SarPhat Author
ပူပြင်းလှသောနွေရာသီကာလတစ်ခု။ ကျွန်ုပ်သည်ကား ထိုအပူရှိန်ကို ရင်ဆိုင်လျက် ကျူရှင်သွားရန်သာ မာန်ပြင်းနေ၏။ ကိစ္စအစုစုတို့ကို ပြင်ဆင်ပြီးလျှင် တစ်နေ့နှစ်ပဲခြောက်ပြားမျှရသော အဿပြာလေးများကိုစုထားသည့် ကျွန်ုပ်၏ ပိုက်ဆံအိတ်အစုတ်လေးအား ကောက်ကိုင်လိုက်သည်။ သုံးထောင်မျှရှိသော အဿပြာငွေအကြွေလေးများကို လက်၌ဆုပ်ကိုင်လျက် ကျူရှင်ဟူသည့် ကျောင်းတော်ကြီးသို့ ခရီးနှင်ခဲ့တော့သည်။
ကျူရှင်မတိုင်မီ ကျူရှင်သွားရာလမ်းတွင် တစ်ခုတည်းသာရှိသော ကော်ဖီဆိုင်လေးသို့၀င်ကာ ကော်ဖီတစ်ခွက်လောက်၀ယ်သွားရန် သုံးထောင်တန်ငွေအကြွေစုလေးကို ကိုင်လျက်စဉ်းစားနေ၏။ သို့သော် အချိန်ကားမရ ကျူရှင်ချိန်စနေပြီဖြစ်၍ ကော်ဖီဆိုင်လေးသို့ မဝင်ခဲ့ရ။ သို့သော်လည်း ဇွဲကားမလျော့ချေ။ ကျူရှင်တစ်ချိန်ပြီး နားနေချိန်၌ ထိုကော်ဖီဆိုင်သို့မရမက ရောက်အောင်သွားခဲ့၏။ ဆိုင်တွင်ရွေးချယ်စရာကော်ဖီအမျိုးအစားများမှာ များပြားလှ၏။ ကျွန်ုပ်မှာ ဆုံးဖြတ်ချက်ကိုလျင်မြန်စွာပင်ချလျက် ပါလာသောငွေလေးသုံးထောင်ကို အလုံးအရင်းသုံးကာ မိုခါကော်ဖီအေးလေးတစ်ခွက်ကို ၀ယ်လျက်ကျူရှင်သို့ ပြန်ခဲ့၏။
အချိန်တို့မှာ လည်ပတ်လျက်လျက်။ သဘာ၀တရားကြီးကလည်း သူ့အလုပ်သူလုပ်လျက်။ ကျွန်ုပ်မှာမူ ကော်ဖီအစွမ်းကြောင့်လားတော့မသိ ယခင်အမြဲငိုက်နေကျ သင်္ချာအချိန်မှာတောင် စွမ်းအင်ပြည့်၀နေ၏။ ထိုအချိန်တွင်စဉ်းစားမိသည်က အိမ်တွင်သောက်နေကျ သုံးရာကျပ်တန်အသင့်ဖျော်ကော်ဖီနှင့် သုံးထောင်တန်ဆိုင်ဖော်ကော်ဖီမှာ အလွန်ကွာခြားလှသည်ပင်ဖြစ်၏။ စဉ်းစားတွေးတောနေစဉ်ပင် ကျူရှင်ချိန်မှာလည်း တစ်နေ့တာအတွက် ကုန်ဆုံးသွားလျက်။
အိမ်ပြန်ရောက်ချိန်တွင် လွယ်အိတ်လေးကိုချလျက် ဟိုသွားသည်သွား၊ ဟိုလုပ်သည်လုပ်နှင့် အချိန်ဖြုန်းလိုက်သည်မှာ ညနေစောင်း ၆နာရီခွဲပင် ရောက်ခဲ့ချေပြီ။ ထိုအချိန်မှ လေ့လာလျက်ရှိသော ဘာသာစကားလေးကို ကျက်မှတ်ရန်သတိရတော့၏။ မီးကားမလာ။ နွေအပူကလည်း ငရဲမီးအလား။ ကျွန်ုပ်တို့လမ်းလေးမှာ အမှောင်အတိလွှမ်းလျက်။ ကျွန်ုပ်တို့အိမ်ကဲ့သို အင်ဗာတာတပ်ထားသောအိမ်များ၊ မီးစက်မောင်းထားသောအိမ်များ၊ ဆိုင်များကြောင့်သာ မီးအလင်းရောင်တစ်စနှစ်စရနေ၏။ အင်ဗာတာတပ်ထားသည်ဟူသော ကျွန်ုပ်တို့အိမ်ရှိအင်ဗာတာမှာ အကောင်းကြီးတော့မဟုတ်။ မီးထွန်းလျှင် တစ်နေ့နှစ်နာရီ၊ သုံးနာရီသာခံ၏။ မီးချောင်းနှစ်ချောင်းလောက်ပြိုင်ထွန်းမိလျှင် တစ်နာရီခွဲပင်ခံမည်မထင်။ ပန်ကာဖွင့်ဖို့ဆိုဝေးချေပြီ။ ကျွန်ုပ်မှာလည်း အမှောင်ငရဲကို တစ်ကိုတည်းကျော်လွှားရန်မတတ်နိုင်။ ဘာသာစကားသင်ယူခြင်းကိုသာအဖော်ပြုလျက် ကျော်ဖြတ်ရတော့၏။ သို့သော် သိပ်တော့စိတ်မပါလှ။
စိတ်မပါသော်လည်း ဘ၀ပေးတာ၀န်ကြောင့်သာ အတင်းစိတ်နှစ်လျက် ဖတ်ရတော့၏။ ထို့သိုကျက်မှတ်နေစဉ်ပင် ဘရံတောက်တီး ဟိုတွေးသည်တွေးစိတ်လေးတို့၀င်လာ၏။ ထိုအခါမှ ကျူရှင်ဆရာထံပေးရန် ကျန်ရှိနေသော စာအုပ်ဖိုးငွေငါးထောင်ကို သတိရမိတော့၏။ ထိုငွေငါးထောင်ကို မပေးဖို့ရန်သာ အကြောင်းပြချက်အမျိုးမျိုးကို ကိုယ့်ကိုယ်ကို ပြန်၍ပေးနေ၏။ ကျွန်ုပ်၏လွယ်အိတ်ထဲသို့ကြည့်လျှင်လည်း စာအုပ်များကဟိုရောသည်ရောနှင့် သပ်သပ်ရပ်ရပ်မရှိလှ။ ပြီးဆုံးသည်အထိရေးပြီး၍ အသစ်လဲရန်လိုနေသော ဗလာစာအုပ်များမှာလည်း သုံးလေးအုပ်ပင်။ အချို့ဗလာစာအုပ်များကိုမူ အရင်အတန်းတုန်းက ကျန်ရှိသော တစ်မျက်နှာ၊ နှစ်မျက်နှာသ
Unlock to read this premium article with 10 points.