SarPhat Author
''အချစ်စစ်" ရဲ့ တကယ့်အဓိပ္ပါယ် ဘာလည်းဆိုတာကို စူးစမ်းလေ့လာဖူးကြပါသလား။ ဗုဒ္ဓဝါဒမှာ အချစ်စစ်နဲ့ပတ်သင့်လို့ ဘယ်လိုဖော်ပြထားလည်းဆိုတာရယ်၊ တကယ်ချစ်မိနေတဲ့အခါ ဘဝကိုဘယ်လိုပြောင်လဲ့နိုင်မလည်းဆိုတာကို ဒီဆောင်းပါးထဲ့မှာ ဖော်ပြထားပါတယ်။ စာဖတ်သူတို့အနေနဲ့ တစ်စုံတစ်ယောက်ယောက်နဲ့ ချစ်ဖူးပါသလား။ ကျွန်တော်ကတော့ ကြုံခဲ့ဖူးပါတယ်။
အချစ်နှင့်လိုအင်ဆန္ဒ ဆိုတာ ဘယ်သူ့ကိုမဆို ဘယ်တော့မှ မတင်းတိမ်နိုင်တဲ့ တချိုက်မက်မက် ရမ္မက်ဆန္ဒနောက်ကို ရောက်လို့ရောက်မှန်းမသိအောင် တွန်းပို့ပေးနိုင်ပါတယ်။ ဒါတင်မကပါဘူး စိတ်ကြေနပ်စရာလည်း အလျှင်းမရှိတဲ့အပြင် ဘယ်တော့မှ မငြိမ်းနိုင်တဲ့ တတ်မက်မီးထဲ့ကိုလည်း တွန်းပို့နိုင်ပါတယ်။
ချစ်မိနေပြီဆိုရင် ဆုံးရှုံးရမည့်အကြောက်တရားက အလေးသာ နိုင်ပါသလား။
တစ်ဦးတစ်ယောက်ယောက်ကို ချစ်မိသွားပြီဆိုရင် ကိုယ်ကတကယ်ပဲ ချစ် ၊မချစ် ဆိုတာ ကိုယ့် ရဲ့ခံစားချက်တွေကို အရင်သရုပ်ခွဲကြည့်နိုင်ပြီးမှသာ သိနိုင်တာပါ။
ချစ်မိနေပြီဆိုရင် လက်လျှောလိုက်ရမှာကို စိုးရိမ်စိတ်နဲ့ ပူပင်ကြောင်းကြရပြီး စိတ်လွတ်ကိုယ်လွတ်ဖြစ်ကြရတယ်။ ချစ်မိနေပြီဆိုကတည်းက တစ်နေရာရာကို ဦတည်နေပြီးသားပါ။ ရပ်နားပြီဆိုရင်ဘာဖြစ်မလည်း မသိနိုင်ဘူးလေ။
လေထဲမှာလွင့်မျေားနေတာလား ကုန်ပေါ်မှာလွင့်မျောနေတာလား အငွေ့တထောင်းထောင်ထနေတဲ့ ရေပူကန်ထဲ့များ ကျသွားသလား ကိုယ်ဘယ်ရောက်နေလည်းဆိုတာကို ကိုယ့်ဟာကိုယ် ဆန်းစစ်ကြည့်ရမယ်။ ကြည်ဖူးတာမျိုးကားရှိကြပါသလား။ ချစ်မိသွားတာပဲဖြစ်ဖြစ်၊ ချစ်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဘာပဲဖြစ်ဖြစ် ချစ်တယ် ချစ်မှာဘဲ ဆိုတာတွေက ဘာတွေလည်း။ (ဥပါဒါန်)အစွဲအလန်းကို အကြောင်းပြုပြီး အချစ်ရဲ့သဘောကို ပြည်စုံကုန်လုံအောင် ဗုဒ္ဓဟောကြားခဲ့တာရှိပါတယ်။
ဗုဒ္ဓဘာသာမှာ သဘာဝဓမ္မ ကိုကျော်လွန်ပြီးရေကုန် ရေ ခန်း အားထုတ်တာဟာ အလဟသ အချည်းနီးသက်သက် ဖြုန်းတီးတာလို ရှု့မြင်ပါတယ်။ အခြားတဖက်မှာလည်း ကာမဂုဏ်အာရုံတို့ကို နိုင်ထက်စီးနင်းရှာဖွေနေကြတာဟာ နောက်ဆုံးအဆုံးစွန်၌ ဆင်းရဲခြင်းအကြောင်းတရားတို့ကို သက်ဆိုးရှည်စေတယ်။ ဒါ့အပြင် တဏှာကိုအခြေတည်ထားတဲ့ ဥပါဒါန်အစွဲအလန်း တစ်ခုလည်းပဲ ထပ်ဆင့်လိုက်လာနိုင်ပါသေးတယ်လိုဆိုပါတယ်။ ဒါတွေဟာ လူသားတို့ရဲ့ သဘာဝဓမ္မဆိုင်ရာ မွေးရာပါခံယူချက်တင်မကပဲ၊ မွေးရာပါရည်ရွယ်ချက်တို့ကိုပါ ရှာဖွယ်ဖို့ ခြေတစ်လှမ်းနီးကပ်သွားနိုင်တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။
