Author's Profile Photo

LY Cho

20/05/2024

ဆံပင်ကျွတ်ရသော အကြောင်းအရင်းများ

1 min read
Life Style
ဆံပင်ကျွတ်ရသော အကြောင်းအရင်းများ's photo

လူတစ်ဦးရဲ့ ဒုတိယမျက်နှာက ဦးခေါင်းပေါ်ရှိ ဆံပင်ဖြစ်တယ်ဆို လူတိုင်းသတိထားမိမှာပါ ။

ဆံပင်ပုံစံဒီဇိုင်းက လူတစ်ဦးရဲ့ အလှအပ ၄၅ ရာခိုင်နှုန်းကို ထုတ်ဖော်ပြသပေးသဖြင့် ဆံပင်ကျွတ်လို့ မိန်းကလေး အများစုက စိတ်ညစ်နေမှာ အမှန်ဖြစ်ပါတယ်။ သာမာန်လူတစ်ဦးက တစ်နေ့ကို ဆံပင် ၅၀ မှ ၁၂၀ အထိကျွတ်လေ့ ရှိတယ်ဆိုတာ သတိထားမိမှာ မဟုတ်တဲ့အပြင် ဦးခေါင်းပေါ်တွင် ဆံပင် အေရေအတွက်ပေါင်း ၁၂၀,၀၀၀ ဝန်းကျင် အထိရှိပါတယ်။ ဆံပင်က တစ်ခြားအမွေးအမျှင်များထက် ရှည်နှုန်းမြန်ပြီး ဆံပင်တစ်ပင်ရဲ့ သက်တမ်း ပြမျှအားဖြင့် လေးနှစ်ဝန်းကျင် အထိရှည်နိုင်ပါတယ်။ ဆံပင်က အကုန်လုံးရှည်တာမဟုတ်ပါ။ ၈၅ ရာခိုင်နှုန်းကရှည် ပြီး ၁၅ ရာခိုင်နှုန်းက ဆက်လက်မရှည်ဘဲ ရပ်တန့်နေပါတယ်။



ဆံပင်ကျွတ်ရခြင်း အကြောင်း


ဆံပင်ကျွတ်ရခြင်း အကြောင်းရင်းက

_ခန္ဓာကိုယ်တွင် ဟော်မုန်းဓာတ်ပြောင်းလဲတာ
_မျိုးရိုး ဗီဇ ရှိတာ၊
_အာဟာရချို့တဲ့တာ ၊
_ဆံပင်ကျွတ်နေကျ သူများ
_စိတ်ဖိစီးမှုများကြောင့်လည်း ဆံပင်ကျွတ်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ဒါ့အပြင်

_ကိုယ်ဝန်ရှိချိန်
_ ဦးရေပြားမှိုစွဲတာ ၊
_ပဋိဇီဝဆေးများ ရေရှည်သောက်သုံးချိန်
_ဆံပင်ကို အလွန်အကျွံ ပေါင်းတင် ၊ ဆေးဆိုး ၊ အပူပေးပြီးဖျောင့်တာ များအလွန်အကျွံ ပြုလုပ်တာ ၊
_ခေါင်းဘီး မကောင်းတာ

စတာတွေကြောင့် ဆံပင်ကျွတ်ခြင်းကို ဖြစ်ပေါ် စေနိုင်ပါတယ်။ ဒါ့အပြင် အပူအစပ်စားများတာ ၊ ဆေးလိပ် ၊ အရက်အလွန်အကျွံသောက်တာ နဲ့ အက်စပ်ဓာတ်ပါဝင်မှုများသော ဆပ်ပြာများကို အသုံးပြုခြင်းကြောင့်လည်း ဆံပင်ကျွတ်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။


-အလင်္ကာရှင်းသန့်(Mari)
(20.5.2024)/Monday

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါင်လိုက်ဒရာမာ (Vertical Drama)အာရုံစူးစိုက်မှုပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါအချိန်ဆွဲတာကိုကုစားမယ် စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်