Author's Profile Photo

SarPhat Author

18/05/2024

The day of the dead

8 mins read
Art
The day of the dead's photo

နယ်မြို့လေးတစ်မြို့မှာပေါ့ နယ်မြို့‌ဆို‌ ပေမယ့်
တိုင်းမြို့တော်ဆိုတော့ တော်တော်စုံတယ်ဗျ။ နယ်ထုံးစံအရတစ်နေရာရာသွားဖို့ဆိုင်ကယ်လေးတစ်စီးရှိရုံနဲ့လုံလောက်တယ် နွေဆိုသိပ်ပူပြီး ဆောင်းတွင်းဆိုလည်းအရင်ဆုံးအေးတဲ့နေရာပေါ့ ရာသီဥတုကတော့မမျှပါဘူးဗျာ ။ကျွန်တော်ကတော့မောင်သန့်စင်ပါ ကျွန်တော့်မှာပြောမနာဆိုမနာ‌ ကောင်းမြတ်ဆိုတဲ့သူငယ်ချင်းတစ်ယောက်ရှိတယ်။ ကောင်းမြတ်နဲ့ကျွန်တော်ကအတူသွားအတူစား အဖေမတူအ‌မေကွဲ ညီကိုဆိုလည်းမမှားပါဘူး။ ကောင်းမြတ်ကအသားဖြူဖြူအရပ်ရှည်ရှည် ဗလတောင့်‌တောင့် မျက်ခုံး‌ကောင်းကောင်းနဲ့ခန့်‌ချောကြီးဗျ ဆေးလိပ် သိပ်ကြိုက်တဲ့ကောင်ပေါ့ဗျာ ကျွန်‌တော်က‌ တော့သူနဲ့မတူပါဘူး ခန္ဓာကိုယ်လဲညှက်စိ ဖြူဖြူသေးသေးလေး အရပ်ဆိုရင်လဲသူ့လည်တံနားကိုမမီတမီပဲ ဆံပင်က‌လည်းအနီ‌ရောင်ကောက်ကောက်ကွေ့ကွေ့ဗျ။ မိုးလေကင်းစင်ပြီး‌ နေသာတဲ့တစ်‌နေ့ မနက်၇နာရီ‌ လောက်ကျွန်တော်ကောင်းမြတ်အိမ်ကိုသွားခဲ့တယ်

"ကောင်းမြတ်ရေ ငါလာတယ်ဟေ့"

သူ့အိမ်အရောက်

"ဟော် သားသန့်ပါလား " ဧည့်ခန်းမှာသန့်ရှင့်ရေးလုပ်နေ တဲ့ ဖြူဖြူ တုတ်တုတ်နဲ့ကတော့ ကောင်းမြတ်ရဲ့အမေ အန်တီသက်ထားပဲဖြစ်ပါ‌တယ်

" မင်သူငယ်ချင်းအပေါ်မှာထုံးစံအတိုင်းအိပ်တုန်းအခန်းထဲဝင်သာနှိုးလိုက်သားရေ

" ဟုတ် တီသက်"

ကျွန်တော်လည်းသူတို့အိမ်ကကျွန်းလှေကားအထစ်နှစ်ဆယ်လောက်ကိုအသာအယာတက်လာပြီး ကောင်းမြတ်အခန်းတံခါးကိုခေါက်ကြည့်‌ သေးတယ်အဲ့ကောင်ပြန်မထူးတာနဲ့ ဖွင့်ပြီးဝင်သွားလိုက်တာ

"ဟာ ဟေ့ကောင်ထတော့ ငါ့တို့လမ်းကပဲပြုတ်သည်တောင်သူ့ယောက်ျားလာခေါ်လို့ပြန်သွားပြီကွ"

" ပဲပြုတ်သည်ယောက်ျားနောက်‌လိုက်တာငါနဲ့ဘာဆိုင်လို့တုန်း မောင်သန့်ရာ အိပ်ပါရစေဟ"

အဲ့ကောင်ကျွန်တော့်ကိုသာပြောနေတာ မျက်လုံးကမပွင့်ဘူး


"ထတော့ကွာငါစိတ်မရှည်တော့ဘူး ၁၄လမ်းကနန်းကြီးသုပ်သွားစားကြမယ် ဆိုင်က၉နာရီလောက်ဆိုအကုန်ကုန်တာမင်းမသိတာလဲမဟုတ် ထပါငါ့ကောင်ရာငါအာသီသရှိတုန်းစားချင်လို့ပါ "

