Author's Profile Photo

SarPhat Author

24/05/2024

စာမေးပွဲအတွက်အကောင်းဆုံးပြင်ဆင်နည်း

2 mins read
Life Style
Personal Development
Education
စာမေးပွဲအတွက်အကောင်းဆုံးပြင်ဆင်နည်း's photo

စာမေးပွဲအတွက်အကောင်းဆုံးပြင်ဆင်နည်း

ကျွန်တော်တို့ကျောင်းသားကျောင်းသူတွေတိုင်းတစ်ချိန်မဟုတ်တစ်ချိန်မလွဲမသွေကြုံရမယ့်အရာကိုပြောပါဆိုစာမေးပွဲဆိုတာကိုမျက်မှန်းတန်းသိမယ်ထင်ပါတယ်
အချို့ကျောင်းသားတွေဆိုစာမေးပွဲဆိုကြားတာနဲ့ ရူးချင်သလိုလို ဖျားချင်သလိုလို ကြောက်စိတ်ဝင်လာသလိုလိုဖြစ်တတ်ကြပါတယ်
ဒီတော့ ကျွန်တော်ဒီနေ့မာတော့ ကျောင်းသားကျောင်းသူများမလွဲမသွေကြုံရတယ့်စာမေးပွဲဆိုတယ့်အရာကြီးကိုအမှတ်များများနဲ့ ကောင်းမွန်စွာဖြေဆိုနိုင်ဖို့ ပြင်ဆင်သင့်တာလေးတွေကိုဖော်ပြထားပါတယ်
အားလုံးဘဲအောက်ဖော်ပြတယ့်အချက်တွေလိုက်နာခြင်းဖြင့် စာမေးပွဲဆိုတယ့်တိုက်ပွဲကြီးကိုဖြေဆိုနိုင်မယ်လို့မျှော်လင့်မိပါတယ်ဗျ

(၁) စာကိုလေ့လာကျက်မှတ်တဲ့အခါ တစ်ခါတည်းတစ်ပြိုင်တည်းအစုအလိုက်လေ့လာတယ်ဆိုတာထက် အပိုင်းသေးသေးလေးတွေဖြတ်ပြီးလေ့လာကြည့်ပါ

ကျွန်တော်တို့ဟာတစ်ခါစာကျက်ရင်အများကြီးတစ်ပြုံကြီးတစ်ပြုံကြီးကျက်မှတ်မိကြတယ် အဲ့ဒါဟာလုံးဝမှားယွင်းတဲ့အချက်ပါနော် အဲ့လိုကျက်ခြင်းဟာ စာလည်းမရစေသလို တစ်ချို့တွေဆို စိတ်ဖိစီးမှုတွေပါရလာကြတယ်
အဲ့တာကြောင့် စာတွေလေ့လာကျက်မှတ်တဲ့အခါ တစ်ခါတည်းအများကြီးကျက်မှတ်မဲ့အစား ဒီချိန်မာဒီတစ်ပုဒ်လေး
ဒီချိန်မာ ဒီတစ်ပုဒ်ကျက်မှတ်ခြင်းအား ဖြင့် ဦးနှောက်ထဲမြန်မြန်ရောက်ကာ မှတ်မိလွယ်စေပါတယ်။ အခုလိုအနည်းငယ်စီစာကျက်ခြင်းဖြင့် သင့်ရဲ့စိတ်ဖိစီးမှုလည်း အတိုင်းအထက်လျော့ကျစေမာဖြစ်ပါတယ်

(၂) စာကိုနေ့စဉ်မပျက်မကွက်လေ့လာကျက်မှတ်ပါ

စာလုပ်ရတာကြိုက်ပါတယ်ပျော်ပါတယ်ဆိုတယ့်သူတာလက်ချိုးရေရင်တောင်လက်တစ်ဖက်တောင်ပြည့်မယ်မထင်ဘူး
တစ်ကယ်မာလည်း စာကိုနေ့စဉ်မပျက်မကွက်ထိုင်ပြီး ဘယ်သူမှမလုပ်ချင်ကြဘူး
ဒါပေမယ့်စာမေးပွဲရှိတာ သိထားရပါမယ်
စာဆိုတာလုပ်ပါများမှကျက်ပါ့များမှအမြဲမှတ်မိနေမာပါ
စာလေး၅မိနစ်လုပ် နာရီဝက်တစ်နာရီလောက်နားရင်တော့ စာကိုမေ့သွားမာဘဲ
အဲ့ဒါကြောင့်စာကို နေ့စဉ်မပျက်မကွက်အာရုံစူးစိုက်စွာလုပ်ပါ
ဒါမှစာမေးပွဲမှာအကောင်းဆုံးဖြေနိုင်မာပါ

