SarPhat Author
ကိုယ့်ကိုကိုယ် မုန်းဘူးလား !
အရမ်း ဈေးပေါနေခဲ့မိလို့လေ. . . . ။
ဖြစ်ဘူး ကြုံဘူးကြမယ်ထင်ပါတယ် ။
ကျွန်တော် အပါဝင်ပေါ့ ။
တစ်စုံတစ်ယောက်ကို နက်နက်ရှိုင်းရှိုင်း ချစ်မိပြီးနောက်
ကျွန်တော်တို့ကိုယ်တိုင်
လိုလိုလားလားနဲ့ကို ဈေးပေါမိတော့ပါပဲ . . . ။
ကိုယ့်ကို မချစ်တဲ့သူအတွက်
ကိုယ့်ကိုကိုယ် ပျောက်ဆုံးခံနေရတာ
တကယ်ရော တန်ရဲ့လား !
ကိုယ့်တန်ဖိုးကို မသိတဲ့သူအတွက်
မျက်ရည်ကျနေရတာက တကယ်ရော တန်သလား !
လိုအပ်မှ လှည့်လာမဲ့သူတွေအတွက်
အချိန်တွေ အကြာကြီး
ရပ်စောင့်နေခဲ့တာကရော တန်ရဲ့လား !
အရမ်းချစ်နေလို့ပါဆိုရင်တောင်
ရင်ထဲမှာပဲ သိမ်းထားခြင်းက
တစ်ခါတစ်လေ ပိုကောင်းပါတယ် ။
တန်ဖိုးမသိတဲ့သူအရှေ့ ထုတ်ပြမိတဲ့အခါ
ဈေးပေါသွားတတ်တယ် ။
ဒါကြောင့်
ကိုယ့်တန်ဖိုးကိုသိတဲ့ ရင်ခွင်မှာပဲရှင်သန်ပါ။
ကိုယ့်ကို မချစ်တဲ့သူအတွက် မျက်ရည်မကျစေနဲ့ ။
ရပ်ပြီး စောင့်မနေနဲ့ ။
ကိုယ့်ကိုကိုယ် မပျောက်ဆုံးစေနဲ့ ။
အထူးသဖြင့်
ကိုယ့်တန်ဖိုးကို မသိတဲ့သူတွေအတွက် ဈေးမပေါပါနဲ့ ။
Crd
Keep Reading