Author's Profile Photo

ယဥ်သီရိလှိုင်(ဆောင်း)

24/05/2024

ကြတ်ကုန်း

2 mins read
Art
History
18 Again
ကြတ်ကုန်း's photo



ကျွန်တော်ငယ်ငယ်က ကြားဖူးတဲ့ပုံပြင်တပုဒ်ရှိတယ် အမေကအိပ်ခါနီးရင်ပြောပြတဲ့ပုံပြင်ပေါ့ ဘာပုံပြင်လဲဆိုတော့ ကြတ်ရွာ တဲ့ အခုပြောပြမှာကတော့ ကျွန်တော်ကြုံခဲ့ရတဲ့အဖြစ်ပျက်လေးတခုပါ အမေပြောပြဖူးတာနဲ့တော့တကယ်ကွာတဲ့အဖြစ်ပျက်ပေါ့

ဒီနှစ်ထဲကျွန်တော်ဘွဲ့ယူဖို့ရှိတယ် ရန်ကုန်ပြန်ရမှာပေမယ့် ဘွဲ့ယူပြီးရင်အလုပ်ရှာရတော့မှာမို့ ရနိုင်သလောက်ရွာမှာဘဲအချိန်ကုန်ချင်တယ် အဲ့တာကြောင့်တော်တော်နဲ့ ရန်ကုန်မပြန်ဖြစ်ဘူး ရက်နီးမှကပ်ပြီး သွားလိုက်တော့မယ် ပြောရရင်ရွာမှာက ငယ်ငယ်တည်းကနေလာတော့ ဒီမှာဘဲနေချင်တာ‌ပေါ့ ရန်ကုန်မှာကျတော့သူငယ်ချင်းတွေလဲရှိပေမယ့် သူတို့နဲ့က သိပ်ကီးမကိုက်ဘူး သူတို့ကပိုက်ဆံသုံးချင်တယ့်သူတွေ ကျွန်တော်ကပိုက်ဆံကိုတတ်နိုင်သလောက်စုချင်တဲ့သူ ဒါပေမယ့်လည်း သူတို့ဘဲဆိုးတူကောင်းဖက်ရှိတာမဟုတ်လား

ဒီနေ့တော့အမေထည့်ပေးတဲ့ ပစ္စည်းတွေယူပြီးရန်ကုန်ပြန်ရတော့မယ်
"သား ဟိုရောက်ရင်အမေ့ဆီဖုန်းဆက်ဦး သူငယ်ချင်းတွေကိုလဲမျှပေးလိုက်ဦးနော် တယောက်တည်းမစားနဲ့ "
"အမေရယ် သူတို့က သူတို့ဟာနဲ့သူတို့ရှိပြီးသား ဒီငါးခြောက်တွေပုဇွန်ခြောက်တွေကကျွန်တော်ဘဲစားတာ သူတို့ကစားသောက်ဆိုင်မှာစားကြတာ"
"ကဲတော်ပြီ စကားရှည်မနေနဲ့ လမ်းမှာဂရုစိုက်နော် ကိုယ်ရှေ့တည့်တည့်ဘဲကြည့် ဆိုင်ကယ်ကိုအမြန်မမောင်းနဲ့ နင်ကငါပြောရင်မကောင်းဘူး ညနေဘက်ဘဲအမြဲသွားတယ်"
"အမေရာ ရှေးရိုးစွဲမနေပါနဲ့တော့ ဘာမှမဖြစ်ဘူး သွားပြီ အာဘွား‌အမေ"

