SarPhat Author
⚫လူတိုင်းလူတိုင်းရဲ့ဘဝအတွက် အရေးပါအရာရောက်တဲ့ပြဿနာတစ်ခုကိုပြပါဆိုရင် "စိတ်ကျန်းမာရေး"ဟာတစ်ခုအပါအဝင်ဖြစ်ပါလိမ့်မယ်
⚫ ကျွန်တော်တို့တစ်တွေဟာ "စိတ်ကျန်းမာရေး" လို့ပြောလိုက်တာနဲ့ အရူးတွေကိုပြေးမြင်တတ်ကြတယ်မဟုတ်လား။လူတစ်ယောက် "စိတ်ကျန်းမာရေး"ချို့တဲ့နေတယ်လို့ဆိုလိုက်သည်နဲ့ ဒီလူဟာအရူးတစ်ယောက်လို့သတ်မှတ်လိုက်ကြတယ်။ဒါပေမယ့် လူတိုင်းလူတိုင်းမှာ "စိတ်ကျန်းမာရေး" ဟာ အကြောင်းတစ်ခုမဟုတ်တစ်ခုကြောင့်ချို့ယွင်းနေတတ်ကြပါတယ်။အရူးတစ်ယောက်ပဲ "စိတ်ကျန်းမာရေး"ချို့ယွင်းနေတတ်တာမဟုတ်ပဲ လူကောင်းတစ်ယောက်မှာလည်း "စိတ်ကျန်းမာရေး"ချို့ယွင်းနေတတ်ပါတယ်။
⚫မိသားစုအရေးကြောင့်ဖြစ်စေ၊လူမှုပတ်ဝန်းကျင်ကြောင့်ဖြစ်စေ၊လုပ်ငန်းခွင်ကြောင့်ဖြစ်စေ၊သမီးရည်းစားအချစ်ရေးကြောင့်ဖြစ်စေ ကိုယ့်ရဲ့"စိတ်"ဟာနေမကောင်းဖြစ်တတ်ပါတယ်။စိတ်ထိခိုက်ဝမ်းနည်းတာ၊နာကြင်တာ၊စိတ်ပျက်တာ၊စိတ်ကုန်တာ၊အထီးကျန်တာ၊သိမ်ငယ်တာ စသဖြင့် ခံစားရသမျှဟာ "စိတ်ကျန်းမာရေး" ချို့ယွင်းနေတာကြောင့်ပါ။ဒါတွေဖြစ်လာပြီဆိုတာနဲ့ ကိုယ့်ရဲ့"စိတ်"ကိုပြန်လည်ကျန်းမာလာအောင် တည်ဆောက်ပေးသင့်ပါတယ်။
⚫တချို့တွေ အထီးကျန်နေတယ်။ သိမ်ငယ်စိတ်တွေ ဖြစ်နေတယ်။ ဘေးက မြင်နေရတယ်။ ခံစားလို့လည်း ရနေတယ်။
ဒါပေမဲ့ ကာယကံရှင်က လက်မခံဘူး။ ဘာမှမဖြစ်သလိုပဲ နေနေတယ်။ ဒီအကြောင်းတွေ အပြောကိုမခံဘဲ ရှောင်ပြေးနေတယ်။
⚫တစ်ခါတရံ ကိုယ့်ကိုယ်ကိုယ်ဘာမှမဖြစ်ဘူးလို့လိမ်နေတယ်။ကိုယ့်ကိုယ်ကိုယ် အဆင်ပြေတယ်။ကျန်းမာတယ်။စိတ်ထဲမှာခံစားနေရတာကို သိသိရက်နဲ့ ပျော်ချင်ယောင်ဆောင်တယ်။ဒါပေမယ့်ဖြစ်သလိုသာ နေနေတာ။ ညာလို့တော့ မရဘူး။ အားကစား လုပ်မလုပ်၊ အစားဘယ်လောက် စားမစားကို ခန္ဓာကိုယ်က ပြောပြနေသလိုပဲ၊ လူတစ်ယောက် စိတ်အဆင်ပြေမပြေကိုလည်း သူ့လုပ်ရပ်တွေ၊ တုံ့ပြန်ပုံတွေ ကြည့်လိုက်ရင် သိနိုင်တယ်။ ဆက်ဆံရေးတွေ၊ စွမ်းဆောင်ရည်တွေအပေါ်မှာ သက်ရောက်မှု ရှိလာတာပဲ။