ထိုစဉ်အိမ်အောက်ထပ်မှတီသက်ထားမှသားသန့်ရေ မင်းသူငယ်ချင်းကိုရအောင်နှိုးခဲ့ပြီးရင်ဒီမှာကော်ဖီလာသောက်နော်

"မသောက်ဝောာ့ဘူးတီသက်ရေ ကျွန်တော်တို့နန်းကြီးသုပ်သွားစားမလို့ "

ဟေ့ကောင်ထတော့ ကျွန်တော်လည်းငကောင်းကိုနှိုးပြီးအိမ်အောက်ထပ်သို့ဆင်းလာခဲ့တယ်

"မင်းသူငယ်ချင်းနိုးပြီလားသားသန့် "

"ဟုတ်နိုးပြီဗျ"

"တီသက်ဖူဂျီမုန့်ဟင်းခါးစားမလား သားတို့ဝယ်ခဲ့ပေးမယ်လေ"

"နေပါသားရယ်အန်တီကမနက်ပိုင်းလည်းထမင်းစားရမှာတင်းတိမ်တာကွဲ့ "

ဒီလိုနဲ့ကျွန်တော်တို့နှစ်ယောက်ဆိုင်ကယ်တစ်စီးနှင့် မြို့ထဲသို့ထွက်လာခဲ့ကြသည် ကျွန်တော်‌ကနောက်ကထိုင်တယ်

"ငါ့ကောင် မောင်မောင်သန့် မင်းမွေးနေ့လက်ဆောင်ဘာလိုချင်လဲ"

"အံမယ်ထူးထူး‌ဆန်းဆန်းပါ့လား "

နောက်တစ်ပတ်လောက်နေရင်ကျွန်တော့်မွေးနေ့ရောက်တော့မှာလေ

"မင်းခါတိုင်းငါ့မွေးနေ့တိုင်းလိုက်ဂုန်းဆင်းနေတာပဲ ဒီနှစ်မှဘာစိတ်‌ကူးပေါက်"

သူကျွန်တော့်ကိုတစ်နှစ်မှမွေးနေ့လက်ဆောင်မပေးဖူးဘူးဗျ

"ပြောပါကွာ ငါလည်းဟိုနေ့က မုန့်ဖိုးရထားလို့ပါ

"မလိုပါဘူးငါ့ကောင်ရာ....

ကျွန်တော်တို့ပြောပြောဆိုဆိုနဲ့ နန်းကြီးသုပ်ဆိုင်သို့ရောက်လာခဲ့တယ် ကျွန်တော်တို့နှစ်ယောက်နန်းကြီးသုပ်တစ်ယောက်တစ်ပွဲစီမှပြိီးစားကြတာပေါ့ ကောင်းလိုက်တဲ့လက်ရာဗျာ စိမ့်နေတာတစ်လုတ်ပြီးတစ်လုတ်ကိုအရာသာကထိမိနေရော တူကိုလက်ကမချချင်ဘူး အဲ့ချိန်မှာ စားရင်းသောက်ရင်းနဲ့ မောင်မင်းကြီးသားကထပြောရော.....

" မောင်သန့် ငါမနေ့ကသရဲခြောက်ခံရတယ်"

ကျွန်တော်လည်းသောက်လက်စရေနွေးတွေသီးပြီး ချောင်းတဟွတ်ဟွတ်ဆိုးပါလေရော

ဟေ့ကောင်မင်းကွာမဟုတ်တာတွေမပြောနဲ့ ဆိုပြီးအသံကျယ်ကျယ်ပြောမိတော့ဘေးဝိုင်းကကောင်မလေးသုံးယောက်ကလှမ်းကြည့်တာခံလိုက်ရတယ်ကျွန်တော်လည်းရှက်သွားတာပေါ့ ကျွန်တော်ကအရှက်အကြောက်တော်တော်ကြီးတယ် ဒါကိုသူလည်းအသိ

" စတာပါကွာမင်းကလည်း သရဲခြောက်ခံရတာမဟုတ်ဘူးသရဲအိပ်မက်မက်တာ......မင်းအထက၁မှာကျောပေါက်သရဲရှိတာသိတယ်မလား"

"မင်းကွာပြောလေကဲလေမန်းလေပြဲလေ တော်တော့ကွာ"

ကျွန်တော်တို့မြို့ကအထက်တန်းကျောင်းမှာကျောပေါက်သရဲရှိတာနာမည်ကြီးဗျ ဘယ်သူမှအဲ့နားကိုည၉နာရီကျော်ရင်မဖြတ်ရဲဘူး

" အေး.....ငါမနေ့ကကျောင်းကိုအိပ်မက်မက်တာ တော်တော်ထူးဆန်းတယ်ကွငါပြောပြမယ်"

" ‌တားမရပြောကွာ..."

