Reviews by Benevolent
လူတယောက်ဟာ တောထဲတောင်ထဲမှာ ရွှေလိုက်ရှာတယ်။ တနေ့မှာ အလွန်ကြီးမားတဲ့ ရွှေတွင်းကြီးကို တွေ့လိုက်တယ်။ သူလဲ ရသလောက် ရွှေတွေကို တူးတယ်။ ဒါပေမဲ့ သူ ဘယ်လောက်တူးတူး ရွှေတွင်းကြီးက ရွှေဟာ မကုန်နိုင်ဘူး။ ဒါကြောင့် သူဟာ သူ့ရွာကို ပြန်ပြီး ရွာသားတွေကို ရွှေတွင်းကြီးဆီကို ခေါ်သွားပြီး ကြိုက်သလောက် တူးယူကြလို့ ပြောလိုက်တယ်။ ရွာသားတွေလဲ ပျော်ပျော်ပါးပါးကြီးနဲ့ ကြိုက်သလောက် တူးယူနေကြတယ်။ ဒါပေမဲ့ လူတယောက်ဟာ သူများတွေ ရွှေတွေကို တူးယူနေကြတာကို ဘေးကပဲ ရပ်ကြည့်နေတယ်။ ဘာမှ မလုပ်ဘူး။
ဒါနဲ့ ရွှေတွင်းတွေ့သူ "ဟေ့လူ ရွှေတွေ ဘာလို့မတူးတာလဲ"။
ရွာသား "ကျနော့်မှာ တူးစရာ ပေါက်ချွန်းမရှိလို့ပါ"။
ရွှေတွင်းတွေ့သူ "ဒါဆိုလဲ ပေါက်ချွန်းတလက် သွားရှာလေကွာ"။
ရွာသား "လိုက်ရှာရမှာ ပျင်းလို့ပါ"တဲ့။
ပုံပြင်လေးဟာ ရီစရာလို့ ထင်ရပေမဲ့ လက်တွေ့လောကကြီးမှာလဲ နေ့စဉ်ဒီတိုင်း ဖြစ်နေတယ်လို့ ပြောလိုက်ရင် အံ့သြသွားကြပါလိမ့်မယ်။
တချို့က စာအုပ်တွေ ဖတ်ကြတယ်။ စာအုပ်တွေက ရတဲ့ အသိဉာဏ်တွေကြောင့် အောင်မြင်သွားကြတယ်။ ကြီးပွားချမ်းသာသွားကြတယ်။ လူ့လောကကြီးကို ကောင်းကောင်းကြီး အကျိုးပြုသွားကြတယ်။ ဒီတော့ သူတို့ဟာ သူတို့ကို အကျိုးရှိစေတာ စာဖတ်ခြင်းကြောင့်ဆိုတာကို သိလို့ လူငယ်တွေကိုလဲ သူတို့လို ကြီးပွားအောင်မြင်စေချင်လို့ စာဖတ်ကြပါလို့ တိုက်တွန်းတယ်။ လူငယ်တွေက မအားလို့၊ ပျင်းလို့ စာမဖတ်ချင်ဘူးတဲ့။
ဘဝတလျှောက်မှာ ရွှေတွင်းကြီးကို မျက်စိရှေ့မှာ တွေ့နေရပါတယ်၊ စာအုပ်ကို စာရွက်အနေနဲ့ မထိတွေ့နိုင်တောင် E book၊ Audio Book သဏ္ဌာန်အမျိုးမျိုးနဲ့ ဖေ့ဘုတ် ပေါ်
၊ ဂူဂယ် ပေါ်မှာ ရှာဖွေ တွေ့နိုင်ပါတယ်။တကယ်တော့စာပေအတွက် သုံးတဲ့ အသုံးစရိတ်ဟာ ဇိမ်ခံပစ္စည်းတွေ၊ အစားအသောက်တွေအတွက်ကုန်ကျစရိတ်နဲ့စာရင် ဘယ်လောက်များ များလို့လဲ။အဆင်မပြေဘူး၊
မအားပါဘူးဆိုတဲ့ သူတွေ စဉ်းစားဖို့ပါ။
ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာသူဋ္ဌေးကြီး တစ်ဦးဖြစ်ခဲ့တဲ့ ဘီလ်ဂိတ်ဟာ တပါတ်ကို အနည်းဆုံး စာအုပ်တအုပ်ကို ပြီးအောင် ဖတ်လေ့ရှိတယ်လို့ ဖတ်ဖူးပါတယ်။
ဒါကြောင့် ...ရွှေတွင်းကြီး တူးလှည့်ပါ။
Please YouTube ?
https://youtube.com/@reviewsbybenevolent?si=DzwTqzPysnBC0GVl
Benevolent Guy
May -24
Keep Reading