(၃) စာကျက်မှတ်လေ့လာရေးသားဖို့ နေရာကောင်းတစ်ခုရှာပါ

ကျွန်တော် တို့ကျောင်းသားကျောင်းသူတွေမာ မွေးတဲ့မိဘချင်းမတူညီတာဖြစ်တယ့်အလျှောက် တစ်ယောက်နဲ့တစ်ယောက်ဟာလည်း စာအပေါ်အာရုံစိုက်ခြင်း မတူညီနိုင်ပါဘူး
တစ်ချိ့က အလင်းရောင်ကောင်းရှိတယ့်နေရာ တစ်ချို့တိတ်ဆိတ်တဲ့နေရာ တစ်ချို့ကပြင်ပအလင်းရောင်ထက်မီးရောင်ကောင်းကောင်းရတယ့်နေရာ အစရှိသဖြင့်ကြိုက်တာခြင်းမတူညီကြပါဘူး
ဘယ်လိုဖြစ်ဖြစ် ကိုယ်နှစ်သက်တဲ့နေရာမာနေပြီး စာမလုပ်ရင်လည်းစာမရနိုင်ဘူး
ကိုယ်နှစ်သက်သဘောကျတဲ့နေရာမာ သေချာအာရုံစိုက်လုပ်ခြင်းဖြင့်
စာမေးပွဲဆိုတဲ့အရာကြီးကိုအောင်မြင်နိုင်မာဖြစ်ပါတယ်


(၄)စာများကိုအထပ်ထပ်လေ့ကျင့်ကျက်မှတ်ကာ အစမ်းစာမေးပွဲများဖြေဆိုခြင်း

စာမေးပွဲအောင်မြင်ဖို့ဆိုရင် ကျောင်းသားကျောင်းသူများအတွက်
စဉ်ဆက်မပြတ်လေ့ကျင့်မှုသည် အတိုင်းအထက်အလွန်အရေးကြီးပါသည်။
ပုံမှန်လေ့ကျင့်ခန်းများ နမူနာများမလေ့ကျင့်မကျက်မှတ်ထားရင်စာမေးပွဲတွင်
အမှတ်နည်းမာသေချာသည်
ပုံမှန်အလေ့အကျင့်သင်တန်းများ၊ နမူနာမေးခွန်းများဖြေရှင်းခြင်းတွေကို
ပိုင်နိုင်ကျွမ်းကျင်စွာ လူပ်ထားသူများသည် စာမေးပွဲများတွင်အမှတ်အလွန်ကောင်းမည်ဖြစ်သည်
ထို့ကြောင့် စာများကို အထပ်ထပ်‌လေ့ကျင်ကျက်မှတ်ခြင်းဟာ
စာမေးပွဲကိုကောင်းမွန်စွာဖြေဆိုနိုင်မည်ဖြစ်သည်

(၅)သင်၏ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိူ ကောင်းမွန်အောင်အထူး
ဂရုစိုက်ပါ။


ကျောင်းသားကျောင်းသူများနှင့် စာကတော့ ကျက်မှတ်ထားပါရဲ့ အစားပုံမှန်မစား ပုံမှန်မအိပ်ရင်ကျန်းမာရေးကိုထိခိုက်စေမာဖြစ်ပါတယ်
ထို့ကြောင့် စာမေးပွဲမာကောင်းမွန်စွာဖြေနိုင်ချင်ရင် လုံလောက်စွာအိပ်စက်အနားပါ အာဟာရပြည့်ဝတဲ့အစားအစာများစားပါ
ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ
ဒါမှ စာမေးပွဲမာ စိတ်အေးလက်အေးဖြေနိုင်မာဖြစ်ပါတယ်
အချို့ကရှိပါတယ် စာချည်းဘဲထိုင်လုပ်တယ်ဆိုပေမယ့် အစားပုံမှန်မစား ပုံမှန်မအိပ်ခြင်းကြောင့် စာမေးပွဲနီးသောအခါကျန်းမာရေး ချို့ယွင်းလာပြီး နောက်ဆုံးမဖြေနိုင်တော့တယ့်သူတွေ ရှိပါတယ်
အဲ့တာကြောင့် စာကျက်ချိန်ကျက် အစားပုံမှန်စားချိန်စား ပုံမှန်အိပ်ချိန်အိပ် လေ့ကျင်ခန်းလုပ်ချိန်လုပ်ခြင်းဖြင့်
စာမေးပွဲကိုအကောင်းဆုံးဖြေနိုင်မာဖြစ်ပါတယ်

အခုဖော်ပြထားတယ့်အချက်အလက်တွေ ကတော့
စာမေးပွဲအတွက်အကောင်းဆုံးပြင်ဆင်နည်း
ဖြစ်ပါတယ်ခင်ဗျအဆုံးထိဖတ်ပေးကြတယ့်စာဖတ်သူတစ်ယောက်စီတိုင်း
အထူးဘဲကျေးဇူးတင်ရှိပါတယ်ခင်ဗျ

https://t.me/KnowledgeHeavenByEric

Keep Reading

ကျောင်းနှစ်ကျောင်းစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအိန္ဒိယပညာရေးအကြောင်း တစေ့တစောင်းဟဲမင်းဝေး နေ့စဉ်ဘဝအောင်မြင်မှုနှင့်လိုအပ်ချက်များ‘သားကောင်စိတ်နဲ့ ရှင်သန်မယ့်အစား သူရဲကောင်းဖြစ်ဖို့ကို ရွေးချယ်ပါ’ပျော်စရာနေ့အမွေအနှစ်လား လံကြုပ်လား အပိုင်းတစ်ဆင်းရဲသားလေး ဂျက်လန်ဒန်မရိုးတရိုး