မြ (စံကားဝါမြေ)
❐ ဒီဆောင်းပါးလေးကတော့ လူအများစု ကြုံဖူးကြလိမ့်မယ်လို့ ထင်ပါတယ်ရှင်။ မြကိုယ်တိုင်လည်း ကြုံဖူးပါတယ်။
❐ မြဆိုရင် မြကို သူငယ်ချင်းက Un/Bl သွားတာကို မြ သတိမထားမိဘူး။ သူလုပ်သွားတာကိုလည်း မသိဘူး။ နောက်တော့ သူပြန်လာအပ်လို့ လက်ခံလိုက်တယ်။ လက်ခံလိုက်တဲ့အခါကျတော့လည်း "Unသွားတာတောင် ပြန်လာမအပ်ဘူးနော်" တဲ့ ရစ်ပြန်ရော။ မြက တမင် သွားမအပ်တာ မဟုတ်ပါဘူး။ သူက မြကို Unသွားတာကို မြ မသိခဲ့တာပါ။
❐ ကဲ... အဲ့တာဆိုရင် မြလ်ိုမျိုး ကြုံလာခဲ့ရင် ဘယ်လိုဖြေရှင်းကြမလဲ။?
❐ မြတုန်းကတော့ မြကို Unသွားတာ မသိခဲ့လို့ တအားကြီး စိတ်စိုးဒေါသထွက်တာမျိုးတွေ မရှိခဲ့ဘူးပေါ့နော်။ ဒါပေမယ့် စာဖတ်သူလေးက ကိုယ့်ကို Unသွားတာကို သိတယ်ဆိုရင် တအားစိတ်စိုးကြပါလိမ့်မယ်။ အဲ့ဒီအခါ ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ပြောပြသွားပါမယ်ရှင်။
➠ (၁) သူ ကိုယ့်ကို ဘာလို့ Unfriend သွားတာလဲ။
ကိုယ့်ဘက်က ဘာများမှားသွားလဲဆိုတဲ့အချက်ကို အရင်ဆုံး စဉ်းစားပါ။
❖ အဲလိုစဉ်းစားတဲ့အခါမှာ "ကိုယ်က သူ့ကို စိတ်ထိခိုက်၊ စိတ်စိုးဒေါသထွက်အောင် လုပ်မိတာမျိုးဆိုရင်တော့ ကိုယ့်ဘက်က မှားခဲ့တာပေါ့နော်။ ပြီးတော့ ကိုယ်က ဟာသတွေ သဘောကျလို့ ဟာသပို့စ်တွေရဲ့ မန့်မှာ သူ့ကို Mentionတွေ ခဏခဏ ခေါ်မိလို့လား။ ကိုယ်က Online Shoppingလုပ်နေတော့ Postတွေ အများကြီး တင်နေမိလို့လား။ နောက်ဆုံး အစွန်းဆုံထိ တွေးကြည့်ရမယ်ဆိုရင် ကိုယ်က မကောင်းတဲ့၊ မြင်အပ်တဲ့ Postတွေကို မကြာခဏ Shareနေမိလို့လား။" စသဖြင့် မိမိကိုယ်ကို ပြန်တွေးပြီး သုံးသပ်ဆင်ခြင်ကြည့်လိုက်ပါရှင်။
➠ (၂) သူ့ဘက်ကနေ ပြန်တွေးပေးပါ။
❖ "သူ ဘာများမဆင်မပြေလို့ပါလိမ့်။ သူ အခက်အခဲတွေ ရှိနေလို့များလား။ သူ့ဘဝအတွက် သူအကောင်းဆုံး ကြိုးစားနေတဲ့အချိန်ဖြစ်လို့ ငါ့ကို Unသွားတာလား။" အစရှိသဖြင့် ကိုယ့်ဘက်သူ့ဘက်မျှတအောင် စဉ်းစားကြည့်ပေးပါရှင်။
➠ (၃) Unfriend လုပ်တဲ့ အကြောင်းရင်းကို မေးသင့်/မမေးသင့် စဉ်းစားပါ။
❖ မေးသင့်/မမေးသင့် စဉ်းစားတဲ့အခါမှာ အချက်(၂)ချက်ကို ဂရုပြုရပါမယ်ရှင်။
1. အရမ်းရင်းနှီးတဲ့ သူငယ်ချင်းလား။
2. သာမန်သူငယ်ချင်းလား။"
ဆိုတာကို အရင်စဉ်းစားကြည့်လိုက်ပါ။
? အရမ်းရင်းနှီးတဲ့ သူငယ်ချင်းဆိုရင်တော့ မေးသင့်ပါတယ်ရှင်။ မေးမယ်ဆိုရင်လည်း တစ်ပါးသူကနေ တစ်ဆင့်ခံပြီး မေးတာမျိုး မဟုတ်ဘဲနဲ့ သူ့ဆီကိုပဲ တိုက်ရိုက်သွားမေးတာ အကောင်းဆုံးပါရှင်။