⚫ဒါတွေကိုကာယကံရှင်ကလက်မခံဘူး၊ငြင်းဆန်နေမယ်ဆိုရင်တော့ဘာမှလုပ်ပေးလို့မရဘူး။သူ့ရဲ့ "စိတ်ကျန်းမားရေး"ဟာဆိုးသည်ထက်ပိုဆိုးလာဖို့ပဲရှိတယ်။
⚫လက်မခံဘူး ဆိုတာမှာ အကြောင်းအမျိုးမျိုးရှိတယ်။ တချို့က ဘုန်းကြီးတစ္ဆေ ဖြစ်နေတာ။ ဟောသမျှတရား သူအကုန်သိတယ်။ ကိုယ်တိုင်သာ မကျင့်သုံးတာ။ တချို့ကျ မာနကြောင့်ပေါ့။ ကိုယ်ခန္ဓာ နေထိုင်မကောင်းရင်သာ သူများကို ထုတ်ပြောဖို့ ဝန်မလေးကြတာလေ။ စိတ်ကျန်းမာရေးကျ ရှက်ကြတယ် မဟုတ်လား။ ငါက Weak ဖြစ်တဲ့လူလို့ ဝန်ခံလိုက်ရာ ရောက်သွားမယ် ထင်တတ်ကြတယ်။
⚫တချို့ကတော့ ဒီစိတ်ဒဏ်ရာတွေကို မေ့ထားချင်တယ်။ ပြန်မတူးဆွချင်ဘူး။ ဒါကြောင့် ဘာမှမဖြစ်သလိုပဲ နေနေကြတာလည်း ရှိတယ်။ စိတ်အနာတွေကို ကုစားရတာ သိပ်ကိုပင်ပန်းပါတယ်။ ဖြတ်သန်းရတဲ့ ခရီးက တကယ်မလွယ်ဘူး။ ခွဲစိတ်ကုသရရင်၊ ကင်ဆာဖြစ်လို့ ဓါတ်ရောင်ခြည်ပြရရင် နာကျင်ကြတယ်။ ပင်ပန်းကြတယ်။ စိတ်အနာကို ကုရတာလည်း အဲဒီလို မြင်သာထင်သာ မရှိပေမဲ့ ခက်ခဲပါတယ်။
⚫စိတ်ကျန်းမာရေးမှာ မိမိကိုယ်မိမိ နှိမ့်ချခြင်း (Humility) နဲ့ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူခြင်း (Self-responsibility) ဟာ သိပ်အရေးကြီးတယ်။
⚫ပထမဆုံးအနေနဲ့ ကိုယ့်ရဲ့စိတ်ကို မကျန်းမာစေတဲ့အရာကဘာလဲသိဖို့လိုပါတယ်။အကြောင်းအရင်းသိပြီဆိုရင် ကိုယ့်စိတ်ထဲမှာ ခံနေတဲ့ ဒဏ်ရာအစိုင်အခဲကြီးကို
ရရာနည်းလမ်းနဲ့ထုတ်ပစ်ဖို့ကြိုးစားရပါမယ်။ဥပမာ ထိုဒဏ်ရာဖြစ်စေတဲ့သူနဲ့တိုက်ရိုက်ဖြေရှင်းလိုက်တာမျိုး၊ထိုဒဏ်ရာပျောက်သွားစေမယ့် အခြားအကြောင်းအရာတစ်ခုခုနဲ့အစားထိုးလိုက်တာမျိုးစသဖြင့် စိတ်ဒဏ်ရာကိုဖြေရှင်းဖို့လိုပါတယ်။
