Author's Profile Photo

သစ်တိုင်းမွှေး

20/05/2024

May 20

1 min read
General Knowledge
May 20's photo
နွေလယ်မေလ၂၀ရက်နေ့။


ဒီနေ့က ကျွန်တော်ရဲ့ သူငယ်ချင်း(စာဖက်သူ)တို့အတွက် ရွက်ကြွေနေတဲ့ မေလထဲက ရက်တစ်ရက်ပါပဲ ဟုတ်တယ်ဟုတ်။ဒီသာမာန် ရက်ကလေးကတော့ သိပ်သာမာန်ဆန်ချင်ပုံမရပဲ ကျွန်တော်တို့အပေါ် သဘာဝတရားကြီးရဲ့ တာဝန်ကလေးကို ပေးအပ်ချင်တယ် ထင်ပါရဲ့။မဟုတ်ရင် ဒီနေ့လေးဟာ ပျားတွေရဲ့ ရှင်သန်မှုကို ကာကွယ်ရမဲ့ ကမ္ဘာပျားများနေ့ လို့ သတ်မှတ်ထားမှာမဟုတ်ပေ။

ပျား


ငယ်စဉ်တောင်ကျေးဘဝမှာ ပျားတုတ်လို့ မအော်ငိုဖူးလိုက်ရသူ ဒီကသူငယ်ချင်းတွေထဲ မရှိဘူးရယ် လို့ကျွန်တော်မျှော်လင့်ပါတယ်။အဲ့တုန်းကတော့ လာတုတ်တဲ့ ပျားကလေးကို မုန်းကြ၊ကြောက်ကြမကြိုက်ကြနဲ့ ပျားအပေါ် တသီးတသန့် စိတ်ခံစားချက်တွေရှိကြမှာပါ။ကျွန်တော်တို့ရဲ့ငယ်ဘဝမှာ ကြောက်စရာ နတ်ဆိုးဖြစ်နေတဲ့ ပျားနဲ့အမှတ်တရလေးတွေတော့ သူငယ်ချင်းတို့မှာ ကိုယ်စီကိုယ်စီရှိနိုင်လောက်ပါတယ်။ဒါပမဲ့ သူငယ်ချင်းလေးတို့ရဲ့ သားသမီးမြေးမြစ်တွေကတော့ ပျားဆိုတဲ့အကောင်ငယ်လေးတွေနဲ့ အမှတ်တရဖန်တီးဖို့နေနေသာ တွေ့ရဖို့ ကိုမှ50%လောက်တာ ရှိကြတော့တာပါ။အကြောင်းကတော့ ပျားကလေးတွေဟာ သူတို့ရဲ့ ရှင်သန်မှုကို ခြိမ်းခြောက်ခြင်းခံနေရတာမလို့ပါပဲ။

​ခြိမ်းခြောက်ခြင်းခံနေရတာ ပျားကလေးပဲလားဆိုတော့ မဟုတ် လိပ်ပြာတွေ၊လင်းနို့တွေ ဟမ်မင်ငှက်တွေကလဲ အလားတူခြိမ်းခြောက်ခံနေရပါတယ်။သူတို့ဟာ

မျိုးသုန်းပျောက်ကွယ်ခြင်း

ဆိုတဲ့ စကားစုလေးကနေ သူတို့ရဲ့ရှင်သန်မှုကို ခြိမ်းခြောက်ခံနေရပါတယ်။ဘယ်သူဆီကနေ ခြိမ်းခြောက်ခံနေရတာလဲဆို အားလုံးတွေးထားမိတဲ့အတိုင်း လူသားတွေဆီကပါပဲဗျာ။လူသားတွေအနေနဲ့ လွန်ကျွံတဲ့အပြုအမှုအချိို့ကြောင့် ဒီခြိမ်းခြောက်မှုတွေက ဖြစ်ပေါ်လာရတာပါတဲ့။

အကျိုး

လူသားဖြစ်တွေ အပင်ကလေးဖြစ်စေ တိရစ္ဆာန် လေးတွေဖြစ်စေ အားလုံးဟာ သဘာဝ ပတ်ဝန်းကျင်ကမ္ဘာကြီးကို ခြေတံမှီခြေတံ လက်တံမှီလက်တံနဲ့ ကိုယ်မှီရာမှီရာ အကျိုးပြုနေကြပါတယ်။ဝတ်မှုန်ကူးတာကလဲဂေဟစနစ်ရဲ့ အ​ခြေ ခံကျ​တဲ့စနစ်ဖြစ်တဲ့အပြင် ကမ္ဘာ့စားနပ်ရိက္ခာသီးနှံတွေရဲ့
၇၅% ကျော်၊ကမ္ဘာ့စိုက်ပျိုးမြေ ၃၅%အပါကမ္ဘာပေါ်ရှိ တောရိုင်းပန်းပွင့်မျိုးစိတ်တွေ ၉၀% နီးပါးက တိရစ္ဆာန်ဝတ်မှုန်ကူးမှုအပေါ်တွင် လုံးဝ ဒါမှ မဟုတ်ရင် အနည်းဆုံး တစ်စိတ်တစ်ပိုင်းအားဖြင့် အမှီတဟဲပြုနေပါတယ်။ဒါအပြင် အချို့သော ဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းမှုပိုင်းဆိုင်ရာမှာလဲ ကူညီပါသေးတယ်။

ဒါကြောင့် ခြိမ်းခြောက်မှုတွေ တစစလျော့နည်းသွားအောင် ကုလသမဂ္ဂ ကနေ မေလ၂၀ရက်နေ့ကို ကမ္ဘာ့ပျားများနေ့ လို့ သတ်မှတ်ပေးခဲ့ပါတယ်။ကျွန်တော်တို့အနေနဲ့လဲ ဒီခြိမ်းခြောက်မှုကို တစ်စိတ်တစ်ပိုင်းမျှလျော့ကြသွားအောင် လုပ်ဆောင်သင့်ပါတယ်။အကြောင်းကတော့ ကျွန်တော်တို့ လက်ထဲမှာ ဇီဝမျိုးကွဲတွေနဲ့ မျိုးသုန်းခါနီး သတ္တဝါ တို့အား ကာကွယ်ဖို့ သဘာဝတရားကြီးက တာဝန်ပေးထားလို့ပါပဲ။ ။


ချစ်သော
သစ်တိုင်းမွှေး


Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအချိန်ဆွဲတဲ့အကျင့်ဆိုးစိတ်ဓာတ်ကျနေတဲ့အခါ"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းကော်ဖီတမ်းချင်း