Author's Profile Photo

SarPhat Author

17/05/2024

အချိန်ရရင် ဖတ်ကြည့်စေချင်ပါတယ်

1 min read
Life Style
Book Review
18 Again
အချိန်ရရင် ဖတ်ကြည့်စေချင်ပါတယ်'s photo

လွယ်လွယ်နဲ့ ရရင် လူတွေက တန်ဖိုးမထားချင်ကြဘူး
ဒါကို မင်းသိရင် နောက်တစ်ခါ ဘယ်အရာကိုမှ အလကားမပေးပါနဲ့

လူတစ်ချို့
မင်းကို စွန့်ပစ်သွားတယ်ဆိုတိုင်း
မင်းက တန်ဖိုး မရှိလို့ မဟုတ်ပါဘူး....။

လူတစ်ချို့
မင်းအနားမှာ မပျော်တော့ဘူးဆိုတိုင်း
မင်းက အသုံးမဝင်တော့လို့ မဟုတ်ပါဘူး...။

လူတစ်ချို့
မင်းကို အရေးမလုပ်တော့ဘူး ဆိုတိုင်း
မင်းက လူရာမဝင်တော့လို့ မဟုတ်ပါဘူး... ။

တကယ်တော့

မင်းမေတ္တာ စေတနာ မင်းရဲ့ ပေးဆပ်မှု မင်းရဲ့ အလေးထားမှုနဲ့
မထိုက်တန်တဲ့ သူတွေ ရှိသလို မင်းရဲ့ အရမ်းချစ်တဲ့ ဒဏ်ကိုမခံနိုင်သူတွေလဲ ရှိပါတယ်။

လွယ်လွယ်နဲ့ရရင်လူတွေက တန်ဖိုးမထားချင်​ကြဘူး
ဒါကို မင်းသိရင် နောက်ဆစ်ခါ ဘယ်အရာမှ အလကား မပေးပါနဲ့။

စွန့်ပစ်ခံရတယ်ဆိုတိုင်း အမှိုက်မဟုတ်ဘူးဆိုတာ
နားလည်
တစ်ဖက်က တန်ဖိုးမသိတာလဲ ဖြစ်နိုင်တယ်လေ။

တစ်ခါတစ်လေမှာ ကိုယ်နဲ့ မထိုက်တန်သူတွေ
ကိုယ့်ကို အမြဲနာကျင်စေတဲ့ သူတွေကို လောကကြီးက သူ့နည်းသူ့ဟန်နဲ့
ရှင်းထုတ်ပေးသွားတာလဲ ရှိတယ်

ပြေးလိုက်ရတာ ပင်ပန်းသလို ဆွဲထားရတာလဲ ပင်ပန်းတာပါပဲလေ....

အဲ့တော့
မနေချင်တဲ့ သူတွေကို သွားခွင့်ပြုလိုက် နေချင်တဲ့ သူတွေကိုတော့ သူ့သဘောအတိုင်းရှိစေ...။

သူတို့ ဆုံးရှုံးသွားတာက ဂရုစိုက် ပေးဆပ်ပြီး ချစ်တတ်တဲ့ သူကို....
မင်း ဆုံးရှုံးသွားတာက အမြဲစိတ်ဆင်းရဲအောင် လုပ်တဲ့ သူတွေကို....

ကဲ ဘယ်သူနာလဲ မင်းမနာပါဘူး
အမှိုက်တွေ ရှင်းသွားတော့ မရှုပ်တော့ဘူးပေါ့။

တစ်ယောက်ထဲ နေလဲ ဖြစ်တယ်
နှစ်​ယောက်ရှိမှ ဘဝ မဟုတ်ဘူး
လူတွေ များလေ အပူတွေ များလေပဲ။

ကိုယ့်မိသားစုနဲ့ ကိုယ်ကို တကယ်ချစ်တဲ့ သူကိုပဲ
တန်ဖိုးထား မြတ်နိုးပြီး ချစ်ပါ။

ကျန်တဲ့ အပေါ်ယံတွေ အတွက် အလေးအနက်ထားပြီး မခံစားပါနဲ့နော်...။

နောက်ထပ် မမိုက်ချင်ပါနဲ့....
မင်းရဲ့ သင်ခန်းစာလေးရဖို့ စာလေးတစ်ပုဒ်ပဲ ဖတ်ရတာ

ကျွန်မမှာက မျက်ရည်တွေနဲ့ရော ဘဝနဲ့ပ ရင်းခဲ့ရတာ
မင်းဖတ်ရတာ တန်ပါတယ်ကွာ.........။

crd#
?thwe?











Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်