⚫သို့ပေမယ့် ကိုယ့်ရဲ့စိတ်ဒဏ်ရာပျောက်ကင်းဖို့အတွက် တဖက်လူကိုစိတ်ဒဏ်ရာအနာတရဖြစ်စေတာမျိုးတော့မဖြစ်စေသင့်ဘူး။ဒါမျိုးကတော့ ချစ်သူသမီးရည်းစားတွေမှာအဖြစ်များပါတယ်။ဥပမာ ကိုယ့်ချစ်သူကောင်လေး/ကောင်မလေးက သစ္စာဖောက်သွားတာမျိုး၊ဒီလိုအခြေအနေမှာ ကိုယ်ကစိတ်ဒဏ်ရာအနာတရအကြီးကြီးရလိုက်တယ်။ခံစားရလိုက်တယ်။အဲ့အတွက်တဖက်လူကိုရွဲ့ပြီး အခြားတစ်ယောက်ကိုအစားထိုးရွေးချယ်လိုက်တယ်။အကယ်၍ ကိုယ်ရွေးချယ်လိုက်တဲ့သူက ကိုယ့်အပေါ်serious မဖြစ်တာမျိုး(သို့) ကိုယ်ကသူ့အပေါ်စစ်မှန်တာမျိုးဆိုပြဿနာမရှိဘူး။
⚫သို့သော် ကိုယ်ကကိုယ့်ကိုသစ္စာဖောက်သွားလို့ တကယ်မချစ်ပဲ ရွဲ့ပြီးတွဲလိုက်တယ်။တဖက်သားက
ကိုယ့်အပေါ်အများကြီးချစ်တယ်။အများကြီးလေးနက်တဲ့အခါကျ ပြဿနာတွေဖြစ်လာမယ်။ကိုယ်ကလည်းရွဲ့ချင်စိတ်နဲ့သာတွဲလိုက်တဲ့အတွက် သူ့အပေါ်ဘာခံစားချက်မှမရှိဘူး။တဖြည်းဖြည်းစိတ်ပျက်လာမယ်။နောက်ဆုံးလမ်းခွဲလိုက်မယ်။ကိုယ့်အတွက်တော့အဆင်ပြေမယ်။တဖက်လူကကျအများကြီးစိတ်ဒဏ်ရာရသွားမယ်။ဒီလိုဆိုရင် ကိုယ်ကရောအရင်exနဲ့ဘာများခြားသွားမလဲ။ဒါကြောင့် ကိုယ့်ရဲ့စိတ်ဒဏ်ရာ ပျောက်ကင်းသွားဖို့အတွက်နဲ့ သူတစ်ပါးကိုစိတ်ဒဏ်ရာမပေးမိဖို့လဲလိုပါတယ်။
⚫အဓိကက "စိတ်ကျန်းမာရေး"ချို့ယွင်းမှာဟာ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာသိဖို့ပါပဲ။လူတိုင်းဟာ အကြောင်းတစ်ခုမဟုတ် တစ်ခုနဲ့ "စိတ်ဒဏ်ရာ"တွေရကြပါတယ်။ဒီလိုကြုံတွေ့လာတိုင်း "ကိုယ်တစ်ာက်တည်းမဟုတ်ဘူး"ဆိုတဲ့စိတ်နဲ့ရှေ့ဆက်ဖို့လိုအပ်ပါတယ်။
⚫ဒါဖြင့် "စိတ်ကျန်းမာရေး"ကောင်းဖို့ဘာလိုအပ်သလဲလို့ ထပ်မေးရင်တော့ ကိုယ့်ကိုယ်ကိုယ် လက်သင့်ခံဖို့နဲ့ ရုန်းထွက်လိုစိတ်ရှိဖို့ကသာ အလိုအပ်ဆုံးပါပဲ။
⚫အားလုံးပဲ စိတ်ကျန်းမာပြီး စိတ်အထိအရှအနာတရကင်းကြပါစေ။
Keep Reading