SarPhat Author
လမ်းပျောက်တယ်ဆိုတဲ့စကားက ဒီနေ့ခေတ်လူငယ်တွေ အမြဲပြောလေ့ရှိတဲ့ စကားတစ်ခွန်းပဲ ဖြစ်မယ်ထင်ပါတယ်။ ရိုးရိုးလမ်းပျောက်ရင် Google Map သုံးလို့ရပေမဲ့ အနာဂတ်လမ်းပျောက်ရင်တော့ Google Map လည်း မကယ်နိုင်တော့ပါဘူး။
ကိုယ်က အခုချိန်မှာ ဘာလုပ်လို့ဘာကိုင်ရမလဲမသိ ဖြစ်နေတယ်၊ ဝါသနာနဲ့ ကျွမ်းကျင်တဲ့အရာတွေကို သေချာရှာမတွေ့သေးဘူး ဖြစ်နေတယ်လို့ ခံစားနေရတယ်ဆိုရင် ဒီ Content က လမ်းပြကြယ်ဖြစ်ပေးနိုင်တာမို့ အဆုံးထိဖတ်ရှုဖို့ အကြံပေးပါရစေ။
အနာဂတ်အတွက် ရေရာသေချာတဲ့လမ်းကို ရှာဖွေဖို့ လုပ်ကိုလုပ်ရမဲ့အချက်တစ်ချက်ရှိပါတယ်။ အဲ့ဒါကတော့ Community တစ်ခုထဲဝင်ပြီး စိတ်ပါလက်ပါ အလုပ်လုပ်လိုက်ဖို့ပါပဲ။
နယ်ပယ်တစ်ခုမှာ အချိန်တစ်ခုကြာအောင် အလုပ်လုပ်ပြီးတဲ့အခါ ကိုယ်က ဒီနယ်ပယ်ကအလုပ်တွေကို လုပ်နေရရင် ပျော်သလား၊ မပျော်သလားဆိုတာ ကိုယ်တိုင်သိလာပါလိမ့်မယ်။ Community တစ်ခုထဲမှာ ကိုယ်တာဝန်ကျတဲ့အလုပ်တစ်ခုတည်းကို လုပ်တာထက် ကိုယ်နဲ့ပတ်သက်ဆက်နွယ်တဲ့ အပေါင်းအသင်း၊ မိတ်ဆွေများနဲ့ အကြံဉာဏ်တွေ၊ အတွေ့အကြုံတွေကို မျှဝေဖလှယ်ပြီး ကိုယ်ဝါသနာပါရာ၊ ကျွမ်းကျင်ရာအလုပ်တွေကို ရှာဖွေတွေ့ရှိပြီး ပျောက်သောလမ်းမှာစမ်းတဝါးဝါး ဖြစ်နေတဲ့ နေ့ရက်တွေကို ကျော်လွန်နိုင်ပါလိမ့်မယ်။
ဒီ Content လေးက သင့်အတွက် ပျောက်ဆုံးနေတဲ့အနာဂတ်လမ်းစကို ရှာဖွေဖို့ အဖြေတစ်တစ်ခု ရရှိသွားတယ်ဆိုရင် သိမ်းထားပြီး နောင်တစ်ချိန်မှာ လမ်းပျောက်တဲ့ခံစားချက်တွေ ပြန်လည်ဖြစ်ပေါ်လာတဲ့အခါ ဖတ်ရှုပြီး အကျိုးတစ်စုံတစ်ရာ ရရှိစေဖို့လည်း မျှော်လင့်ပါတယ်ရှင်။
Kiwi's Little Word
Keep Reading