အမေပြောပြသလောက် ဒီလမ်းကကြမ်းတယ်တဲ့ ဘယ်လိုကြမ်းလဲဆိုလမ်းကြမ်းတာတော့မဟုတ်ဘူးအကောင်ဘလောင်‌တွေရှိတာ‌လို့ပြောတာ အရှေ့ဆို‌ဝါး‌‌ချောင်းရွာရောက်ပြီ နားလို့တော့မဖြစ်ဘူး မဟုတ်ရင်မြို့မရောက်ဘဲနေမယ် အမြန်လေးမောင်းမှ
တီ....
"ဟေ့ ဖယ်လေ ဟာ "
"အား..."
"ဟာ ဘာ ဘာဖြစ်တာလဲ ငါ ငါဘာမှမလုပ်ဘူးနော် နင့်ကိုမတိုက်မိဘူး ဒီမှာ ညီမ ညီမထလေ "
"အာ့ အကိုခနလောက်ထူပေးပါ ခြေထောက် ခြေထောက်ခေါက်သွားလို့ "
"အော် အေးဟာ ငါ့နှယ် လန့်သွားတာဘဲ ရလား လုပ်ကိုင်လိုက်ပုခုံးကို ဖြည်းဖြည်းထ"
"အကို စိတ်မရှိပါနဲ့နော် ညီမအိမ်ကိုတယောက်တည်းမပြန်နိုင်လောက်ဘူး တကယ်လို့အဆင်ပြေရင် ညီမကိုတွဲပို့ပေးလို့ရမလား"
"ဟမ် အေး အဲ့တာမှကွိုင်ဘဲ ငါလည်းမြို့တက်စရာရှိလို့ အေးအေး ထားတော့မနက်မှဘဲဆက်သွားရမှာပေါ့ လာလာ"
.....
"အမေ အမေ့"
ကျွန်တော် အဲ့ကောင်မလေးကိုတွဲပြီးသူ့အိမ်ဆိုတဲ့နေရာကိုလိုက်ခဲ့တယ် သူတို့အိမ်လေးကသေးသေးလေး တကယ့်အိမ်‌ပု‌လေးလိုဘဲ ဒါပေမယ့်
"ဟော သမီးလေး ဘာဖြစ်တာလဲ လာလာအိမ်ထဲဝင်"
"သမီးခြေထောက်ခေါက်သွားတာ ဒီအကိုကဆိုင်ကယ်နဲ့လာရင်းတွေ့လို့အမေ"
သူ့အမေပုံစံက သဘောကောင်းမယ့်ပုံပေမယ့်ကျွန်တော်အိမ်ထဲဝင်လာတည်းက ကျွန်တော့တကိုယ်လုံးကို စူးစူးစိုက်စိုက်ကြည့်နေတာ တော်ရုံလူဆိုသေလောက်တယ် အကြည့်နဲ့တင်
"ကျေးဇူးပါကွယ် ဒါနဲ့သားကဘယ်သွားမလို့လဲ"
"ကျွန်‌တော်မြို့တက်စရာရှိလို့ပါ ဒါမယ့်အခုကနောက်ကျသွားတော့လေ အဆင်ပြေရင်ကျွန်တော်တညလောက်တည်းပါရစေ တည်းခိုခပေးပါ့မယ်ဗျ"
"အော် မြို့တက်မလို့လား တယောက်တည်း ရတာပေါ့ တည်းလို့ အန်တီတို့ကစောင့်နေတာ"
"ဗျာ ဘာကို"
သူ့စကားကြောင့်ကျွန်‌တော်ရုတ်တရက်ကြောင်သွားမိတယ်
"အမေရယ်စမနေပါနဲ့ အကိုလာပါအိမ်ထဲကို အိပ်ရမယ့်နေရာပြပေးမယ်နော်"
ကျွန်တော်အိမ်ထဲကိုအတွင်းကျကျဝင်လိုက်တဲ့အခါမှာကျွန်တော့မျက်လုံးကိုတောင်မယုံနိုင်ဖြစ်သွားတယ် ကျယ်ပြီးကြီးလိုက်တာမှဗျာ အသုံးဆောင်ပရိဘောရတွေကလည်း ထည်နေတာ ကျွန်တော်စိတ်ထဲတမျိုးဖြစ်ပေမယ့် ထားပါလေ
