသီတော့ သုံးချ ပါလိမ့်မယ်ရော။
ဆိုတော့ကား သူငယ်ချင်းလေးတို့ ဘဝရှေ့ရေးစုငွေအတွက် မည်သည်မျှ ကျန်ပါအုံးမှာလဲ။လတစ်လလုံးလုပ်ခဲ့သမျှဟာ ခဲလေသမျှ သဲရေကျဆိုသလို ဖြစ်သွားမှာပါလေ။ဒီလိုအဖြစ်မျိုးတော့ လူတိုင်းမဖြစ်ဖူးလောက်ပေမဲ့ များသောအားဖြင့်တော့ သူငယ်ချင်းလေးတို့ကြုံဖူးကြမှာပါ။ဒီလိုမျိုးကြုံနေရရင်လဲစိတ်မပူကြပါနဲ့ ကျွန်တော်ကြုံတုန်းက ဖြေရှင်းခဲ့ဖူးတဲ့ နည်းလမ်းလေးကိုတီးတီးတိုးတိုးပြောပြပေးမယ်ဗျ။
၁။ထွက်ငွေကိုဝင်ငွေနဲ့ကိုက်အောင် List လုပ်ပါ။ဉပမာဝင်ငွေကသုံးသိန်းဆို
ထမင်းဖိုး-....ကျပ်
အိမ်လခ-...ကျပ်
မီတာခ-...ကျပ်
စသည်ဖြင့်ပေါ့။အဲ့ထဲကမှ မလိုတာလေးတွေကို သေးသေးလေးစီ ဖယ်ထုက်လိုက်ပါ။ပြောရရင် "ထမင်းဖိုးဘယ်လောက် များလွန်းတယ်။ကိုယ်ဘာသာ ချက်စားလိုက်မယ်။မဖြစ်မနေမလိုဘူး။"စသည်ဖြင့် ငွေကျန်အောင် ကျစ်ကျစ်လစ်လစ်စီမံပါ။
၂။ညှိနှိုင်းပါ။
လူတွေကို ညှိပါနှိုင်းပါ။ကိုယ်တော့listလုပ်လိုက်ပြီ အိမ်လခအတွက် နည်းနည်းချင်းစီ ဆပ်ရမယ်ဆို"ကြီးကြီးရယ် ဒီလတော့ ကျွန်တော်အဆင်မပြေလို့ ဒီလောက်လေးပဲ ပေးထားပါအုံးမယ်ဗျာ။နောက်မှပေါင်းပေးပါမယ်ခင်ဗျ"ဆိုတာမျိုး။
မိဘနဲ့နေတဲ့သူတွေကလဲ ကိုယ်ဖြစ်ချင်တာပြောပြပြီးညှိယူကြပါ။
"မေမေရေ၊သားတော့ နောက်လကျရင် ဒီလုပ်ငန်းမှာလေး ရင်းနှီးငွေထည့်ချင်တယ်ဗျ၊ဒီလကို သားငွေစုလိုက်အုံးမယ်နော်မေမေ"ဆိုတာမျိုး။မိဘဆိုတာ ကိုယ်ဖြစ်ချင်တာနောက် သားသမီးသာ ရှေ့မို့ သူငယ်ချင်းလေးတို့အတွက်အဆင်ပြေမှာပါ။
အပေါင်းအသင်းတွေကိုလဲ နားလည်အောင်ပြောပြပါ။"သူငယ်ချင်းရေ ငါတော့ ဒီလကုန်မှာ ဆိုင်မထိုင်ဖြစ်တော့ဘူးကွာ။ဒီလဝင်ငွေလေးနဲ့ ဒီလုပ်ငန်းလေးလုပ်ဖို့စဉ်စားထားလို့၊မင်းလဲ ဝင်ပါအုံးလားကွ"ဆိုပြီးညှိကြနှိုင်းကြပါ။
ဒါတွေ လုပ်ပြီးရင်တော့ သူငယ်ချင်းလေးတို့ စုဗူးဝယ်ပါ။ကျွန်တော်တို့ဟာ ပိုက်ဆံလေးမျက်စိရှေ့မြင်နေရရင်ကို လက်ယားခြေယားနဲ့ ဟိုသွားချင်ဟိုစားချင်နဲ့ ငွေသုံးဖို့နတ်ဆိုးလေးက စိတ်ထဲမှာ နေရာယူလာတော့မှာ။ဒီတော့ အဲ့နတ်ဆိုးစိတ်ကလေးမမြင်အောင် ပိုက်ဆံလေးတွေကို စုဗူးထဲ သေချာဖွတ်ထားလိုက်ပါ။ပြီးရင် စုဗူးထဲ ထည့်လိုက်သမျှကို list လုပ်ပြီး ကိုယ်တစ်ချိန်ကျ ကိုယ်ရဲ့ငွေစုပန်းတိုင်ထိအောင် ကိုယ်ဟာ ငွေကိုစုမိပြီလား မစုနိုင်သေးဘူးလားဆိုတာချင့်ချိန်ကြည့်ပါ။ဒါက ကျွန်တော် ငွေစုခဲ့တဲ့နည်းလမ်းလေးကိုပြောပြပေးခဲ့တာပါ။သူငယ်ချင်းလေးတို့လဲ အသုံးဝင်မယ်ထင်ရင် စမ်းကြဖို့ အချိန်မဆွဲပါနဲ့တော့ခင်ဗျ။ ။
ချစ်သော
သစ်တိုင်းမွှေး
Keep Reading