ဆရာမသီတာငါ့ကိုညကြီးသန်းခေါင်ဖုန်းဆက်လှမ်းခေါ်တာကွာ သူသရဲတွေ့လို့တစ်‌ ယောက်ထဲမပြန်ရဲလို့လာကြိုပါတဲ့ ငါ့အိမ်နဲ့ကျောင်းကလဲ ‌ကျောင်းကိုကျော်ပြီးနောက်တစ်လမ်းနေရင်ငါ့အိမ်ရောက်တာလေကွာ ဝေးပေမယ့်သိပ်မဝေးဘူးအဲဒါနဲ့ငါလည်း သူ့နောက်ကိုလိုက်သွားတာ အခန်းကြီးကမှောင်မဲလို့ကွာ ဘာပရိဘောဂမှမမြင်ရဘူး လေဟာနယ်အမဲရောင်ပိတ်ကားကြီးလိုပဲ အဲ့မှာငါရယ်ဆရာမရယ်လျှောက်လာတုန်းဆရာမကထအော်ပါလေရော....ငါလဲဆရာမဘာဖြစ်တာလဲမေးတဲ့ချိန်ဆရာမကသူ့မူရင်းအသံကိုမထွက်နိုင်‌တော့ဘူးလေသံလေးနဲ့ ဟိုမှာဟိုမှာ... သူလက်ညှိုးညွှန်ရာတစ်လျှောက်ငါလှမ်းကြည့်လိုက်တာ‌ပေါ့သရဲကြီးကွာ ကျောပေါက်ကြီးနဲ့ အူတွေအထွေးလိုက်ကျနေတာ သွေးတွေကလဲခြောက်နေပြီ ငါတို့ကိုကျောပေးထားတာကွ အရပ်ကြီးကလဲ ၈ပေလောက်ရှိတယ်သူကျောကြီးကိုယင်ကောင်တွေကနားနေတာ အဲ့ဒါကို‌အရှေ့ကနေလက်သည်းကြီးနဲ့လှမ်းကုတ်တာကွာ.... အူတွေကြားကနေလက်သည်းအရှည်ကြီးက အိကနဲဝင်သွားတာ ဆရာမလဲအဆက်မပြတ်အော်နေတာ ငါလဲဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘူးကြောက်ဒူးကိုတုန်နေတာပဲကွာ ကျောပေါက်ကြီးကတစ်ဖြည်းဖြည်းနဲ့ယင်ကောင်တွေကိုစိတ်ဆိုးပြီးအသံအကျယ်ကြီးနဲ့ တောက်....ခေါက်ပြီး တစ်ဖြည်းဖြည်းနဲ့ငါတို့ဘက်ကိုမျက်နှာလှည့်လာတယ် ငါရယ်ဆရာမရယ်နေစရာထိုင်စရာတောင်မရှိဘူးကွာ ဆရာမကလည်းမျက်နှာကိုအုပ်ထားတာ ငါကတော့သေချာကိုကြည့်နေတာ သူ့လက်မှာတစ်ခုခုကိုကိုင်ထားတယ် တစ်ခုခုဆိုတာထက်တစ်ယောက်ယောက်ရဲ့လက်ကွ ငါတို့ဘက်ကိုလုံးလျားလျားမျက်နှာမူတဲ့ချိန်မှာသူကိုင်ထားတာ‌ကလေးတစ်ယောက်ရဲ့လက် ဆံပင်ကမင်းလိုပဲနီကြောင်ကြောင် Tshirt အဖြူ ဘောင်းဘီတိုခဲရောင်လေးကိုဝတ်ထားတာကွ အဲ့ဒါနဲ့ငါသူ့မျက်နှာကိုသေချာကြည့်တုန်း အိမ်ကကြောင်ကွာပန်းအိုးတိုက်ချတာနဲ့ငါနိုးလာတာပဲ...."

" ဟေ့ကောင် မောင်သန့်ဟေ့ကောင် "

"ဘာလဲကွာ"

"ဪ....တော်သေးတယ် ငါကမင်းသတိလစ်သွားတာလားလို့"

" လစ်စရာလားကွ "

အမှန်ကတော့သူပြောတဲ့အိပ်မက်ကိုကျွန်တော်လန့်နေပြီ ဒါမယ့်ဘေးဝိုင်းမှာကောင်မလေးတွေကလည်းခိုးနားထောင်နေတယ်လေဗျာ ကျွန်တော်မလန့်ချင်ယောင်ဆောင်ရတာပေါ့

