WHY:ဘာကြောင့်လဲ
ကျွန်တော်တို့ ငယ်ငယ်က 'လ'သည် 'ကမ္ဘာ'ကိုလှည့်ပတ်နေသည်၊ 'ကမ္ဘာ'သည် 'နေ'ကိုလှည့်ပတ်နေသည် ဆိုပြီးမှဘဲသင်ခဲ့ရတာပါ။ ဒီနေရာမှာအများစုတွေးမိကြတာက နေလုံးကြီးကတော့ ရပ်နေတယ်၊ သူ့ကိုသာ ကမ္ဘာနဲ့ဂြိုလ်တွေက ပတ်နေကြတာဆိုပြီးမှပါ။
-----------------------------
အမှန်တော့ နေလုံးကြီးကလည်း သွားနေပါတယ်၊ ရပ်မနေပါဘူး။ နေဆိုတာကလည်း ဒြပ်ထု(mass)ရှိတဲ့ဝတ္ထုတစ်ခုပါ။ ဒြပ်ထုရှိတဲ့ ဝတ္ထုတိုင်းမှာ ဒြပ်ဆွဲအားစက်ဝန်း(gravitational field)ရှိပြီးတော့ အဲ့လိုဝတ္ထုတစ်ခုနဲ့တစ်ခုက အချင်းချင်း ဒြပ်ဆွဲအား(gravitational force)တွေသက်ရောက်နေကြပါတယ်။
အဲ့ဒီသက်ရောက်မှုကြောင့်ဘဲ ဒြပ်ဆွဲအားစက်ဝန်းပမာဏနည်းတဲ့ဝတ္ထုက ပမာဏများတဲ့ဝတ္ထုကိုလည်ပတ်နေရပါတယ်။ အပြည့်အစုံကို "ကမ္ဘာနဲ့ ဂြိုလ်တွေ ဘာလို့နေကို လည်ပတ်နေရတာလဲ" ဆိုတဲ့ဆောင်းပါတွင်ဖတ်ရန် ⬇️⬇️⬇️
https://sarphat.com/posts?id=4597
ဒါကြောင့် ဒြပ်ဆွဲအားစက်ဝန်းပမာဏများ'ကမ္ဘာ'ကို 'လ' ကလည်ပတ်နေပြီးတော့ ကမ္ဘာကလည်း(လ အပါအဝင်) သူ့ထက်ပိုပြီး ဒြပ်ဆွဲအားစက်ဝန်းများတဲ့ 'နေ' ကိုပြန်လည်ပတ်နေရပါတယ်။
အဲ့လိုပါဘဲ ကျွန်တော်တို့ နေလုံးကြီး(နေအဖွဲ့အစည်းတစ်ခုလုံး) ကသွားနေတယ်ဆိုတာ ဦးတည်ရာမဲ့သွားနေတာတော့မဟုတ်ပါဘူး။ နေအဖွဲ့အစည်းကြီးကလည်း သူ့ထက် ဒြပ်ဆွဲအားစက်ဝန်း(gravitational field)ပိုများတဲ့ တွင်းနက်(black hole)ကြီးကို လည်ပတ်နေပါတယ်။
ဘယ်လိုလှည့်ပတ်နေတာလဲဆိုရင် ကမ္ဘာနဲ့ ဂြိုလ်တွေ နေကို လှည့်ပတ်နေတဲ့ သဘောတရားနဲ့ အတူတူပါဘဲ။
နေအဖွဲ့အစည်းကြီးလှည့်ပတ်နေတဲ့ပုံစံကတော့ ကမ္ဘာ အပါအဝင် ဂြိုလ်(၈) လုံးရဲ့ ပတ်လမ်းကြောင်း(orbits)တွေ ရှိနေနတဲ့ မျက်နှာပြင်အပြားကြီးက ၈၀° စောင်းပြီးတော့ တွင်းနက်ကြီးကို လှည့်ပတ်နေတာပါ။ သူသွားနေတဲ့နှုန်း/လည်နေတဲ့နှုန်းက ၂၃၀ km/s နဲ့လည်နေတာပါ။ စကားမစပ် နေကလည်း သူ့ဝင်ရိုးပေါ်မှာ သူ့ဟာသူလည်ပါတယ်။ သူလည်တဲ့နှုန်းက ၁.၉၉၇ km/s ပါ။ ကမ္ဘာလည်တဲ့နှုန်းကတော့ ၄၆၀m/s ပါ။
ကျွန်တော်တို့ရဲ့ နေကိုလည်နေတဲ့ ဂြိုလ်နဲ့ ဂြိုလ်သိမ်ဂြိုလ်မွှားများ စွာရှိပြီ ဒီလိုလည်ပတ်နေတဲ့အစုအဝေးကို နေအဖွဲ့အစည်း(solar system)လို့ခေါ်ပါတယ်။ အဲ့လိုပါဘဲ တွင်းနက်ကြီးကို လှည့်ပတ်နေတဲ့ ကြယ်အစုအဝေးမရေမတွက်နိုင်အောင်ရှိပြီးတော့ အဲ့လိုလှည့်ပတ်နေတဲ့အစုအဝေးကို နဂါငွေ့တန်းဂလက်ဆီ(Milky Way Galaxy)လို့ခေါ်ပါတယ်။
'လ'က ကမ္ဘာကိုတစ်ပတ်ပြည့်အောင်လည်ဖို့ ရက်၃၀၊ ကမ္ဘာက နေကို တစ်ပတ်ပြည့်အောင်လည်ဖို့ ၁နှစ်လိုသလို နေအဖွဲ့အစည်းကြီးက တွင်းနက်(black hole) တစ်နည်း ဂလက်ဆီကိုတစ်ပတ်ပြည့်အောင်လည်ဖို့ နှစ်သန်းပေါင်း ၂၂၅-၂၅၀ လိုပါလိမ့်မယ်။
-ဘာကြောင့်လဲ(why?)
Keep Reading