Author's Profile Photo

Reviews by Benevolent

17/05/2024

' လရိပ်ကို နင်းခြေသူ

1 min read
Life Style

" ခုခေတ်မှာ ရိုးသားနေရင် သူများလိမ်တာ ခံရနိုင်တယ်" အဲ့စကားက လူပြောများလာတယ်၊မရိုးသားသူတို့ရဲ့ လက်သုံး စကားသာ ဖြစ်တယ်။အဲ့အတွေးဝင်လာအောင် လည်း တစ်ဆင့်ခြင်းစတင်ပါတော့တယ်။မသိနားမလည်တဲ့လူတွေကလည်း အော်သူတို့တောင် လုပ်တာပဲ၊ အားလျော့သွားအောင်၊ စိတ်ငယ်သွားအောင် လုပ်ပါတော့တယ်။တနည်အားဖြင့် အတ္တဝါဒကို ဦးနှောက်ဆေးပြီးတော့ ရိုက်သွင်းတာပါပဲ။လူတွေဟာ ပျက်စီးရာ ပျက်စီးကြောင်း ဆိုက်လာပြီးဆို အမှားကို အမှန်မြင်လာကြတယ်။ အမှားများလာရင် အမှန်လို့ ထင်တတ်ကြတယ်။ မတရားတာကို တရားတာလို့ပါ မြင်လာကြရော။မှန်မှန်ကန်ကန်စဉ်စားတာက တရားပဲ။လုပ်ရပ်တွေကလည်း တရားဖို့တော့လိုတယ်။တချို့သူတွေက သိပ်တော်တာ၊ကိုယ့်အမှားကို သူများအမှားဖြစ်အောင် လုပ်တဲ့နေရာမှာ၊ အတွင်းထဲက တမာလို့ခါးတာကို အပြင်က ပျားရည်လို့ ချိုအောင်တမင်လုပ်ထားကြတယ်။မရယ်ရတဲ့ အရသာကို ရယ်ပြရတာလည်း ဝေဒနာပဲ၊ ဉာဏ်များမှုနဲ့ မနာလိုမှုက မြွေတစ်ကောင်ရဲ့ ခေါင်းနဲ့အမြီးလိုပဲ၊ တနည်းနည်း နဲ့ တုံ့ပြန်တတ်တယ်။လူတစ်ယောက်က ‌ဆိုရှယ်ကျဖို့ လူ့ဘောင်ဆန့်၀င်ဖို့လိုတယ်ဆိုပေမယ့်၊ တားထားတဲ့ ဘောင်ကချီးဘောင် အသိုင်းအဝိုင်းကြီး ဖြစ်နေရင်တော့ ဆန့်၀င်စရာမလိုပါဘူး၊ တန်‌ကြေးများတဲ့ဘဝကိုဇွဲကြိုးချမခံပါနဲ့။

Tolstoy စကား ယူသုံးရရင် အကုန်လုံးက သမိုင်းဖြစ်စဉ်ကြီးထဲက လှုပ်ရှားမှုတွေရဲ့ အသုံးတော်ခံ ဇာတ်ကောင်တွေပါပဲ။လူမသေခင် နာမည်သေသွားတဲ့ သမိုင်းမှတ်တိုင်ကို စိုက်ထူနိုင်ခဲ့တဲ့ဇာတ်ကောင် နဲ့ နာမည်ကို အလေးအမြတ်ထား၊ နာမည်ကိုနှမြောတတ်တဲ့ဇာတ်ကောင် နှစ်မျိုးပဲရှိတယ်။ဘဝတစ်လျှောက်လုံးကို ရိုးရိုးသားသားနေခဲ့တဲ့ လူက ဘာလုပ်လုပ် သူ့မှာ လိပ်ပြာလုံနေတယ်။ သူများဥစ္စာ မခိုးဘူး။ သူများအတင်းကို သွားပုပ်လေလွှင့် လိုက်မပြောတတ်ဘူးလောကမှာ ကိုယ်အသက်ဆက်ဖို့အတွက် တခြားဘဝတွေ မထိခိုက်၊ဆုံးရှုံးမသွားဖို့လိုအပ်တယ်။အများလိုအပ်တဲ့ ဆုတံဆိပ်တွေ၊ ငွေကြေးကိန်းဂဏန်းအောင်မြင်မှုတွေထက် ရင်ထဲမှာကိန်းအောင်းတဲ့ တကယ့်အပြစ်ကင်းမှု ၊ ငြိမ်းချမ်းမှု ဟာ ပိုသာပါတယ်။

လက်ထဲမှာ ဓားဝှက်ထားပြီး ပါးစပ်က ပြုံးပြတာမျိုး၊သေမင်းနိုင်ငံတံခါးဝဆီ ပို့ပေးလူမျိုးထက် ရိုးသားပြီး ယုံလို့ရတဲ့ လူမျိုးက ဘဝအတွက် စစ်ကူ ပါပဲ။ဆရာကြီးနတ်နွယ်ပြောခဲ့သလို ဘဝမှာ တစ်ယောက်ယောက်ဆီက "သူ့ကို ယုံလို့ရတယ်" ဆိုတဲ့ စကားတစ်ခွန်းက ဘာဘွဲ့နဲ့မှ လဲလို့ မရပါဘူး။စစ်မှန်တဲ့ ယုံကြည်မှုဟာကိုယ့်အတွက်တရားဖြစ်‌ပေမယ့် အမုန်းခွန်အားကို ဘယ်တော့မပြရဘူး။ နေခြင်းဆိုတဲ့ အဓိပ္ပါယ်က ကျန်သေးတယ်။သူတို့က မှောင်စေချင်သော်လည်းကိုယ့်စိတ်မှာ ရှင်းအောင်နေတတ်တော့တိမ်ဖုံးပေမယ့် လသာသလိုပါပဲ။လရိပ်ကို ခြေနဲ့နင်းချင် နင်းလို့ရတယ်၊ လကိုတော့ အချိန်တန်ရင်မော့ကြည့်နေရဦးမှာပါပဲ။


Please YouTube ?
https://youtube.com/@reviewsbybenevolent?si=4NTi5qWKaAuPMgUm

တွေးမိတွေးရာ

Benevolent Guy

May -24

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)