SarPhat Author
ဘယ်လောက်ပဲ အသက်ရွယ်ရလာပါစေ။လူတိုင်းလှချင်ကြပါတယ်။နုပျိုလှပနေသူတစ်ယောက်အတွက်တော့ အသက်ဆိုတာ ကိန်းဂဏန်းတစ်ခုပါပဲ။နုပျိုလှပနေသူများမှာ နုပျိုနေခြင်းရဲ့ အကြောင်းတရား လျှို့ဝှက်ချက်တွေရှိနေပါတယ်။နေ့စဥ်ပြုလုပ်နေတဲ့ ကိုယ်လက်လှုပ်ရှားမှု့၊စားသောက်နေတဲ့အဟာရ ဒါတွေဟာ နုပျိုခြင်းအတွက် မရှိမဖြစ်လိုအပ်တဲ့အရာတွေပါ။သို့ပေမယ့်လည်း အပြည့်အဝကြီးပြီးပြည့်စုံစေတာတော့မဟုတ်ပါ။စိတ်ပျိုကိုယ်နုဆိုတဲ့ စကားအတိုင်းမိမိရဲ့စိတ်ကိုလည်း ပျိုအောင်ထားတက်ဖို့အရေးပါနေသေးပါသည်။
ရုပ်ပိုင်းကိုလည်း ပြည့်ဝအောင်ဖြည့်တင်းပြီး၊စိတ်ပိုင်းကိုလည်း ပျိုအောင်ထားကာ ဟန်ချက်ညီညီနေထိုင်သွားရမှာဖြစ်ပါတယ်။
ရုပ်ပိုင်းကိုပြည့်ဝဖို့အတွက် နေ့စဥ်စားသောက်နေတဲ့အစားအစာတွေမှာ ဘယ်အစားအစာတွေက ကိုလက်စထရောများနေတယ်၊ဘယ်အစားအစာတွေကတော့အဆီအဆိမ့်တွေများနေတယ်၊ဘယ်အစားအစာတွေကတော့ ဗီတာမင်တွေဘယ်လောက်ပါပြီး မိမိကိုအထောက်အကူပြုစေတယ်ဆိုတာတွေကို သိရှိထားရမှာပါ။ဗီတာမင်တွေဟာ ခန္ဓာကိုယ်အတွက်လိုအပ်ပြီး ခန္ဓာကိုယ်ဆဲလ်များ ပုံမှန်အလုပ်လုပ်စေရန် ခန္ဓာကိုယ်ကြီးထွားစေရန်အရေးပါသောနေရာမှ ပါဝင်နေကြပါတယ်။
နုပျိုခြင်းကို ထိန်းသိမ်းနိုင်ဖို့ အဓိကအရေးပါတဲ့ ဦးဆောင်ဗီတာမင်တွေကတော့-
ဗီတာမင် Aဟာ အစားအစာတော်တော်များများမှာ ပါဝင်နေပြီး အမြင်အာရုံအတွက် အလွန်ပဲကောင်းမွန်ပါတယ်။အဆီကျစေနိုင်ပြီး ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးနိုင်ပါတယ်။အရေပြားရဲ့ဒုတိယအလွှာ Dermis ကိုကျစ်လျစ်စေပြီး သွေးလည်ပတ်မှု့ကောင်းအောင်လှုံ့ဆော်ပေးပါတယ်။အရေပြားတွန့်ခြင်းကို လျော့ချပေးပြီး အရေပြားပုံမှန်အလုပ်လုပ်နိုင်စေရန် အထောက်အပံ့ပေးပါတယ်။ပျက်ဆီးသွားတဲ့ တစ်သျှူးတွေနေရာကိုအသစ်တွေနဲ့ အစားထိုးပေးနိုင်တဲ့အတွက် ဗီတာမင် A ကိုလုံလောက်စွာဖြည့်တင်းစားသုံးပေးခြင်းဖြင့် ပုံမှန်အိုမင်းခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။ဗီတာမင် A ပါဝင်တဲ့အစားအစာတွေကတော့ အမည်းအသဲနဲ့အခြားသောကလီစာများ၊ဆယ်လ်မွန်ကဲ့သို့သောငါးများ၊အစိမ်းရောင်ရှိသောအသီးအရွက်များ ၊လိမ္မော်သီး၊ပန်းမုန်လာ၊မုန်လာဥနီ၊သခွားမွှေး၊ဇီးချိုသီး၊သရက်သီးစသည်တို့ဖြစ်ပါတယ်။
