Author's Profile Photo

Brody

20/05/2024

လွတ်လပ်မှု...

1 min read
Life Style
Art
လွတ်လပ်မှု...'s photo

တစ်ချိန်တုန်းက အသက် 14နှစ်အရွယ်ကောင်လေးနှစ်ယောက်ရှိတယ်သူတို့က8နှစ်ကြာကြာခင်လာကြတဲ့ကောင်လေးနှစ်ယောက်ပေါ့။ကောင်လေးတစ်ယောက်နမည်က ဂျွန်တဲ့နောက်တစ်ယောက်နမည်က မာတာတဲ့ သူတို့ကငယ်ငယ်တုန်းကတော့တူတူပျော်တူတူဘဝကြီးကိုပျော်ရွင်စွာ ဖြတ်သန်းကြတယ်သူတို့ရဲ့ဆက်ဆံရေးအေးစက်သွားတဲ့အချိန်ကတော့သူတို့ ရဲ့teenagerဖြစ်တဲ့အရွယ်ပဲ မာတာလေးကကျောင်းမှာ ပေါ်ပျူလာ ဖြစ်ချင်လာတယ် ကောင်မလေးတွေကို စိတ်ဝင်စားလာတယ် ဂျွန်လေးကတော့အဲ့တာတွေကိုမမက်ဘဲ သူကလူအေးလေးဖြစ်လာကာ တစ်ယောက်ထဲပဲနေချင်လာတယ်။ တစ်ညကြတော့ ဂျွန်လေးက စာရေးဖို့ ကမ်းဆက်နားကိုရောက်လာတယ်။ မာတာလေးကလည်း ပျင်းလိုဆိုပြီး ကမ်းခြေ ဘက်ကိုရောက်လာတယ်
သူက ဂျွန်ကိုတွေ့တော့လှမ်းနှိုတ်ဆက် လိုက်တယ် ဂျွန်ကလည်း ပြန်ပြီးလက်ပြလိုက်တယ်။ မာတာ က ဂျွန် နား လာပြီး



"ဟောင့် မနက်ဖြန် ကျောင်းက မယ်ရီရဲ့ ပါတီရှိတယ် မင်းမလိုက်ချင် ဘူးလား မယ်ရီ လေးက မင်းကို သဘောကျနေတယ်ထင်တယ်"

ဂျွန်က မာတာကိုကြည့်ပြီး

"တော်ပါကွာ ငါအဲ့တာတွေစိတ်မဝင်စားပါဘူး ဘယ်သူပဲကြိုက်ကြိုက် ဘယ်သူပဲမုန်းမုန်း ငါ ဂရုမစိုက် ဘူး ငါကအေးအေးဆေးဆေး နေချင်တာကွ"

မာတာကသူ့ကိုတစ်ခု မေးလိုက်တယ်

"မင်းကဘာလို့ ငါတို့တစ်ခြား လူငယ်တွေလိုမဟုတ်တာလဲ လူငယ်ဆိုတာ လွပ်လွပ်လပ်လပ်နေကြတာ ပဲ မင်းက အဘိုးအို ကြီး ကျနေတာပဲ"

ဂျွန်ကတစ်ချက်ပြုံးပြ ပြီး

"လူတိုင်းကအကြိုက်ချင်းမတူဘူး ကွ မင်းတို့လိုမျိုးပုံစံကိုလူငယ်တော်တော်များများကြိုက်ကြတယ်ဆိုတာသိတယ် ဒါပေမဲ့ စဉ်းစားကြည့်ရင် သက်သက်အချိန်ဖြန်း တယ်လို့ထင်တာ ကွ ငါက အေးအေးဆေးဆေး နေချင်တာ ငါကြီးလာရင် ရွက်လှေလေးတစ်စီး နဲ့ ငါ့ဘာသာ တစ်ယောက်ထဲပင်လယ်ကြီး ဆီ ခရီးထွက်မယ်ကွ "

မာတာက

"ဟာ မင်းက ဆရာဝန်တို့ အင်ဂျင်နီယာတို့ က ပိုပြီးဝင်ငွေကောင်းတာကွ "

ဂျွန်ကပြန်ပြောတယ်

"အေး‌မင်းပြောတာမှန်တယ် ဒါပေမဲ့ ငါပြောတာကို နားထောင်ကြည့် လေတဖြူးဖြူး‌တိုက်နေတဲ့ပင်လယ်ပြင်ကြီးမှာ အမည်မသိကျွန်းတွေနယ်မြေအသစ်တွေ ရေနေသတ္တဝါလေး တွေ ရေခဲပြင်ကြီးတွေ ကျွန်းလှလှကြီးတွေ ဆီကို ငါက စွန့်စားချင် တာ တစ်ခါတစ်လေ မုန်တိုင်းတွေကြုံလို့အခက်အခဲတွေတွေ့နိုင်ပေမဲ့ ငါက ထပ်ပြီးအားတင်း ထားကာ ခရီးထွက်ချင်တာ ကွ"

မာတာကနေပြီးတော့

"မင်းအဲ့ဘဝရီး ကပျင်းစရာကြီးပါကွာ ဘုရားပေးထားတဲ့ ခန္ဓာကိုယ်ကိုတော့ နာကျင် ဆာလောင်အောင်မလုပ်ချင်ပါဘူး ကွာ "

ဂျွန်ကလည်း စကား ပြန်လု လိုက်တယ်

"မင်းပြောသလို ပြန်ပြောရမယ်ဆို ဘုရားပေးထားတဲ့ လက်နဲ့အစားတွေစားး ပါတီတွေသွား မကောင်းမှုတွေလုပ်ပြီးတော့အဆီမပိတ်ချင်ပါဘူးကွာ"

ဆိုပြီးရီ ကာ သူ့အိမ်ဘက်ကို လမ်းလျှောက်ပြန်သွားလိုက်တယ်။ မာတာကတော့ ကမ်းခြေမှာကြောင်တောင်တောင် နဲ့ လှေကလေးထွက်ခွာထား တာကို ကြည့်နေတော့တယ်။




*****လူတိုင်းမှာ လွပ်လပ်စွာ သွားလာခွင့် ဆုံးဖြတ်ပိုင်ခွင့် ရှိကြတယ် သူများရဲ့ လွပ်လပ်မှုကိုလဲ မပိတ်ပင်သင့်သလို ကိုယ့် လွပ်လပ်မှု ကိုလဲ အပိတ်မခံသင့်ပါ။*****

ARTFairy ?. 5/20/2024

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)