Author's Profile Photo

SarPhat Author

17/05/2024

" မြကြာဖြူ "

2 mins read
Book Review
" မြကြာဖြူ "'s photo

ဆရာမ ခင်နှင်းယုရဲ့ " မြကြာဖြူ " စာအုပ်ဖတ်ပြီး ကာလ

ကျောင်းတက်တုန်းက လင်းရွှေအောင်နဲ့ တူးတူး ချစ်သူ

ရှယ်လီဆိုတဲ့ ဧကရစ်ဘုရင်မက လင်းကို မြင်မြင်ချင်း ချစ်မိသွားတော့

ရှယ်လီရဲ့ အလှနဲ့ လင်းကို အပိုင်သိမ်းပိုက်လိုက်ပါတယ်။

လင်းနဲ့ ရှယ်လီမှာ သား ဂျင်မီနဲ့ သမီး အင်နာဆိုပြီး သားသမီး ၂ယောက် ရှိပါတယ်။

လင်းဟာ တူးတူးအပေါ် အားနာစိတ်တွေရယ်၊ မတရား သလို ခံစားရတဲ့ စိတ်ရယ်ကြောင့် အရက်ရဲ့ ကျေးကျွန် ဖြစ်ခဲ့ရပါတယ်။

လင်းအလုပ်စကျတဲ့နေရာလေးမှာ ရွာ ၁ရွာကို ဆေးသွား ကုရင်း သူနေ၊ အိပ်၊ စားတဲ့ အိမ်လေးရဲ့ သမီးရှင်ကို လူပျိုဆိုပြီး အပိုင်တောင်းပါသတဲ့။

လင်းရဲ့ ဇာတ်လမ်းရှုပ်ပုံ အခြေအနေမဟန်တော့ ရှယ်လီက ရန်ကုန်ကို ပြောင်းရ ပြန်တယ်။

လင်းဟာ " တစ်ရွာ တစ်ကျီဆောက် " ဆိုသလို ရန်ကုန် ရောက်တော့လည်း သယ်မာနဲ့ ညှိပြန်ရော

လင်းသူငယ်ချင်းတွေက ရာထူးအဆင့်ဆင့်တိုးသွားတော့ လင်းမှာ ပညာတော်နေပါလျှက်နဲ့ အတိတ်ရဲ့ အမဲစက် ကြောင့် ရာထူးမတိုးပဲ တစ်နေပြန်ရော

ရှယ်လီက လင်းကို ကြည့်ပြီး သနားတော့ နိုင်ငံခြားကို ပညာတော်သင်လွှတ်ဖို့ တူးတူးရဲ့ အမျိုးသားက အကောင်ကြီးဆိုတော့

တူးတူးဆီမယ် ရှယ်လီဟာ မာန၊ သိက္ခာ ခဝါချပြီး မျက်နှာသူငယ်ဖြင့် လင်းနိုင်ငံခြားမယ် ကျောင်းဆက် တက်နိုင်အောင် ကြိုးစားပေးတယ်။

တူးတူးရဲ့ အမျိုးသားဟာ လူကြီးလူကောင်းပီသတဲ့အပြင် လင်းကို တူးတူးဆီကနေ ဝေးသွားအောင် ပညာသား ပါပါဆွဲထုတ်ပြီး

လင်းက တူးတူးကိုလည်း ဆရာ၀န် ၁ယောက်ရဲ့ တာ၀န်ကျေတဲ့အပြင် သူနာပြုတာ၀န်ကိုပါ ထမ်းဆောင် ပြီး တာ၀န်အရမ်းကျေလွန်းခဲ့တော့

နိုင်ငံခြားကို ချောချောမွေ့မွေ့ပဲ ပညာဆက်သင်ဖို့ ပို့ပေးခဲ့တယ်။

ရှယ်လီဟာ လင်းကို လေဆိပ်လိုက်ပို့ရင်း လင်းနဲ့ သယ်မာ နိုင်ငံခြားကို တူတူထွက်သွားတာကို ရှယ်လီရဲ့ မျက်စိဖြင့် သယ်မာကို မြင်ခဲ့တယ်။

မြန်မာနိုင်ငံမှာကတည်းရင်း လက်ထပ်ပြီး နိုင်ငံခြားကို ထွက်သွားတာကို ရှယ်လီသိလိုက်ရတယ်။

ရှယ်လီဟာ အတိတ်မှာ မျက်နှာများတဲ့ မိန်းကလေးဆို ပေမယ့်

အိမ်ထောင်ကျပြီး သား ဂျင်မီနဲ့ သမီး အင်နီရပြီးတော့ မိခင်ကောင်း ၁ယောက်ဖြစ်လာခဲ့တယ်။

