Author's Profile Photo

Noble

22/05/2024

‘အထိုင်များတဲ့ အလုပ်က အသက်တိုစေပါတယ်’

1 min read
Life Style
Health
General Knowledge

ကိုယ့်အလုပ်က ရုံးစားပွဲမှာ တနေကုန် ထိုင်ရာမထ လုပ်ရတယ်၊ လှုပ်ရှားဖို့အချိန် မရှိလောက်အောင် နည်းတယ် ဆိုရင် ရေရှည် ကျန်းမာရေးကို ဂရုစိုက်သင့်ပါပြီ။ အထိုင်များတာဟာ နှလုံး၊ ဆီးချိုနဲ့ ကင်ဆာရောဂါတွေကို ပိုဖြစ်စေနိုင်တဲ့အပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကိုပါ ခံစားရနိုင်ပါတယ်။

အထိုင်များခြင်းက ခန္ဓာကိုယ်မှာ ဘယ်လိုသက်ရောက်မှုတွေ ဖြစ်စေနိုင်လဲ?

(၁) ခန္ဓာကိုယ် နာကျင်မှုကို ဖြစ်စေတယ်

တနေရာထဲမှာ မလှုပ်မရှား ကြာရှည်ထိုင်တာဟာ ညောင်းညာခြင်းကို ဖြစ်စေနိုင်သလို ကြွက်သားနဲ့ အဆစ်အမြစ်တွေကို နာကျင်စေတယ်။ အထူးသဖြင့် အထိုင်များတဲ့အခါမှာ ခါးနာခြင်း၊ ကျီးပေါင်း ၊ ဇတ်ကြော တက်ခြင်းနဲ့ လေးဖက်နာရောဂါ စတာတွေကို ပိုဖြစ်စေနိုင်ပါတယ်။

(၂) ကိုယ်အလေးချိန်တက်စေတယ်

အထိုင်များခြင်းဟာ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်ကို နှေးစေပြီး အစာခြေစနစ်မှာ သက်ရောက်မှု ရှိစေပါတယ်။ နောက်ဆက်တွဲအနေနဲ့ ကိုယ်အလေးချိန်တက်တာ၊ အဝလွန်တာနဲ့၊ ခါး၊ ဗိုက် အဆီစုတာတွေ ပိုဖြစ်စေနိုင်ပါတယ်။

(၃) သွေးကြောပိတ်စေနိုင်တယ်

တနေရာထဲမှာ မလှုပ်ရှားပဲ ငြိမ်သက်နေခြင်းက သွေးလည်ပတ်မှုကို နည်းစေပြီး သွေးကြောပိတ်တဲ့ ပြဿနာတွေကို ဖြစ်စေပါတယ်။ အထူးသဖြင့် DVT (Deep Vein Thrombosis) ဆိုတဲ့ ခြေထောက် သွေးပြန်ကြောပိတ်ခြင်း ဖြစ်စေနိုင်ပြီး ဒါဟာ pulmonary embolism ဆိုတဲ့ အဆုတ်သွေးခဲပိတ်ခြင်းနဲ့ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

(၄) နာတာရှည် ရောဂါတွေ ပိုဖြစ်စေနိုင်တယ်

အထိုင်များခြင်းရဲ့ နောက်ဆက်တွဲအနေနဲ့ သွေးတိုးရောဂါ ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ ဖြစ်နိုင်ချေ ပိုများစေသလို အူမကြီးကင်ဆာ၊ အဆုတ်ကင်ဆာ ၊ သားအိမ်ကင်ဆာတွေရဲ့ ဖြစ်နိုင်ချေကို ပိုများစေနိုင်တယ်လို့ လေ့လာမှုတွေအရ တွေ့နိုင်ပါတယ်။

(၅) စိတ်ကျရောဂါကို ပိုဆိုးစေနိုင်တယ်

Screen time များတာ၊ ကွန်ပြူတာနဲ့ အမြဲထိတွေ့နေရတဲ့ အထိုင်များသူတွေမှာ အိပ်စက်ချိန်အားဖြင့် ထိခိုက်စေပြီး စိတ်ဖိစီးမှုကို မြင့်တက်စေပါတယ်။ ရေရှည်မှာ စိတ်ကျရောဂါကို ပိုဆိုးစေနိုင်တာကိုလည်း တွေ့ရပါတယ်။

အထိုင်များခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို သိပြီးပြီဆိုတော့ အထိုင်များတဲ့ အလုပ်ကနေ ကျန်းမာစေဖို့ ဘယ်လိုလုပ်ဆောင်ရမလဲ ?

- တစ်နေ့ကို အနည်းဆုံး နာရီဝက်ခန့် ကိုယ်လက် လှုပ်ရှားမှု ပြုလုပ်ပေးပါ

- မတ်တပ်ရပ်ပြီး လုပ်လို့ရတဲ့ တချို့အလုပ်တွေကို ထိုင်ရာကနေ ထပြီး လုပ်ပါ (ဥပမာ ဖုန်းပြောတာ၊ အစည်းအဝေးလုပ်တာ)

- ရုံးစားပွဲမှာ ထိုင်နေရင်းနဲ့ လုပ်လို့ရတဲ့ အကြောဆန့်၊ အကြောလျှော့ လေ့ကျင့်ခန်းတွေကို လုပ်ပေးပါ

- နာရီဝက်တခါ ထိုင်ရာမှထပြီး လမ်းခဏလျှောက်တာ၊ မတ်တပ်ရပ်တာတွေ လုပ်ပေးပါ

- ဓါတ်လှေကားအစား လှေကားတွေကို ပိုအသုံးပြုပါ

ထိုင်ပြီးလုပ်ရတဲ့ အလုပ်တွေက မပင်မပန်းနဲ့ လူသက်သာတယ်ဆိုပေမယ့် ရေရှည်မှာ ကျန်းမာရေး အန္တရာယ်တွေ ရှိလာနိုင်ပြီး အသက်တိုတဲ့အထိ ဖြစ်စေနိုင်တာကြောင့် သတိပြုဆင်ခြင်နိုင်ဖို့ ဗဟုသုတအနေနဲ့ မျှဝေလိုက်ရပါတယ်။

Pharmacist Noble
Medical Knowledge sharing

Reference

https://www.medicalnewstoday.com/articles/sitting-down-all-day#treatment

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)