Author's Profile Photo

Phoo Thitsar Nyo

19/05/2024

မြန်မာမလေးသို့ပေးစာ...

1 min read
Life Style
Culture
မြန်မာမလေးသို့ပေးစာ...'s photo

တန်ဖိုးထားရပါသော အမျိုးသမီးလေးရေ
ကိုယ့်မျက်လုံးထဲမှာတော့
မြန်မာရိုးရာဝတ်စုံက အလှဆုံးပဲကွယ်

မြန်မာအမျိုးသမီးလို့ပြောလိုက်ရင်
ကျက်သရေရှိပြီး သိက္ခာရှိတဲ့
အမျိုးသမီးတွေကို ပြေးမြင်ကြတယ်

အတိုအပြတ်ဝတ်စားထားတဲ့သူကို
ယောကျ်ားလေးတွေ ကြိုက်တယ်
ဆိုရင်တောင်...
လုံလုံခြုံခြုံနဲ့ ယဥ်ကျေးစွာ
ဝတ်ဆင်ထားတဲ့ မိန်းကလေးကို
ပိုပြီးသဘောကျတယ် ပိုတန်ဖိုးထားပါတယ်

ခေတ်မီတိုးတတ်တာနဲ့...
ကိုယ့်ယဥ်ကျေးမှုတွေ ကွယ်ပျောက်
ပျက်စီးသွားတာကို ခွဲခြားသိစေချင်တယ်

ခေတ်မီလို့ရပေမဲ့ ခေတ်မဆန်ပါနဲ့
သူများနိုင်ငံက အဲ့လိုဆိုတိုင်း
ကိုယ်က အဲ့လိုလိုက်လုပ်စရာမလိုပါဘူး
ကောင်းတာတွေကိုပဲ အတုယူပါ
မကောင်းတာတွေကိုတော့
သတိနဲ့ ဆင်ခြင်ပါ ကောင်မလေးရေ

အရှက်နဲ့သိက္ခာကို ထိန်းသိမ်းပါ
ကိုယ့်ရဲ့မြန်မာမလေးရေ...??


-ဖူးသစ္စာညို
(19.5.2024 Sunday)

Keep Reading

ပျော်စရာနေ့စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးငွေစုနည်း (ရဲစတိုင်း)ဆင်းရဲသားလေး ဂျက်လန်ဒန်မရိုးတရိုးကမ္ဘာ့နိုင်ငံရေးဆိုင်ရာအတွေးခေါ်များ (မြင့်စိုးလှိုင်)❝ မသိမှု ဝတ်ရုံကြီး ❞လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြသနာစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း