စားပြီးသောက်ပြီးတော့ ကောင်းမြတ်ကဆေးလိပ်အတိုလေးယူလာတာကိုမီးညှိလိုက်တယ် ကျွန်တော့်စိတ်ထဲတော့ဒီကောင်တော်တော်ရှိုးထုတ်တဲ့ကောင်ကွာ စော်လေးတွေရှိတိုင်းလို့တွေးနေတာ ဆေးလိပ်ကိုကျွန်တော့်ဘက်ကမ်း‌ပြီး

"ရော့.....မင်းသောက်ဦးမှာလား "

" တော်ပေါ့ ငါကလူလိမ္မာကွ ဘုရားမကြိုက်နတ်မကြိုက်အလုပ်တွေမလုပ်ဘူး "

" မင်းတော်တော်လျှာရှည်တဲ့ကောင် တော်ပြီဆိုတော်ပြီပေါ့"

ကဲအိမ်ပြန်မယ်....

"ငါမပြန်ချင်သေးဘူးကွ တစ်နေရာရာမှာအချိန်ဖြုန်းရအောင်"

"အေးအေး"

ကျွန်တော်တို့လည်းတစ်နေကုန်အချိန်ဖြုန်းလိုက်တာ ည၁၀နာရီလောက်မှ တီသက်ဖုန်းဆက်ကောတာနဲ့ barက‌နေ‌သောက်ရင်းစားရင်းအိမ်ပြန်လာရတယ် အိမ်ပြန်လမ်းကလဲချမ်းစိမ့်စိမ့်ဗျ ဘုရားဘက်ကနေညာဘက်ကိုကွေ့တော့ ကျွန်တော့်စိတ်ထဲတော်တော်လေးနေပြီ

"ကောင်းမြတ် မြန်မြန်မောင်းကွာ ငါ့စိတ်ထဲတစ်မျိုးကြီး" " မင်းကလည်းကြောက်တတ်လိုက်တာ ဟိုနား‌ဆိုကျောင်းရောက်ပြီကို"

"အေးအဲ့ကျောင်းကိုပဲကြောက်တာဟ မြန်မြန်မောင်းပါဟ"

" လမ်းထိပ်က‌လက်ပံပင်ကြီး‌အောက်ရောက်တော့ နေဦးခဏရပ်လိုက်ဦးမယ်‌ အပေါ့သွားချင်လို့ မောင်သန့်ရော့ ဒီအထုပ်ကိုင်ထား"

"ဟာကွာ ကြောက်ပါတယ်ဆို အိမ်ရောက်မှသွားပါကွာ"

"မရတော့ဘူးကွငါအောင့်တာကြာနေပြီ"

အဲ့ကောင် bar ကဝယ်လာတဲ့ဝက်ဂုတ်သားကင်ထုပ်ကို ကျွန်တော့်ဆီလက်ကမ်းပေးတယ်

"ရော့မင်းကိုင်.."

" မကိုင်ရဲပါဘူးကွာ မင်းကိုင်"....

"ငါဆိုင်ကယ်မောင်းရမှာကွ မင်းကိုင်"

" ကောင်းမြတ်မင်းငါ့အကြောင်းလည်းသိရဲ့သားနဲ့ မင်းကိုင်ကွာ"

"မင်းပဲဆိုင်ကယ်မြန်မြန်မောင်းဆို မင်းကိုင်"

"ဒီ..... အေး ပေးကွာ"

" လမ်းမီးရောင်မှိန်မှိန်လေးမှာကျွန်တော်တို့နှစ်ယောက် ကြောက်ကြောက်နဲ့မောင်းလာခဲ့တယ် "

" ကောင်းမြတ်မင်းမောင်းနေတာ ၁၀မိနစ်လောက်ရှိနေပြီ လမ်းထပ်နဲ့အိမ်က၅မိနစ်မကြာဘူးလေကွာ "

" အေးငါလည်းစဉ်းစားနေတာ ငါများမူးနေလို့လားမသိဘူး"

"ဒီလက်ပံပင်ကိုရောက်တာနှစ်ခါရှိပြီ"

"ဘာ ဟေ့ကောင်မနောက်နဲ့ကွာ"

"မင်းမယုံကြည့်လိုက်လေ "

" အေးပါကွာအမြန်မောင်းပါတော့"

"ဆိုင်ကယ်ကဆီကုန်နေပြီကွ ငါတို့တစ်နေကုန်ဆီမဖြည့်ရသေးဘူး

"ဟာကွာ ငါစိတ်ရှုပ်လာပြီ လမ်းလျှောက်ပြန်ကြမယ် မနက်မှဆိုင်ကယ်လာယူမယ် "