ဂျင်မီက နိုင်ငံခြားမယ် ဆေးပညာကို ဆက်လက် သင်ယူတော့ သူ့ရဲ့ ဒက်ဒီလင်းနဲ့‌တွေ့တော့ လင်းဟာ အရက်ရဲ့ ကျေးကျွန်ဖြစ်ပြီး ကျန်းမာရေးဆိုးရွားနေပြီ ဖြစ်တယ်။

ဂျင်မီဟာ နိုင်ငံခြားမယ် ဆေးပညာသင်ပြီး မြန်မာနိုင်ငံ ပြန်ရောက်တော့ သူ့ အဘိုးနဲ့ အဖွားပေးစားတဲ့ မိန်းကလေးနဲ့ လက်ထပ်တယ်။

လင်းဟာ ဂျင်မီရဲ့ လက်ထပ်ပွဲကို အမှတ်မထင် ရောက်လာတယ်။

ဝေးဝေးတစ်နေရာကနေပဲ သူ့သားနဲ့ သမီးကို သူကြည့်ရှာတယ်။

မင်္ဂလာပွဲကပြန်ပြီး လင်းရဲ့ ကျန်းမာရေးဟာ သွေးပါတဲ့ အထိ နောက်ဆုံးအဆင့်ထိကို အသည်းအသန် ဆိုးရွား‌ နေပြီ။

နောက်ဆုံးထွက်သက်ရောက်တဲ့အချိန်ထိ သူ့ရဲ့ နောက်ဆုံးဆန္ဒ ငယ်ချစ်ဦး တူးတူးကို ခေါ်ပေးဖို့ သူ့ရဲ့ သူငယ်ချင်းကို အကူအညီတောင်းတယ်။

လင်းရဲ့ နောက်ဆုံးဆန္ဒကို တူးတူးကလည်း ဖြည့်ဆည်းပေးရှာတယ်။

လင်းဟာ နားလည်ရခက်လွန်းတဲ့ သတ္တဝါလို့ဆိုရမယ်။

ဘာလို့လဲဆိုတော့ မူရင်းစာရေးသားသူ ခင်းနှင်းယုရော ခင်ခင်ချော(ပင်းတယ)ရော မိန်းကလေး ဖြစ်နေလို့ ပါပဲ။

မိန်းကလေးဆိုတော့ မိန်းကလေးရဲ့ ခံစားချက်လောက် သာ လိုက်ခံစားပေးလို့ရမယ်။

ယောကျာ်းလေးရဲ့ ခံစားမှုကို ဘယ်လိုမှ လိုက်ခံစားပေး လို့ရမှာ မဟုတ်ဘူး။

ကိုယ့်ဆီကိုလည်း ချစ်သူစုံတွဲ ၁တွဲက အမြဲတမ်းလာတိုင် ပင်ကြတယ်။

ကောင်လေးနဲ့လည်း ခင်သလို၊ ကောင်မလေးနဲ့လည်း ခင်နေပြန်တယ်။

ကောင်လေးဟာ အရင်က ချစ်သူဟောင်းကို ထားခဲ့တယ် လို့တော့ ကြားဖူးတယ်။

ယခုချစ်သူကိုလည်း အဲလိုမျိုးထားခဲ့ပြန်မှာလား မသိဘူး။

အဲကောင်လေးဟာ ရိုးရိုးအေးအေးလေးနဲ့ မကောင်းဘူး။ ကောင်မလေးကို ထားထားခဲ့တယ်လို့ တော်တော် များများ ပြောကြတယ်။

ဒါပေမယ့် ကိုယ်ကတော့ ယောကျာ်းလေးတစ်ယောက်ရဲ့ ခံစားချက်ကို မိန်းကလေးက ဘယ်လိုမှ လိုက်ခံစားလို့ မရတာကြောင့် အဲကောင်လေးကို ဘယ်လိုမှ မကောင်း တဲ့သူလို့ မမြင်သလို၊ အပစ်လည်း မမြင်ရက်ပါဘူး။

သူဘာတွေ ခံစားနေရတယ်။ သူဘာတွေ အလို မကျတယ်။ ကိုယ်က အပစ်လည်း မလုပ်ပါရက်နဲ့ ဘာလို့ ဒီလိုလုပ်သွားရတာလဲဆိုပြီး မနာကျည်းပါနဲ့။

သူဟာ ယောကျာ်းလေးတစ်ယောက်ဖြစ်နေတဲ့အပြင် ဘာတွေ ခံစားနေရမှန်း ကိုယ် မသိနိုင်တဲ့အတွက် ကြောင့်ပါပဲ။

ခင်ခင်ချော(ပင်းတယ)

Keep Reading

တဇောက်ကန်းသမားဟိုလိုလို ဒီလိုလို ဝေလည်လည်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်သုံး (၆-၁၀) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၁၅-၂၅) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၂၆-၃၂) မြကတ္တီပါလမ်း (Book review)ပန်းကြာဝတ်မှုံ - ခင်ခင်ထူး ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ခြောက် (၁-၁၀) ရှန်ဂရီလာ