Author's Profile Photo

သစ်တိုင်းမွှေး

20/05/2024

bye bye or Goodbye

1 min read
General Knowledge
bye bye or Goodbye's photo
ကျွန်တော်ရဲ့ သူငယ်ချင်းလေးအချို့မရေမရာ ဖြစ်နေတက်တဲ့ Bye Bye Vs Goodbye

ကျွန်တော်ရဲ့ အင်္ဂလိပ်စာလေ့လာနေတဲ့ အချိန်တုန်းက ဒီအသုံးအနှုန်းကို တော်တော်လေးကိုမှ လွဲလွဲမှားမှား အသုံးပြုခဲ့ပါတယ်။ဉပမာဆိုရရင် ဒီနေ့သင်တန်းကပြန်၊မနက်ဖြန်တက်ရမှာကို Goodbyeဆိုပြီး သုံးမိတာမျိုးပေါ့။

Bye byeနဲ့ Goodbye က အဓိပ္ပါယ်အရတော့ တူပါတယ်။အများအားဖြင့်ပေါ့။ဒါပေမဲ့ အသုံးပြုပုံ၊အသုံးချပုံကတော့မတူပါဘူးရယ်။

အသုံးချပုံ
Bye bye

bye byeကို အများအားဖြင့် ပြန်တွေ့ရမှာသေချာတဲ့အခါ နှုတ်ဆက်တဲ့သဘောမျိုးအသုံးပြုကြပါတယ်။
ဉပမာအနေနဲ့ ဒီနေ့အတန်းတက်တယ်။မနက်ဖြန်လဲ အတန်းလာကြရအုံးမယ်။အတန်းပြီးသွားချိန် နှုတ်ဆက်စကားဆိုတဲ့အချိန်တွေမှာ အသုံးချကြပါတယ်ဗျ။

Goodbye

Goodbye ကိုတော့ ပြန်တွေ့ဖို့မသေချာဘူးဆိုတဲ့အခြေအနေမှာ အသုံးချကြပါတယ်။မြန်မာလို ခိုင်းနှိုင်းရမယ်ဆိုရင် ကံမကုန်ရင် ပြန်ဆုံမယ်ဆိုတဲ့သဘောမျိုးပါ။

ဉပမာဆိုရရင် ကျောင်းသားဟောင်းတွေ့ဆုံပွဲပြီးသွားတဲ့ အချိန်နှုတ်ဆက်တဲ့အခြေအနေမျိုးမှာအသုံးချကြပါတယ်။အကြောင်းက ကျောင်းသားဟောင်းတွေဆိုတော့ ကိုယ်စီကိုယ်စီ အလုပ်တွေဝင်နေကြ စားဖို့သောက်ဖို့ ရှာကြဖွေကြဆိုတော့ နောက်တွေ့ဖို့မသေချာကြလို့ပါ။

ဒါကတော့ ကျွန်တော်အနေနဲ့ အင်္ဂလိပ်စာ လေ့လာတုန်း​က မှားခဲ့သလို သူငယ်ချင်းလေးတို့မမှားနိုင်အောင် မျှဝေပေးလိုက်ရပါတယ်။ ။

ချစ်သော
သစ်တိုင်းမွှေး

Keep Reading

မင်းမရှိခဲ့ရင်Strategy တွေ ထိရောက်ဖို့....မုန်းခိုင်းတိုင်း မုန်းမှာလား ဒါတို့ပြည် -------------စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဟာရူကီမူရာကာမိဆိုတာစာရေးဆရာနတ်နွယ်ဆိုတာThe Fall Of SpartacusPersonal Finance Levels𝙅𝙤𝙝𝙣 𝙎𝙩𝙚𝙞𝙣𝙗𝙚𝙘𝙠 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣 📚