အဲ့ကောင်ကမကြောက်တတ်ဘူးကျွန်တော်လည်းခြေလှမ်းတိုတိုလေးနဲ့သူ့ကိုထားခဲ့ပြီးခပ်မြန်မြန်လမ်းလျှောက်လာခဲ့တယ် ကျွန်တော့်လက်ထဲမှာတော့ ဝက်ဂုတ်သားကင်မွှေးမွှေးလေးထည့်ထားတဲ့ အိတ်လေးကတော့အသံပေါင်းစုံပေါ့‌ဗျာ ‌ရှေ့၁၀လှမ်းလောက်ဆို အရမ်းနာမည်ကြီးတဲ့ကျောင်းကိုရောက်ပြီဗျ ကောင်းမြတ်ကကျွန်တော့်နောက်ကပါလာတာပေါ့ ရှေ့ကိုဆက်လျှောက်တယ် ဒီဘက်ကမီးကတစ်ခြားမီးလုံးတွေထက်ပိုမှောင်နေတယ် ကျွန်တော်ခြေလှမ်းတွေလေးလံလာတယ် ကျွန်တော်လည်း ကောင်းမြတ်ကိုစိတ်ပူတာနဲ့ နောက်ကိုလှမ်းကြည့်လိုက်တာ ကောင်းမြတ်ခြေလှမ်းတွေပုံမှန်မဟုတ်ဘူး အရမ်းကိုတည့်မတ်ပြီးခန္ဓာကိုယ်ကလဲတောင့်နေတယ် သူ့ကိုကြည့်ရတာထိန်းချုပ်ခံထားရသလိုပဲ ကျွန်တော်မီးရောင်အောက်ကနေသေချာ‌ကြည့်လိုက်တော့သူ့ဘေးနားမှာတစ်ယောက်ယောက်ရှိတယ် အဲ့အရာကသူ့ကိုတစ်နေရာရာကိုခေါ်သွားနေသလိုပဲ

" ကောင်းမြတ် ဟေ့ကောင်းမြတ်ရေ..."

သူပြန်မထူးဘူးဗျ သူ့ဘေး‌နားကအရာကြီးစေခိုင်းရာပဲသူလိုက်နေတယ် တစ်ဖြည်းဖြည်းနဲ့သူတို့ကျောင်းနောက်ပေါက်ကနေကျောင်းထဲကိုဝင်သွားတာကိုကျွန်တော့်မျက်ဝါးထင်ထင်မြင်လိုက်ရတယ် ကျွန်တော်ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ဘူး ကျွန်တော့်သူငယ်ချင်းဒုက္ခရောက်နေတာတော့ကျွန်တော်သိတယ် ကျွန်တော့်မှာရွေးချယ်စရာတစ်ခုပဲရှိတော့တယ် သူတို့နောက်ကိုကျွန်တော်လိုက်လာခဲ့တယ် ၉တန်းဆောင်ကိုကျော်ပြီး စာကြည့်တိုက်တွေကိုဝင်သွားတာကျွန်တော်မြင်လိုက်တယ် နှစ်ထပ်ဆောင်ပေါ်ကဟောခန်းတစ်ခုရှေ့ရောက်တော့ ကောင်းမြတ်ရှေ့ကအရာကြီးက အရပ်၈ပေလူတစ်ယောက်ပုံစံပြောင်းသွားတယ်လက်ကြီးနှစ်ဖက်ကလည်းအရည်ပျော်ကျပြီး အရိုးတွေကွင်းကွင်းနဲ့ အဆီသက်သက်အရိုးသက်သက်ကိုမြင်နေရတယ် ထိုအရာကြီးကအခန်းထဲကိုဝင်သွားပြီး ကောင်းမြတ်ကတော့ရပ်နေခဲ့တာမြင်တော့

"ကောင်းမြတ် သားကြီးဘာလုပ်နေတာလဲကွ မင်းရူးနေလား ဟိုကောင်ကြီးမရှိတော့ဘူး လာ ဒီဘက်ကိုပြန်‌ရအောင်"

