Author's Profile Photo

Reviews by Benevolent

22/05/2024

'ဥပေက္ခာဆိုတာ

1 min read
Life Style
General Knowledge

ဥပေက္ခာနဲ့ ခွင့်လွှတ်နိုင်ရမယ်။ လောကလူတွေက ခွင့်မလွှတ်နိုင်ကြဘူးနော်။ ခွင့်မလွှတ်နိုင်တာလည်း မာနကြောင့်ပဲ။ တကယ်မေတ္တာတရားနဲ့ ကောင်းကျိုးချမ်းသာကို ဆောင်ရွက်ပေးပေမယ့်လို့ ဥပေက္ခာမထားနိုင်လို့ရှိရင် ခွင့်မလွှတ်နိုင်ပြန်ဘူး။ ဥပေက္ခာတရားဆိုတာ ခွင့်လွှတ်နိုင်တဲ့ စွမ်းအားသတ္တိရှိတယ်။ တစ်ဦးတစ်ယောက်က ဘာတွေပဲလုပ်လုပ် အဲဒီလုပ်သမျှတွေအပေါ်မှာ မှတ်သားမထားဘူး၊ အမှတ်မထားဘူး။ ကိုယ်လုပ်သင့်တဲ့အလုပ်ကို လုပ်သွားတယ်။ ဒါကို ဥပေက္ခာလို့ ခေါ်တာနော်။

တချို့က အဓိပ္ပာယ်ပြောင်းလဲပြီး ဥပေက္ခာကို ပြောကြတယ်။ မတည့်တဲ့လူတစ်ယောက်ကို ဥပေက္ခာပြုထားတယ်။ ခေါ်လည်း မခေါ်ဘူး။ ပြောလည်း မပြောဘူး။ ဒီလိုပစ်ထားတာကို ဥပေက္ခာလို့ ထင်ကြတယ်။ ဥပေက္ခာရဲ့သဘောက အဲဒီလို မဟုတ်ဘူး။ အင်မတန်မှ မြင့်မြတ်တယ်။ လူတစ်ယောက် ကိုယ့်အပေါ်မှာ စော်ကားမော်ကားပြောတဲ့စကား၊ သူ့ရဲ့လုပ်ရပ်တွေအပေါ်မှာ အမှတ်မထားဘဲနဲ့ ကိုယ်လုပ်သင့်တယ်ထင်လို့ရှိရင် လုပ်ပေးတယ်နော်။ လူတစ်ယောက်ရဲ့ စော်ကားမှုကို အမှတ်မထားဘူး၊ ချီးမွမ်းမှုကိုလည်း အမှတ်မထားဘူး။ လုပ်သင့်တာကို လုပ်ပေးတယ်။

လောကလူသားတွေက ကိုယ့်ကို ချီးမွမ်းလို့ရှိရင် ပိုလုပ်ပေးတယ်။ ကိုယ့်ကို ကဲ့ရဲ့လို့ရှိရင် ပစ်ထားတယ်။ အဲဒါဟာ ဥပေက္ခာမဟုတ်ဘူး။ ဥပေက္ခာရဲ့သဘောက ကိုယ့်ကို ချီးမွမ်းရင်လည်း အမှတ်မထားဘူး။ ကဲ့ရဲ့လို့ ရှုံ့ချရင်လည်း အမှတ်မထားဘူး။ နှစ်ခုစလုံးကို အလေးမထားဘဲနဲ့၊ စိတ်ထဲမှာ သိမ်းမထားဘဲနဲ့ လုပ်သင့်တဲ့အလုပ်ကို လုပ်ပေးတာ။ စိတ်ဓာတ်ပြောင်းလဲမှု မရှိဘူး။ မေတ္တာ၊ ခန္တီတို့ရဲ့ လုပ်ငန်းတွေကို သူက ဆက်လက်လုပ်ပေးတယ်။ အဲဒါကို ဥပေက္ခာလို့ ခေါ်တယ်။

နောက်တစ်ခုက လောကလူတွေဟာ ကိုယ်က မေတ္တာရှိလို့ လုပ်ပေးပေမယ့်လို့ ဥပေက္ခာမထားနိုင်ကြဘူး။ ကူညီထားတဲ့သူက ကိုယ့်ကို မကူဘူးဆိုတဲ့ အချိန်ကျရင် သူက မကျေနပ်ဖြစ်ပြန်ရော။ အဲဒါ ဥပေက္ခာမထားနိုင်တာနော်။ ဥပေက္ခာထားနိုင်တဲ့ ပုဂ္ဂိုလ်ကျတော့ “ငါ့ကို ကူညီသည်ဖြစ်စေ၊ မကူညီသည်ဖြစ်စေ၊ ငါကူညီတာက ငါ့ကိစ္စ၊ သူက ငါ့ကို အသိအမှတ်ပြုသည်ဖြစ်စေ၊ အသိအမှတ်မပြုသည်ဖြစ်စေ၊ အသိအမှတ်ပြုခြင်း၊ မပြုခြင်းဆိုတဲ့အပေါ်မှာ ကိုယ်က လျစ်လျူရှုနိုင်တယ်” နော်။ သူ့ဆီက တုန့်ပြန်လာတာကို ဘာတစ်ခုမှ မမျှော်လင့်တာ။ အဲဒါက ဥပေက္ခာပဲ။


Please YouTube ?
https://youtube.com/@reviewsbybenevolent?si=WIV_A-UsfAtyBtW8

စာဖတ်ခြင်းကို အချိန်ပေးပျော်မွေ့နိုင်ကြပါစေ။

Benevolent Guy

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်နှစ်ဆယ့်ခုနှစ်-အသိရှိရှိရှင်သန်ခြင်းကိုယ်ပိုင်စည်းမျဉ်း(ဂုဏ်တန်ဖိုး)စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းမေတ္တာပေးခြင်းဆ်ိုသည်မှာ...စာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးထူးဆန်းတဲ့လောက