SarPhat Author
လက်ရှိဘယ်လိုစာအုပ်လက်ရှိ ဘယ်လိုစာအုပ်မျိုးတွေ ဖတ်နေလဲ❓ နောက်ဆုံး စာဖတ်ခဲ့တာရော ဘယ်တုန်းကလဲ❓ မိမိလက်ရှိဖတ်နေတဲ့/ ဖတ်ခဲ့ဘူးတဲ့စာပေထဲက ဗဟုသုတရစရာ သိမှတ်ဖွယ်ရာတစ်ချို့နှင့် စာအုပ်အမည်ကို အများအကျိုးရှိအောင် comment ပေးပေးပါနော်။
?အောင်မြင်နေတဲ့သူတိုင်းကမ္ဘာကျော်millionaire တွေတိုင်းမေးလိုက်ရင်စာဖတ်ကြပါတယ်ဖတ်နေတဲ့စာအုပ်အမျိုးအစားတွေသာကွာခြားသွားမယ်စာမဖတ်သူမရှိပါဘူး ဒါကြောင့်အောင်မြင်ချင်ရင်စာဖတ်ရပါတယ်?ဘဝမှာပျော်ရွှင်နေတဲ့သူတွေအခက်အခဲဘာတွေပဲရှိရှိ
အမြဲပြုံးနေတဲ့သူတွေကိုမေးလိုက်ရင်လည်းစာဖတ်ကြပါတယ်စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သတ်တဲ့စိတ်ဓါတ်ခွန်အားရရှိစေမယ့်စာပေမျိုးတွေဖတ်သင့်ပါတယ်စာဖတ်ခြင်းကြောင့်ရရှိလာမယ့်အကျိုးကျေးဇူးတွေကိုဖော်ပြလိုက်ပါတယ်
1️⃣အာရုံစူးစိုက်မှုကောင်းခြင်းစာပေထဲမှာစိတ်ဝင်တစားဖတ်ရှုဖန်များလာတဲ့အခါအာရုံစူးစိုက်မှု ပိုတိုးမြင့်လာတဲ့အတွက်ကျောင်းသင်ခန်းစာမှာပဲဖြစ်ဖြစ်အလုပ်ခွင်မှာပဲဖြစ်ဖြစ်ပိုမိုဖြစ်ထွန်းပါတယ်
2️⃣အသိပညာကြွယ်ဝခြင်းစာအုပ်စာပေလူ့မိတ်ဆွေတဲ့စာပေကောင်းတွေဖတ်ခြင်းအားဖြင့်နဂိုရှိတဲ့ထက်အသိပညာကြွယ်ဝလာမယ်အချိန်ကုန်တာနဲ့အမျှပိုမိုသိမြင်တဲ့သူတစ်ယောက်ဖြစ်လာပါတယ်
3️⃣စကားပြောကြွယ်ဝခြင်းစာဖတ်ခြင်းအားဖြင့်အသိပညာရရှိတဲ့အတွက်စကားပြောတဲ့အခါမှာလူစိတ်ဝင်စားအောင်ပြောဆိုနိုင်ခြင်းဗဟုသုတရစေမယ့်အရာတွေပြန်လည်မျှဝေနိုင်ခြင်းကြောင့်စာများများဖတ်သူများဟာစကားပြောကောင်းပါတယ်
4️⃣မှတ်ဉာဏ်မြင့်မားလာခြင်းစာပေများစွာဖတ်ခြင်းဟာဦးနှောက်ရဲ့မှတ်နိုင်စွမ်းရည်memory ကိုတိုးမြင့်စေပါတယ်မေ့တတ်ခြင်းခဏခဏသတိမေ့ခြင်းကိုလျော့နည်းစေပါတယ်
5️⃣စိတ်ဖိစီးမှုလျော့နေစေခြင်းစိတ်ညစ်နေတယ်စိတ်ဓါတ်ကျနေတယ်ဆိုရင်စာဖတ်လိုက်တာနဲ့ချက်ချင်းစိတ်တည်ငြိမ်လာပြီးစိတ်ဖိစီးမှုကိုလျော့စေပါတယ်စာဖတ်ခြင်းကြောင့်များစွားသောအကျိုးကျေးဇူးများကိုရရှိစေလို့မိတ်ဆွေများစာဖတ်ကြပါတစ်ရင်ကိုတယ်လီဖုန်းသုံးမယ့်အစားမိနစ်(၃၀)ဖြစ်ဖြစ်(၁)နာရီဖြစ်ဖြစ်စာဖတ်စေချင်ပါတယ်
Keep Reading