SarPhat Author
တစ်ကိုယ်ထဲနေထိုင်လို့မရတဲ့လူသားတွေ အတွက် လူမှုအသိုင်းအဝိုင်းမှာ အဆင်ပြေ"နေနိုင်ဖို့အတွက်လူမှုဆက်ဆံရေး အရေအသွေးက အဓိကအရေးပါတဲ့အချက်တစ်ခုပါ။
လူမှုဆက်ဆံရေး ကောင်းမွန်သူတစ်ယောက်ကနယ်ပယ်အသီး"မှာ အောင်မြင်မှုရဖို့ အခွင့်အလမ်းပိုများပါတယ်။ ဒါကြောင့် လူမှုဆက်ဆံရေး ပိုမိုကောင်းမွန်သူတစ်ယောက်ဖြစ်ဖို့ အထောက်အကူဖြစ်စေမဲ့ နည်းလမ်း၄ခုကို ဖော်ပြပေးလိုက်ပါတယ်။
စာနာစိတ်နဲ့နားထောင်ပါ
မတူညီတဲ့ ဘဝပေးအခြေနေအမျိုး"မှာ ရှင်သန်နေထိုင်တဲ့လူတွေအတွက် တစ်ဦးနှင့်တစ်ဦးခံစားချက်တွေ၊အတွေးနဲ့ ယုံကြည့်မှုတွေ မတူညီတာကဆန်းပါဘူး။ဒီလိုမတူခြားနားတဲ့လူတွေအခြင်း"တစ်ဦးကိုတစ်ဦး နားလည်းမှုရရှိမှာသာပြောဆိုဆက်ဆံဖို့ အဆင်ပြေမှာပါ။နားလည်းမှုရှိဖို့အတွက်အရေးပါတဲ့ အချက်ကတော့ တစ်ဦးရဲ့ပြောစကားကို တစ်ဦးက စာနာစိတ်နဲ့နားထောင်ဖို့ဖြစ်ပါတယ်။စာနာစိတ်နဲ့နားထောင်တဲ့အခါတစ်ဖက်လူစိတ်ခံစားချက်နဲ့ အကြောင်းအရာတွေကိုနားလည်ပြီး သူရဲ့ဆုံးဖြစ်ချက်တွေကို ကိုယ်နှင်မတူပေးမဲ့ နားလည်ပေးရမှာဖြစ်ပါတယ်။
ကိုယ့်ဘက်ကစပြောပါ
လူမှုဆက်ဆံရေး ကောင်းမွန်သူတွေဟာ ဆက်ဆံရေးတစ်ခု၊စကားဝိုင်းတစ်ခုကို ကိုယ်ဘက်ကစဖို့ဝန်မလေးတက်သူတွေဖြစ်ပါတယ်။တစ်ဦးနှင့်တစ်ဦး မျက်နှာခြင်းဆိုင် စကားပြောဖို့တစ်ဖက်ကပြောမှာကို မစောင့်ဘဲ ကိုယ့်ဘက်က နွေးထွေးမှုအပြည့်နဲ့စသင်တာက ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုကိုတည်ဆောက်လိုက်ခြင်း ဖြစ်ပါတယ်။မျက်နှာခြင်းဆိုင်စကားပြောတာက Messager မှာစာပို့တာ၊ Online ကဆက်သွယ်တာ စတဲ့ပုံစံတွေနဲ့ လုံးဝကွဲပြားပြီး လူမှုဆက်ဆံရေးမှာ အရေးပါဆုံးအချက်ဖြစ်ပါတယ်။
ပြောရမဲ့စကားတွေကို ကြိုတင်ပြင်ဆင်ပါ
ဘယ်အလုပ်မဆို ကြိုတင်ပြင်ဆင်မှု ကောင်းရင်ရလဒ်ကောင်းပါတယ်။ဒီလိုပါဘဲ စကားပြောတဲ့နေရာမှာလည်း အတူ"ပါဘဲ၊ တွေ့ဆုံးပွဲ၊အင်တာဗျူးနဲ့ အစည်းဝေး စတာတွေအတွက် ပြောရမဲ့စကားတွေကို ကြိုတင်စဉ်းစားပြင်ဆင်ထားတာက စကားပြောကောင်သူတစ်ဦး ဖြစ်စေပြီးလူမှုဆက်ဆံရေးကောင်းသူအဖြစ် သတ်မှတ်ခံရပါတယ်။အရေးကြီးတဲ့ အင်တာဗျူးလို့ ကိစ္စမှာရင်းနှီးသူတစ်ဦးနဲ့ အစမ်းပြောကြည့်တာမျိုးက အမှန်တကယ်ပြောတဲ့အချိန်မှာ အမှားနည်းစေပါတယ်။
မတူညီတဲ့အမြင်တွေကိုမျော်လင့်ထားပါ
လူတစ်ယောက်နှင့် စကားပြောတဲ့အခါ ကိုယ်နဲ့မတူညီတဲ့အမြင်တွေ၊သဘောထားတွေ၊ရပ်တည်ချက်တွေ ရှိနိုင်တာကို ကြိုတင်မျော်လင့်ထားပါ။လူတွေမှာ အမြင်အမျိုး"ရှိနိုင်တဲ့အတွက်ကွဲပြားတဲ့ အမြင်ကို မမျော်လင့်ထားရင် စကားဝိုင်းမှာ ရုတ်တရက် အငိုက်မိပြီး ရှေးဆက်ရဖို့ ခက်ခဲစေနိုင်ပါတယ်။ဒီလိုမတူတဲ့ အမြင်တွေရှိနိုင်တာ ကိုမျော်လင့်ထားတာက သဘောထားကွဲလွဲမှုတွေကြုံလာရင် ဖြေရှင်းဖို့ ပိုလွယ်ကူပါတယ်။
Author-Shoon
Keep Reading