"ဒီအခန်းထဲနော်အကို လိုတာရှိရင်ပြောပါ အထဲမှာတော့အစုံရှိတယ် "
ကျွန်တော်အခန်းထဲဝင်လိုက်တော့ထပ်အံ့ဩရပြန်တယ် အခန်းကထရံတချပ်ကာထားပြီး အထဲမှာဖျာတချပ်ခင်းထားတယ် ခြင်ထောင်ထောင်ပြီး စောင်‌တွေရောအစုံရှိတယ် မျက်လုံးကိုပွတ်ပစ်လိုက်ပြီးကြည့်တယ် ဒီတိုင်းဘဲ ကျွန်တော်အိပ်ချင်လို့ထင်ယောင်ထင်မှားဖြစ်တယ်ထင်ပြီး အိပ်ပစ်လိုက်တယ်
ဂျွတ်....ဂျီ....
အသံကြောင့်ကျွန်တော်မျက်လုံးအသာလေးဖွင့်ကြည့်လိုက်တယ် အသံကနီးနီးလေးကလာတာ ကျွန်တော်ရဲ့ခေါင်းရင်းမှာလူတယောက်ရပ်နေတယ် မှောင်နေလို့ထင်ထင်ရှားရှားမမြင်ရဘူး ကျွန်တော်ဖုန်းကိုလက်နဲ့လိုက်စမ်းတော့ ရှာမတွေ့ဘူး တုပ်တုပ်မလှုပ်ဘဲလရောင်နဲ့မြင်နေရတဲ့ခေါင်းရင်းကလူကိုထပ်မော့ကြည့်လိုက်တဲ့အခါ
"ဟား....ဟင်း....ဟီးဟီး..."
ဘာ ဘာကြီးလဲ လျှာကြီးကအရှည်ကြီးဘဲ ကျွန်‌တော့ကိုငုံ့ကြည့်တာ သူ့လျှာကြီးကျွန်‌တော့မျက်နှာပေါ်အပုံလိုက်ပုံသွားတယ် ကျွန်‌တော်တုတ်တုတ်မလှုပ်ရဲဘူး ခနနေတော့ဖယ်သွားတယ်
"ဘာလုပ်မှာလဲ အမေ့ကိုပြောနေတယ်လာ သမီးရှင်းမယ်သူ့ကို လာနော် လျှာကိုသိမ်းထား အိပ်တော့ အဆင်သင့်ဖြစ်ရင်ခေါ်လိုက်မယ် "
ဘာတွေပြောနေကြတာလဲ ငါ့ကိုဘာရှင်းမလို့လဲ ကျွန်တော်ဖုန်းကိုထပ်ရှာတယ် ကံကောင်းလို့ တွေ့ပြီ အမေ့ဆီဖုန်းခေါ်ဖို့ ဖုန်း screen ဖွင့်လိုက်တဲ့အချိန် ကျွန်တော်မျက်နှာရှေ့ကို ဆံပင်ရှည်ကြီးကျလာတယ်
"အား ဘာကြီးလဲ ဘာလဲ ဘာတွေလဲနင်တို့က"
"အကို အကို ထပါဦး ဘာဖြစ်တာလဲ အိမ်မက်မက်နေတာလား"
ကျွန်တော်ဇောချွေးတွေပြန်နေပြီး ကောင်မလေးကိုကြည့်နေမိတယ် သူကပြုံးပြနေရင်းလှမ်း‌အော်ပြောတယ်
"အမေ အဆင့်သင့်ဘဲတဲ့"

ချစ်သောreaders လေးတွေ?


Keep Reading

၂၁ရာစု မြန်မာ​ခေတ်ပြိုင် ပန်းချီ - ၁ကျွန်ုပ်တို့ရဲ့......မျှော်လင့်ချက်မိုင်နိမ်းအစ် ( စ် ) ဂျော့ ( အခန်းဆက်ဝတ္တုရှည်)မိုင်နိမ်းအစ် (စ်) ဂျော့ အပိုင်း ( 4 )အရမ်းလွမ်းတယ်အဖေမျက်နှာကို တော်တော်တည် ထားသည်မိသားစုနဲ့ဝေးနေချိန်မိုင်နိမ်းအစ် (စ်) ဂျော့ အပိုင်း ( 3 )မရှိ