ဗီတာမင် C ကနေပေးတဲ့ အဓိကကောင်းကျိုးတွေကတော့ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း၊ဓာတ်တိုးပစ္စည်းများကိုထိန်းညှိပေးခြင်း၊တွယ်ဆက်နေသော တစ်သျှူးများကိုပြုတ်ထွက်မသွားအောင် ထိန်းထားပေးခြင်း၊သံဓာတ်စုပ်ယူနိုင်မှု့အားကောင်းခြင်း၊အမြင်အာရုံကြည်လင်ကောင်းမွန်စေခြင်း စသည်တို့ဖြစ်ပါသည်။ဗီတာမင် C ပြည့်ဝအောင် ဖြည့်ဆည်းထားခြင်းဖြင့် အာရုံကြောတွေဖျက်လတ်နိုးကြားနေကာစိတ်ကြည်လင်မှု့ကိုလည်းရရှိစေပါသည်။ဗီတာမင် E ဟာလည်း အသားရေလှပမှု့၊ဆံပင်ကောင်းမွန်မှု့တွေအတွက်အရေးကြီးပါတယ်။အမာရွတ်၊ဝက်ခြံ၊အသားရေတွန့်ခြင်းတို့ကိုရာနှုန်းပြည့်ကာကွယ်ပေးနိုင်ပါတယ်။ဗီတာမင် E ပါတဲ့အစားအစာတွေကိုစားသုံးလိုက်သည်နှင့်ခန္ဓာကိုယ်ကစုပ်ယူပြီး အရေပြားဆဲလ်တွေဆီကို ရောက်အောင်ပို့ဆောင်ပေးပါတယ်။အလျင်မှီအောင်စားသုံးခြင်းဖြင့် ကိုလက်စထရောများကိုလျော့ကျစေပါတယ်။ဗီတာမင် B9 ခေါ် Folic Acid ဟာရေမှာပျော်ဝင်နိုင်ပြီး ခန္ဓာကိုယ်ရဲ့များပြားလှတဲ့ တာဝန်ထမ်းဆောင်မှု့တွေအတွက်မရှိမဖြစ်အရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ကျန်းမာတဲ့သွေးနီဥတွေကို ထုတ်ပေးပြီး သွေးအားနည်းခြင်းကို ကာကွယ်ပေးပါတယ်။
ဒါ့ကြောင့် နုပျိုလှပရေးမှာ ဗီတာမင်တွေကိုမချို့တဲ့အောင်နေ့စဥ်ဖြည့်တင်းပေးသင့်ပါတယ်။နောက်ထက်အနေနှင့် လုပ်ဆောင်ရလွယ်ကူပြီး သတိထားဖို့မေ့နေကြတဲ့အချက်လေးတွေရှိပါတယ်။
တစ်နေ့ပြီးတစ်နေ့ ကူးပြောင်းလာချိန်မှာ အိုးမင်းလာနေတယ်ဆိုပေမယ့် ရိုးစင်းတဲ့အထက်ပါအချက်တွေကိုလိုက်နာပြီး ဘဝနေထိုင်မှု့ပုံစံကို ပြောင်းလဲပေးလိုက်ပါ မည်သည့်အထူးပြုလုပ်ချက်မှမလိုပဲ သဘာဝအတိုင်းနုပျိုလှပလာစေမှာဖြစ်ပါတယ်။
#Myat MK
Keep Reading