အက္ခရာ - Haruki
ရည်းစားဟောင်းနဲ့ပြန်တွဲမယ်ဆိုရင် ထည့်စဉ်းစားသင့်တဲ့အချက်များ
ရည်းစားဟောင်းနဲ့ပြန်တွဲပြီး ခဏနဲ့ပြန်ပြတ်တာမျိုးမဖြစ်ချင်ဘူးဆိုရင်တော့ ပြန်မတွဲခင်ထဲက သေချာစဉ်းစားဆုံးဖြတ်ပြီးမှ ရွေးချယ်သင့်ပါတယ်။
ငါလည်းသတိရနေတာပဲဆိုပြီး ပြန်လာတာနဲ့ လက်ခံလိုက်တာမျိုးမလုပ်ပါနဲ့။ ရည်းစားဟောင်းနဲ့ပြန်တွဲမယ်ဆိုရင် ဒီအချက်တွေကိုထည့်စဉ်းစားသင့်ပါတယ်။ ပြီးမှသာ ဆုံးဖြတ်ပါလို့ ပြောချင်ပါတယ်ခင်ဗျာ။
❓- ဘာကြောင့်လမ်းခွဲခဲ့ရလဲ
အရေးကြီးတဲ့အချက်ကတော့ သူနဲ့ကိုယ်နဲ့ ဘာကြောင့် လမ်းခွဲခဲ့ရလဲဆိုတာကို စဉ်းစားဖို့ပါပဲ။ ဖောက်ပြန်လို့ လမ်းခွဲခဲ့ရတာ၊ ကိုယ်ထိ လက်ရောက်ကျူးလွန်လို့ လမ်းခွဲခဲ့ရတာဆိုရင်တော့ ပြန်မတွဲသင့်ပါဘူး။
ဒီတော့ ဘာကြောင့်လမ်းခွဲခဲ့ရလဲဆိုတာကို ပြန်စဉ်းစားပြီးမှ ဆုံးဖြတ်ချက်ချပါ။
❤️? - ကိုယ်ရောသူရောချစ်သေးတာသေချာလား
ခဏတာလွမ်းလို့ ပြန်တွဲတာလား ကိုယ်ရောသူရော အရင်လို တစ်ယောက်ကိုတစ်ယောက် ချစ်ကြသေးရဲ့လားဆိုတာကို ပြန်စဉ်းစား ပါ။ မသေချာမရေရာ ဖြစ်နေတယ်ဆိုရင်တော့ အချိန်ယူပြီး ထပ်စဉ်းစားသင့်ပါတယ်။
? - ပြန်တွဲရင်အဆင်ပြေပါ့မလား
အရေးကြီးတဲ့နောက်တစ်ချက်ကတော့ ပြန်တွဲတာတော့ ဟုတ်ပါပြီ ပြန်တွဲရင်ကော အဆင်ပြေပါ့မလားဆိုတာကို စဉ်းစားပါ။
ပြန်တွဲလည်း အရင်လိုပဲ ပြဿနာတွေဖြစ်နေမယ်၊ ရန်ဖြစ်စကားများနေရတာတွေနဲ့ အချိန်ကုန်နေမယ်ဆိုရင်တော့ ပြန်တွဲလို့လည်း အပြည့်အဝပျော်ရွှင်ရမှာမဟုတ်ပါဘူး။ ထပ်ပြီးစိတ်ညစ်ရအုံးမှာပါ။
?? - ကိုယ့်အနေနဲ့ခွင့်လွှတ်နိုင်လား
သူကကိုယ့်အပေါ်မှာ အပြစ်လုပ်ခဲ့တာဆိုရင် အဲ့အပြစ်တွေ၊ သူ့ရဲ့အမှားတွေကို ခွင့်လွှတ်နိုင်တာ သေချာလား စဉ်းစားပါ။ ခွင့်မလွှတ် နိုင်ပဲနဲ့တွဲရင် သတိရတိုင်း ကိုယ်ပဲစိတ်ညစ်နေရမှာဖြစ်သလို စိတ်မကြည်တိုင်းလည်း အဲ့ကိစ္စကိုပဲ ခဏခဏ ပြဿနာရှာမိနေမှာပါ။
? - သူ့ဘက်ကအရှုပ်အရှင်းကင်းတာသေချာလား
နောက်ဆုံးအနေနဲ့ အရေးကြီးတဲ့အချက်ကတော့ ကိုယ့်ဆီပြန်လာတာ သူ့ဘက်က အရှုပ်အရှင်းကင်းတာ သေချာလားဆိုတာကို သေချာအောင်လုပ်ပါ။
တစ်ဖက်မှာလည်း အရှုပ်တွေရှိသေးတယ်ဆိုရင် ပြန်တွဲမိတဲ့ကိုယ်ပဲ နစ်နာရမှာ၊ စိတ်တိုပြီး နာကျင်ရမှာပါ။ ဒါ ကြောင့် အလောတကြီးမဆုံးဖြတ်ပဲ သေချာစဉ်းစားပြီးမှ ဆုံးဖြတ်သင့်ပါတယ်ခင်ဗျာ။
My Relationship Coach Channel ( Telegram )
https://t.me/Relationship_coach_by_Haruki
နွေဦးအက္ခရာ
Keep Reading