ဒီဆောင်းပါး ခေါင်းစဉ်မှာ သူငယ်ချင်းများဆီသို့ပေးစာ လို့ ခေါင်းစဉ်တင်ထားပေမဲ့ လူတိုင်းနဲ့ သက်ဆိုင်တဲ့သဘောကိုဆိုလိုပါတယ်။ ဆောင်းပါးထဲမှာ လူတွေနေ့စဉ်နဲ့အမျှကြုံတွေ့နေရတဲ့အရာတွေနဲ့ပတ်သက်ပြီး ကိုင်တိုင်ကြုံတွေ့ရတဲ့ အတွေ့အကြုံများကိုရော ပေါင်းစပ်ပြီး ရေးထားတာဖြစ်ပါတယ်။
နံပါတ် (၁) ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့၊ ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်ပါ။
- အမှားတစ်ခုလုပ်လိုက်တဲ့အခါ ဒီအချက်လေးကို သတိရပါ။
- ကိုယ်ဒီအမှားလုပ်မိလိုက်တာကြောင့် သင်ခန်းစာအသစ်ရသွားတယ်လို့ မှတ်ယူပါ။
- မှားဖူးတဲ့အတွက် နောက်တစ်ခါမမှားအောင် ဆင်ခြင်သတိထားနိုင်စေတယ်၊ ဒါကြောင့် မိမိကိုယ်ကိုယ် ကျေးဇူးတင်ပါ။
နံပါတ် (၂) ဒုက္ခတွေကို သုခလို့မြင်ပါ။
- အဆင်မပြေစရာကိစ္စတွေကြုံရတိုင်းစိတ်ညစ်တယ်လို့ တွေးမဲ့အစား ဒါဟာကိုယ့်အတွက် တိုးတက်စေဖို့ အခွင့်အလမ်းပဲလို့ မှတ်ယူပါ။
- တကယ့်ဒုက္ခဆိုတဲ့အရာက သုခဖြစ်စေဖို့အတွက် ဖြစ်ပေါ်လာတယ်ဆိုတာ သူငယ်ချင်း မင်းမမေ့ပါနဲ့။
နံပါတ် (၃) အတွေးတွေကို ပြောင်းပစ်ပါ။
သူငယ်ချင်းရေ မင်းအတွေးတွေက မင်းဘဝကို ပြောင်းလဲစေနိုင်တယ်ဆိုတာ သိလား။
- မင်းအတွေးတွေ ပြောင်းလဲရင်ပဲ ချက်ချင်း မင်းကို အဆင်မပြေစေတဲ့အရာတွေကို သုံးပုံတစ်ပုံလျှော့သွားစေတယ်။
- အတွေးတွေ(ကောင်းတဲ့အတွေး) ပြောင်းလဲလိုက်တဲ့အတွက် ဘဝကိုလည်း ကောင်းတဲ့ဘဝရောက်ရှိစေပါတယ်။
နံပါတ် (၄) ကိုယ့်အားကိုယ်ကိုးပါ။
- ဆုံးဖြတ်ချက်တွေ ချဖို့လိုလာတဲ့အခါ ရွေးချယ်စရာရှိလာတဲ့အခါ ဘယ်သူ့မှမမေးပါနဲ့။
- တစ်ခါတစ်လေ ဆုံးဖြတ်ချက်ချဖို့ နှစ်ခု၊သုံးခုရှိလာရင် တွေဝေနေတတ်ကြပါတယ်၊ အဲ့ခါ ကိုယ်တကယ်လုပ်ချင်တဲ့အရာကို ရဲရဲသာရွေးချလိုက်ပါ။
- ဘဝအတွက် အရေးကြီးတဲ့အရာကို ဆုံးဖြတ်ချက်ချရတော့မယ်ဆိုရင်တော့ အတွေ့အကြုံရှိဖူးပြီးသားလူတွေဆီကနေ နည်းယူပါ၊ ပြီးရင်တော့ ကိုယ်တိုင်သာ ဆုံးဖြတ်ပါ။
နံပါတ်(၅) အကုန်လုံးကိုလက်မခံပါနဲ့။
- ဘယ်လိုအကုန်လုံးလဲဆိုတော့ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရောလက်ခံတဲ့နေရာမှာ ဖြစ်ပါတယ်၊
- ကိုယ့်အတွက် မကောင်းမှုကိုဖြစ်မဲ့အရာ၊ စိတ်ကိုအဆင်မပြေဖြစ်မဲ့အရာတွေဆို လုံးဝလက်မခံပါနဲ့၊ ရောက်လာရင်လည်း လက်မခံတဲ့အတွက် သူ့ဟာသူရှိနေပါလိမ့်မယ်၊ ဥပမာ-လက်ဆောင်ပစ္စည်းတစ်ခု လိုပါ၊ လူတစ်ယောက်က ကိုယ့်ကို လက်ဆောင်လာပေးတယ်၊ ကိုယ်မလိုချင် လက်မခံချင်ရင် မရပါဘူး၊လိုချင်လက်ခံမှ ရမှာပါ။
အဓိကက အမြဲတမ်း သတိ၊ဝီရိယ ရှိနေဖို့တော့လိုပါတယ်။
ဒီငါးချက်ကို သေချာလိုက်နာကျင့်သုံးရင် စာဖတ်သူတို့ နေ့စဉ်ဘဝမှာ ဘာပဲကြုံလာကြုံလာ ပျော်ရွှင်ရမယ်လို့ စာရေးသူပြောရဲပါတယ်။
စာဖတ်သူများအား ထာဝစဉ်လေးစား လျှက်....
My_Collections_Channel
May 20 Monday 2024
23:00PM (@Ag)