''အချိန်ကလဆိုတာ ခဏလေးပါ။
အမှတ်တရတွေဆိုတာ တစ်စတစ်စနဲ့
မှုန်ဝါးလွှင့်ပြယ်သွားတတ်ကြတယ်။
အမှန်တရားဆိုတာ ရေတသွင်သွင်းစီးကျနေတဲ့
ရေတံခွန်ငယ်ပမာလိုပါပဲ။
ပကတိ သာယာအေးချမ်းလှတဲ့ ကမ်းစပ်ပေါ်
စဥ်ဆက်မပြတ် တက်လိုက်၊ဆင်းလိုက်
လှုပ်ရှားနေကြတဲ့ ဒီရေလှိုင်းများပမာ
ကိုယ့်ရဲ့ထွက်သက်ဝင်သက်လေးအတိုင်း မှန်မှန်လေး
သွားနေဖို့ပဲလိုတာပါ။
ဒါဟာ ဧကန်အမှန်တစ်ခုပဲ မဟုတ်ပါလော''
ချစ်သူအတွက် အသက်ပေးပြီး သေသွားရင်တောင် ဒါဟာ ကိုယ်မပိုင်တဲ့အရာတွေကို စွန်လွတ် အနိတ်နာခံပေးဆပ်လိုက်တာပဲမဟုတ်ပါလား။ ကိုယ်က သူ့ကို ချစ်တာဟာ ကိုယ့်ကိုယ်လည်း ချစ်တာပဲလေ။ ဒါပေမည့် ကိုယ့်ကို ပိုချစ်တော့ သူ့ကို ပစ်ထားမိပြန်ရော။ ချစ်သူအပေါ် ဦးစားပေမိပြန်တော့လည်း ကိုယ်လိုအပ်ချက်တွေ အမှုမဲ့အမှတ်မဲ့ဖြစ်ရပြန်တယ်။
ဒါကြောင့် Ken Wilber က
''အချစ်စစ်ဆိုတာ ကိုယ်တတ်နိုင်တဲ့အတိုင်းအတာကို ကျော်လွန်ပြီး ဖြည့်ဆည်းဖို့
မတတ်သာတဲ့အခါ ကြေကွဲ ဝမ်းနည်းစရာတွေဖြစ်ကြရတယ်'' လို့ဆိုခဲ့တယ်။
ဒါဟာ တကယ်ပဲလား ။ ကိုယ့်ရဲ့ဘဝကို အခြားသူတစ်ဦးထံမှာ မြုတ်နှံထားပြီး ကိုယ်ကမျော်လင့်သလိုမဖြစ်လာတဲ့အခါ အချစ်ရဲ့ ဒဏ်တွေကို ဘယ်လိုမှ မခံစားနိုင်လောက်အောင် ဖြစ်ကြရတယ်မလား။ ဘဝနဲ့ရင်းပြီးဖြစ်တည်လာခဲ့တဲ့ အချစ်တွေဟာ ကိုယ့်အပေါ်ကနေ စွန့်ခွာ သွားချိန်မှာ ဘယ်လောက်ထိတောင် ရင်မှာ ဟာတာတာနဲ့ နေမထိထိုင်မသာ ဖြစ်နိုင်ရှာမလည်း။ ဒါပေမယ့် အချစ်က ဒဏ်ရာတစ်ခုကို ချန်ထားဖိုဖြစ်နိုင်ပါ့မလား။ ဘာအတွက်ကြောင့် မျော်လင့်ချက်မဲ့ စိတ်ပျက်စေရမှာလဲ ။ အချစ်စစ်အချစ်မှန်မှာ အပေါ်ယံအတ္တလိုအပ်ချက်ဆိုတာလည်းမရှိ၊ မုသာဝါဒဆိုတာလည်နတ္တိ၊ အချစ်စစ်အချစ်မှန်ဟူသမျှတို့မှာ လက်ရှိပစ္စုပ္ပန် မျက်မှောက် ကလမှာပဲ ဖြစ်တည်နေတာဖြစ်လို့ ယူကြုံးမရအောင် ပူလုံကြွဖိုဆိုတာ ဖြစ်နိုင်ပါ့မလား။
အချစ်မီးတွေကို အမှန်တကယ်ဘဲ ဖယ်ရှားလို့ရနိုင်ပါ့သလား… ငြိမ်းသတ်လို့ကားရနိုင်ပါ့မလား ဒါမှမဟုတ် မေ့ပျောက်ပစ်လိုက်ဖို့ကား ရနိုင်ပါရဲ့လား။
David Starlyte ရဲ့ The Meaning of True Love (from a Buddhist’s Perspective) ကို ဆီလျှော်အောင်ဘာသာပြန်သည်။
ဘာသာပြန် -Kyi San Khin
မူရင်းကို ဖတ်ချင်ရင် https://elejrnl.com?p=448545 ထဲ့မှာ ဝင်ဖတ်လိုရနိုင်ပါတယ်။
ဓာတ်ပုံ Google မှ
Keep Reading