ကောင်းမြတ်ကကျွန်တော့်ကိုကျောပေးထားတဲ့အနေအထားကနေ ဖြည်းဖြည်းချင်းကျွန်တော့်ဘက်ကိုလှည့်လာတယ် နှစ်ထပ်ကျောင်းဆောင်ကသစ်သားတွေ‌ကဟောင်းနေတော့ ဟိုကောင်ကြီးရဲ့ခြေလှမ်းသံကျွီ.....ဆိုတာကိုလည်းအတိုင်းသားကြားနေရတယ် ကောင်းမြတ်မျက်လုံးနဲ့အကြည့်ချင်းစုံမိ‌ တော့ကျွန်တော်ချက်ချင်းသွေးပျက်သွားတယ် သူ့မျက်နှာမှာဘာသွေးမှမရှိတော့ဘူးဖြူဖျော့ပြီးအသားစတွေဖြစ်နေတယ် လက်တွေကလည်းတစ်ဖြည်းဖြည်းနဲ့အရည်ပျော်ကျလာတယ် ကျွန်တော်ကြည့်နေရင်းနဲ့ကိုဖယောင်း‌ရည်တွေလိုစီးကျနေတဲ့သူ့အရေပြားတွေ ပြီးတော့သူ့ပါးစပ်ကိုပင်အပ်တွေနဲ့ချုပ်ထားတယ် ကျွန်တော့်ကိုစိုက်ကြည့်ပြီးချုပ်ရိုးတွေပွင့်ထွက်မတတ်ပြုံးပြတယ် ကျွန်တော်သတိလစ်ခါနီးနေပါပြီ

ထိုအချိန်မှာ ဒုန်း........အထဲကသတ္တဝါကြီးကခြေတစ်ချက်ဆောင့်လိုက်တယ် ကောင်းမြတ်အထဲကိုဝင်သွားပြီးပြီးချင်းတံခါးကပွင့်လာတယ် သံလိုက်တစ်ခုကဆွဲငင်လိုက်သလိုကျွန်တော်လည်းကောင်းမြတ်နဲ့တူတူ အခန်းထဲကိုရောက်သွားတယ် ကျွန်တော်တို့‌ရောက်ရောက်ချင်းပဲ ဘုန်း...တံခါးနှစ်ချက်လေဟုန်ပြင်းပြင်းနဲ့ပိတ်သွားပါပြီ။ ထိုသတ္တဝါကြီးကကျွန်တော့်လက်ထဲက ဖော့ဘူးအဖြူလေးကို လက်သည်းအရှည်ကြီးတွေနဲ့လက်ညှိုးထိုးပြတယ် ကျွန်တော်အဲ့လက်တွေကိုသိပ်ရင်းနှီးတာပေါ့ ဟုတ်ပါတယ် ဂျပန်ခေတ်ကတိုင်မကျွတ်မလွတ်ရှိနေတဲ့ ကျောပေါက်ကြီးပါပဲ ...ကျွန်တော့်တစ်ကိုယ်လုံးကျောက်ရုပ်ဖြစ်နေပါပြီ ကျွန်တော်လက်ထဲကအထုပ်ကိုနောက်ကိုဖွက်ထားလိုက်တော့ အဲ့ကောင်ကြီးသိပ်ကိုဒေါသထွက်သွားပုံပဲ လေတွေတဟုန်ထိုးတိုက်လာပါတယ် အဆောင်တစ်ခုလုံးလည်းဝုန်းဒိုင်းကြဲဆူညံနေအောင်လုပ်ပစ်တယ် တစ်ဆောင်ထဲ‌တင်မကဘူး‌ကျောင်းတစ်ကျောင်းလုံးကိုခုံရိုက်သံတွေတောက်ခေါက်သံတွေဆူညံပွက်လောရိုက်သွားတယ် ထိုအချိန်မှာကျွန်တော်ပြေးသင့်နေပါပြီ ဒါမယ့်ကျွန်တော့်သူငယ်ချင်းကိုပြန်လိုချင်တဲ့စိတ်နဲ့ကျွန်တော်လိုအရမ်းကြောက်တတ်တဲ့သူကအခန်းထဲပဲနေခဲ့တယ် တစ်ခန်းလုံးလည်းမွဆာကြဲလို့ ထိုအချိန်ကောင်းမြတ်က သူ့ပါးစပ်ကိုချုပ်ထားတဲ့ပင်အပ်တွေလွင့်ထွက်သွားအောင်ထိအော်ချလိုက်တယ် ကျွန်တော်လည်းသူ့နားကိုသွားပြီး သားကြီးသွားရအောင်ကွာ ငါသတိလစ်တော့မယ်လို့ပြောရင်းသူ့ကိုဆွဲလိုက်တယ် "ဖယ်......ငါဗိုက်ဆာတယ်" ကျွန်တော့်တစ်ကိုယ်လုံးတုန်တက်သွားတယ် အသံနက်ကြီးဗျာ ကျွန်တော့်သူငယ်ချင်းလုံးဝမဟုတ်တော့ဘူးဆိုတဲ့အသိကရင်ထဲမှာပူလောင်နေတယ်

