Author's Profile Photo

ယဥ်သီရိလှိုင်(ဆောင်း)

21/05/2024

စိမ်း

1 min read
Life Style
Art
18 Again
စိမ်း's photo



နာမည်လေးနဲ့လိုက်အောင်စတွေ့ထဲက အကြည့်တွေကစိမ်းကားခဲ့တယ် နာမည်မေးတော့ စိမ်းပါ
လို့ဖြေတဲ့ မောင့်စိမ်းရယ် အသံလေးနဲ့မောင့်ကိုသတ်ရလား

စူးရှပြီးဆွဲဆောင်မှုရှိတဲ့ စိမ်းရဲ့အကြည့်တွေကိုမောင် မလွန်ဆန်နိုင်ခဲ့ပါဘူး မောင့်ကိုဒီလိုပြုစားရတာ စိမ်းကျေနပ်တယ်မဟုတ်လားကွာ

သူငယ်ချင်းဖြစ်ဖို့စကြိုးစားခဲ့တဲ့ အဲ့နေ့က စိမ်းရဲ့လက်ဝါးချက်လေးမောင်မိခဲ့သေးတယ်နော် စွာစိလန်လေး‌စိမ်းပါ အဲ့လိုစွာတာလေးကိုသဘောကျတာစိမ်းသိမယ်မထင်ပါဘူး

ကြိုးစားမှုရဲ့ရလာဒ်လို့ဆိုမလား စိမ်းနဲ့မောင်သူငယ်ချင်းဖြစ်ခဲ့ရတယ် ပိုပြီးခင်လာလေလေ လောဘကပိုတက်လာတယ် စိမ်းနဲ့ပက်သတ်တဲ့ဘာမဆိုမောင်အရမ်းသိချင်တယ်ဘာကိစ္စဖြစ်ဖြစ်အတူတူကိုင်တွယ်ချင်တယ် မောင်ထပ်ကြိုးစားခဲ့တယ် သိခွင့်ရခဲ့တယ်အကုန်လုံးဆိုတာထက်ပိုခဲ့ပြီ

အနေအေးသလောက်တခါတရံ စိတ်ဖောက်ပြီးမောင့်ကိုကိုက်တတ်တဲ့ခွေးပေါက်လေးရေ သွားတက်လေးနဲ့ကိုက်တော့မောင်နာတာပေါ့ကွာ အဲ့အစားမောင့်ပါးကိုသာ ခပ်နာနာလေးနမ်းလိုက်ပါတော့လား ဒါမှမဟုတ်စိမ်းနှုတ်ခမ်းလေးနဲ့ထိုးလည်းမောင်ကျေနပ်ပါတယ်

မောင့်ထက်ငယ်တဲ့စိမ်းက သူများတွေနဲ့မတူအောင်လို့တဲ့ ကိုကိုမခေါ်ဘဲမောင်လို့ခေါ်တယ် ဒီလိုတွေလုပ်နေမှတော့ မောင့်ရဲ့စိတ်ထဲ စိမ်းပါဘဲကွာ အကြည့်ချင်းဆုံတောင်ရှက်တတ်တဲ့စိမ်းက မောင့်ကို ချစ်တယ်လို့ လူလယ်ခေါင်မှာအော်ပြောခဲ့တဲ့ အဲ့နေ့ကမောင်ပျော်လွန်းလို့သေပြီတောင်ထင်ခဲ့တာစိမ်းရယ်

သဘောကျတယ် ချစ်တယ် မြတ်နိုးတယ် ဒီစကားလုံးတွေက မောင်စိမ်းပေါ်ထားတဲ့သဘောထားကိုဘယ်မှီလိမ့်မလဲ မောင့်အမျိုးသမီးလေး မောင့်အနားမရှိတဲ့အချိန်လေးမှာ စိမ်းကိုချစ်တဲ့မောင့်အချစ်တွေနဲ့မောင်ဖြေသိမ့်မယ် ပြန်တွေ့တဲ့အခါ မောင့်နှလုံးခုန်သံကိုနားထောင်ခိုင်းမယ် ပုံမှန်မဟုတ်တဲ့နှလုံးခုန်သံကပြောတယ်
စိမ်း..... စိမ်း ..... စိမ်း တဲ့


ချစ်သောreadersလေးတွေ?
အမှားပါရင် သည်းခံဖတ်ပေးပါရှင့်၊?

Keep Reading

ပျော်စရာနေ့စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဆင်းရဲသားလေး ဂျက်လန်ဒန်ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်မရိုးတရိုးရန်ကုန်မိုးကမ္ဘာ့နိုင်ငံရေးဆိုင်ရာအတွေးခေါ်များ (မြင့်စိုးလှိုင်)❝ မသိမှု ဝတ်ရုံကြီး ❞လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြသနာစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်း