SarPhat User
ကျွန်တော်တို့တစ်တွေ Facebook သုံးရင် newsfeed မှာ
“စာမေးပွဲနီးနေပြီမို့လို့ စာလုပ်ဖို့မိုတီလေးပေးကြပါဦး”
“ပျင်းနေလို့ မိုတီလေးပေးကြပါဦး”
ဆိုပြီး မကြာခနတွေ့ဖူးကြလိမ့်မယ်
ထင်ပါတယ်။
တကယ်လို့ မိုတီပေးလိုက်ရင်ရော စာမေးပွဲအတွက် စာတွေကို
စိတ်ပါလက်ပါကျက်နိုင်မှာလား ?
အဖြေကတော့ ကျက်တော့ကျက်နိုင်ပါတယ်။ ဒါပေမဲ့ ရေရှည်အတွက်တော့ မဖြစ်နိုင်ပါဘူး။ ဥပမာ တစ်ဘာသာလောက်လုပ်ပြီးလို့ စာလုပ်ချင်စိတ်ပျောက်သွားရင်ဆက်လုပ်ဖြစ်မှာမဟုတ်ပါဘူး။ စာဆက်လုပ်ဖြစ်ရင်တောင် စိတ်မပါတော့တဲ့အတွက် ၅မိနစ်နဲ့ ရရမဲ့ ပုစ္ဆာတောင် မိနစ် ၃၀ လောက်ကျက်ရမှာပါ။
တကယ်တော့ motivation ဆိုတာ
ကိုယ့်ကို ခနတာ စိတ်ခွန်အားပေးတဲ့ အရာလို့ဆိုရမှာဖြစ်ပါတယ်။
ဆရာ James Clearရေးထားတဲ့ “Atomic Habits” ဆိုတဲ့စာအုပ်ထဲမှာ ဆရာဘယ်လိုရေးထားလဲဆိုတော့
“Motivation ဆိုတာခနတာအလည်ဝင်ပြီးပြန်ထွက်သွားတတ်တဲ့အရာပါ။ စစချင်းမှာတော့ကိုယ်လုပ်ချင်တာကိုလုပ်ချင်စိတ်တွေ အရမ်းဖြစ်လာပြီး ခနအကြာမှာဘဲ အဲ့စိတ်ကပျောက်သွားနိုင်ပါတယ်”
Motivation က လုံးဝမလိုဘူးဆိုတာတော့မဟုတ်ပါဘူး။ဒါပေမဲ့ အဲ့လ်ို short-term motivation ကိုအမြဲမှီခိုနေမဲ့အစားဘယ်လို နည်းမျိုးသုံးရမလဲ။
ငယ်ငယ်ကကျွန်တော်တို့ကို မိဘတွေက
“ကိုယ့်ကိုယ်ကိုယ် စည်းကမ်းရှိအောင် နေကြ”
ဆိုပြီးပြောဖူးကြပါလိမ့်မယ်။
အဲ့စကားအတိုင်းဘဲ စည်းကမ်း/
အကျင့်(Discipline) ဆိုတဲ့ အရာကို သေချာအသုံးပြုတတ်အောင်ကျင့်တတ်ရပါမယ်။
ဒီနေရာမှာ Discipline ဆိုတာ ကိုယ်မလုပ်ချင်တောင် နောင်ကိုယ်ပြန်ရမဲ့ reward အတွက််ကြိုးစားလုပ်ကြတာကိုပြောတာပါ။
Former Navy SEAL, marathon runner, motivational speaker တစ်ဦးဖြစ်တဲ့ David Goggins တောင် ကိုယ်ဖြစ်ချင်တာတွေဖြစ်ဖို့ဆို Disciplineကောာင်းကောင်းရှိဖို့က အရေးကြီးကြောင်းပြောခဲ့ပါတယ်။
ဆရာ James Clearလည်းDiscipline အကြောင်းကိုလည်း ဘယ်လိုရေးထားလဲဆိုတော့
Self-Discipline ဆိုတာ အရမ်းအရေးကြီးတယ်။ အဲ့အရာတစ်ခုထဲကဘဲသင့်ကို အောင်မြင်မှုတွေရအောင် လုပ်ပေးနိုင်မှာတော့မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ်စည်းကမ်းနည်းနာကျကျနေတဲ့လူတွေတောင် အဲ့လိုစည်းကမ်းကျကျအမြဲနေနိုင်ဖို့က အတော်ခက်ပါတယ်
ဒါကြောင့် ကျွန်တော်တို့ရဲ့
self-discipline ကို အတတ်နိုင်ဆုံး developဖြစ်အောင်ကြိုးစားပြီး
တိကျတဲ့ goal ၊ Discipline ၊ Persistence တို့နဲ့ အောင်မြင်မှုတွေဆီရောက်ဖို့ အခြေခံကောင်းကောင်းတည်ဆောက်နိုင်မှာဖြစ်ပါတယ်ခင်ဗျာ။ ။
Keep Reading