"သူကျွန်ဝောာ့်လက်ထဲက ဝက်သားထုပ်ကိုအတင်းဆွဲယူပြီးပါးဖြဲနားဖြဲစားတော့တယ် ကျွန်တော်ထွက်ပေါက်ရှာမှရတော့မယ် " ငါမဝသေးဘူး....ငါမဝသေးဘူး.....ငါ့ကိုစားစရာပေးကြပါ" ဒုက္ခပါပဲဗျာ ကျွန်တော့်ကိုစားမယ်အထင်နဲ့ကျွန်တော်အရမ်းကိုကြောက်နေပါပြီ" ထိုအချိန်မှာသူ့ဘေးနားမှ သရဲကျောပေါက်ကြီးက ကောင်းမြတ်လို့မြင်နေရတဲ့သတ္တဝါရဲ့ရင်ညွှန့်ကိုလက်သည်းတစ်စုံနဲ့နောက်ကျောအထိ‌ထုတ်ချင်း‌ေပါက်စိုက်လိုက်တယ် လက်သည်းအဆုံးထိရောက်တော့ တစ်ဖြည်းဖြည်းချင်းအောက်ကိုဆွဲချတော့တာပဲ ကျွန်တော်ဘာတွေမြင်နေရတာလဲဗျာ.... ကျွန်တော့်သူငယ်ချင်း ကောင်းမြတ်တစ်ယောက်သေပြီနဲ့တူပါတယ်ဗျာ...... ကျွန်ဝောာ်နှလုံးတွေအရမ်းကိုအောင့်လာပြီး ချက်ချင်းပဲလဲသွားတော့တယ်။

မနက်မိုးလင်းပါပြီ .....
ကျွန်တော်အိပ်မက်လိုလိုတကယ်လိုလိုနဲ့ဇဝေဇဝါဖြစ်ပြီး မျက်လုံးတစ်စုံကိုဖွင့်လိုက်တယ် ကျွန်တော်အိမ်ကိုပြန်ရောက်နေပါလား။ ကျွန်တော့်ဖုန်းလည်းပျောက်နေတယ် ကျောင်းမှာကျန်ခဲ့တယ်ထင်တယ်ကောင်းမြတ်သတင်းကိုမေးလို့မရခဲ့ဘူး အဲ့ဒီနောက်နေ့ကစပြီး ကျွန်တော်ကြောက်ဖျားဖျားနေတာတစ်ပတ်လောက်ထိပဲ ဒီလိုပဲတစ်ယောက်ထဲဆေးသောက်လိုက် အိမ်ကမီးဖိုချောင်မှာမေမေချက်ထားတဲ့ဟင်းတွေစားလိုက် အခန်းထဲနားလိုက်နဲ့ပဲတစ်ပတ်ကုန်သွားတယ် တစ်ပတ်လုံးမေမေတို့နဲ့စကားမပြောဖြစ်ဘူးဖေဖေဘယ်ချိန်ပြန်လာလဲကျွန်တော်မသိဘူး။ အရင်ကတည်းကတစ်ယောက်ထဲပဲနေတတ်တော့မေမေတို့လည်းကျွန်တော်ဖျားနေတာကိုသတိမထားမိတာဗျ

" ဒီနေ့ကကျွန်တော့်မွေးနေ့ " နေပြန်ကောင်းလာပြီအောက်မှာလူတွေစုံနေတယ်ဗျ ဘုန်းကြီးတွေလဲပင့်ထားတယ်ဆိုပဲ ကျွန်တော့်မွေးနေ့အတွက်ကုသိုလ်လုပ်တယ်ထင်ပါတယ်။ ချက်ချင်းပဲကျွန်ဝောာ် ကောင်းမြတ်အိမ်ကိုသွားဖို့ပြင်ခဲ့တယ်ဗျ လမ်းကခွေးတွေဒီနေ့တော်တော်ဆိုးတယ်ဗျာ ဘာလို့လိုက်ဟောင်နေကြလဲမသိဘူး ကောင်းမြတ်တို့လမ်းထိပ်က‌နေကျောင်းကြီးကိုဖြတ်ရတာပေါ့ဗျာ အရင်နေ့တွေကထက်တော့ပေါ့ပါးနေတယ်ဗျ ဪ....မွေးနေ့ကိုး "အိမ်ကသော့ခတ်ထားတယ်....". ဒီကောင်ဘယ်သွားပါလိမ့် ခါတိုင်းဒီကောင်မရှိတောင် တီသက်ရှိပါတယ် တီသက်လည်းမရှိဘူးအခု အိမ်ပြန်တာပဲကောင်းပါတယ် အိမ်ပဲပြန်လာခဲ့တယ်။အိမ်ရှေ့ရောက်တော့ မြေဖြူနဲ့ရေးထားတဲ့ဆိုင်းဘုတ်တစ်ခုတွေ့တယ် မဖတ်ခဲ့ပါဘူး.....ဘာလို့လဲဆိုဆိုင်းဘုတ်ဘေးမှာ ကောင်းမြတ်ဆိုင်ကယ်ကိုတွေ့ခဲ့တယ်လေ ဒီကောင်ရောက်နေတယ်‌ဗျ ကျွန်တော်အိမ်ထဲကိုချက်ချင်းဝင်သွားလိုက်တယ် ထင်တဲ့တိုင်းပဲကောင်းမြတ် လက်ထဲမှာလဲကျွန်တော်သိပ်လိုချင်နေတဲ့ဂစ်တာကိုကိုင်ထားတယ် မွေးနေ့လက်ဆောင်ပေးတာဖြစ်မယ် ကောင်းမြတ်ကျွန်တော့်ကိုတော်တော်သံယောဇဉ်ရှိပုံပဲလို့တောင်တွေးမိတယ်