➥ သွားမေးမယ်ဆိုပါစို့ ဘယ်လိုမေးရမလဲ။
➥ မေးပုံမေးနည်းလေးကတော့
*နင် ငါ့ကို Facebookပေါ်မှာ Unfriendလုပ်ထားတယ်။ ငါ နင့်အပေါ်မှာ တစ်ခုခု မဟုတ်တာ လုပ်မိသွားပြီထင်တယ်။ အဲ့လိုလုပ်မိရင် Sorryပါ။* အဲ့လိုလေး ရေးပြီးတော့ ဒီစာကိုလည်း မိမိရဲ့ စိတ်ထဲမှာ သူနဲ့ပတ်သက်ပြီး Last Messageလို့ သဘောထားပေးကြပါရှင်။ သူ့ဘက်က စာပြန်လာခဲ့ရင်တော့ ဘာ့ကြောင့် ဘာညာ အကြောင်းအရင်း သိရပါလိမ့်မယ်။ သူ့ဘက်က Replyမလာခဲ့တော့ရင်တော့ ထားလိုက်ပါ။ မေ့ပစ်လိုက်ပါ။ "သူတောင် Unfriend လုပ်သေးတာပဲ။ ငါက ဘာလို့ မနေနိုင်ရမှာလဲဆိုတဲ့စိတ် ထားပေးပါ။" ဆိုတဲ့စိတ် ထားပေးပါ။
? သာမန်သူငယ်ချင်းပဲဆိုရင် ဂရုကိုစိုက်မနေပါနဲ့တော့ တစ်ခါတည်းသာ မေ့ပစ်လိုက်ပါ။
➠ (၄) Never Stalk (သွားမချောင်းပါနဲ့။)
ကိုယ်က အကောင့်သစ်ဖောက်ပြီးတော့ပဲဖြစ်ဖြစ် နောက်ဖုန်းတစ်လုံးနဲ့ပဲဖြစ်ဖြစ် သူ့အကောင့်ကို သွားချောင်းကြည့်တာမျိုး (လုံးဝ) မလုပ်မိပါစေနဲ့ရှင်။ ဘာလို့ မလုပ်ရသလဲဆိုရင် ကိုယ်က သွားကြည့်တဲ့အခါမှာ ငါ့ကို Unထားပြီး သူကတော့ ပျော်နေပါ့လား။ ပုံတွေတင်နေပါ့လား။ စသဖြင့် မိမိသိတ်က တွေးမိလာပါလိမ့်မယ်။ အဲ့လိုတွေးမိရာကနေ "စိတ်ထောင်းရင် ကိုယ်ပါကျေတတ်ပါတယ်" ဒါ့ကြောင့် ခံစားရမှာက ကိုယ်ပဲ ဖြစ်တဲ့အတွက် သွားမချောင်းမိစေဖို့ သတိထားစေချင်ပါတယ်။ ဒါ့အပြင် ကိုယ့်ဘက်ကလည်း "သူနဲ့ပတ်သတ်တဲ့ မကောင်းမတင်ပါနဲ့။" တကယ်လို့ လမ်းသွားရင်းပဲဖြစ်ဖြစ်၊ အလုပ်မှာဖြစ် သူနဲ့ ထိပ်တိုက်တွေ့ဆုံလာတဲ့အခါ ကိုယ်က မျက်နှာမပြရဘဲ ဖြစ်နေရပါလိမ့်မယ်။ ဒါ့ကြောင့် ဥပေက္ခာသာ ပြုထားလိုက်ပါ။
➠ (၅) မေ့ပြစ်လိုက်တာ အကောင်းဆုံးပါ။
✤ "စစ်မှန်တဲ့သူငယ်ချင်းသာဆိုရင် ကိုယ့်ကို ဘယ်တော့မှ အဲ့လိုလုပ်မှာ မဟုတ်ပါဘူး။" ဆိုတာလေး မှတ်ထားပေးကြပါနော် စာဖတ်သူလေးတို့ရေ။
❐ အဲ့တာဆိုရင် မြရဲ့ ဆောင်းပါးလေးကို ဖတ်ပြီးတော့ ကိုယ့်ကို သူငယ်ချင်းတစ်ယောက်က Facebookမှာ Un/Blသွားတဲ့အခါ အကောင်းဆုံး ဖြေရှင်းပြီး အဆင်ပြေကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။
စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်....
✍️ မြ (စံကားဝါမြေ)
#SarPhat
#Mya_Kyaukpadaung
17.5.2024(Friday)
Keep Reading