"ကျွန်တော်တောင်းပန်ပါတယ် အန်တီ"
"မဟုတ်တာသားရယ် အန်တီ့သားလေးကကိုကံဆိုးတာပါ"
" ကျွန်တော်သူ့ကိုအပင်အောက်မှာသေချာစောင့်ခိုင်းခဲ့ပါတယ် ကျွန်တော်ဆီထည့်ပြီးပြန်လာတော့ သူ့ကိုမတွေ့တော့ဘူး ကျွန်တော်လည်းအိမ်ကိုပဲပြန်တယ်ထင်ပြီးပြန်လာခဲ့တာပါ သူ့ dead body ကိုအဲ့ကျောင်းဝန်းထဲမှာတွေ့ရလိမ့်မယ်လို့ကျွန်တော်တကယ်မထင်ခဲ့တာပါ ကျွန်တော့်အပြစ်ပါ "
" တစ်ပတ်တောင်ကြာပြီပဲသားရယ် အန်တီသားလေးရဲ့ မွေးရာပါနှလုံးရောဂါဖောက်သွားတာပါ.....သူအိမ်ကိုနေ့တိုင်းလာတယ်ထင်ပါတယ် သူ့အခန်းလေး‌ထဲမှာပဲသူနေတယ်သားရယ် အန်တီသူ့အတွက်နေ့တိုင်းဟင်းပိုချက်ပေးထားတော့သားလေးကကြိုက်ရှာတယ်..." ‌
"မေမေ......"
ကျွန်‌တော့်ဘဝကြီးအ‌မှောင်ကျသွားသလိုပဲကျွန်တော်ကောင်းမြတ်နဲ့မေမေနဲ့ပြောတဲ့စကားတွေကိုတကယ်နားမလည်ဘူး ....

" ဦးဇင်းတို့တောင်ကြွလာပြီ..."

အားးး ကျွန်တော့်ကိုတစ်ခုခုကအိမ်ပြင်ဆွဲထုတ်သွားသလိုပဲ "ပူတယ်ဗျလွှတ်ပါ....ကယ်ကြပါဦး"
ကျွန်တော်မဖတ်ခဲ့တဲ့ဆိုင်းဘုတ်နားထိရောက်လာတော့...
"""(မောင်သန့်စင်) အသက် ၂၀အားရည်စူး၍မိဘနှစ်ပါးမှ ရက်လည်ဆွမ်းသွပ်အမျှဝေ"""
ကျွန်တော့် တစ်ကိုယ်လုံးထုံကျဉ်ပြီးဒူးထောက်ကျသွားတယ်။ အချိန်အတန်ကြာပြီး လက်အုပ်ချီလိုက်တဲ့အချိန်မှာနားထဲကြားလိုက်ရတာက...."ကဲအားလုံးလိုက်ဆို မောင့်သန့်စင်နဲ့တစ်ကွ အားလုံးကြားကြားသမျှ အမျှ အမျှ အမျှ.......)"

.......တကယ်တော့ ကျောင်းရှေ့မှာထိန်းချုပ်ခံလိုက်ရတာ ကောင်းမြတ်မှမဟုတ်ဘဲကို.....
×××××××××××××××××××××××××××××××××××××××××

#horror
#storyteller
#သရဲ
#maw

Keep Reading

How To Train Your Dragon (2025) Spoiler Free Movie Reviewမျက်နှာကို တော်တော်တည် ထားသည်ခင့်ထံ ပေးစာလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်ဦးညိုအေးကြီးကို ကျေးဇူးတင်တယ်