Nwe Pyoe Pin
အိမ်ထောင်ပြုတယ်ဆိုတာမိန်းကလေးတိုင်းအတွက်အရေးကြီးတဲ့အရာဆိုလည်းမမှားပါဘူး
ကိုယ်ကအပျိုကြီးလုပ်မယ်ဆိုရင်တော့စဉ်းစားဖို့သိပ်မလိုပါဘူး☺️
ခုရေးတဲ့ဆောင်းပါးလေးကအိမ်ထောင်ပြုမဲ့အမျိုးသမီးငယ်တိုင်းအတွက်ပျိုးသိသလောက်လေးဝေမျှပေးသွားပါ့မယ်ရှင့်။
လူကြီးတွေပြောတာကြားဖူးတယ်
မိန်းကလေးဆိုတာအသက်အစိတ်လောက်မှအိမ်ထောင်ကိုနိုင်နင်းတယ်တဲ့
ခုနောက်ပိုင်းတော့အသက်အရွယ်တွေမခွဲတော့ဘူး
အချစ်ဆိုတဲ့အရာတစ်ခုတည်းနဲ့လက်တွဲဖော်ကိုရွေးကြတာများတာပေါ့
အသက်မပြည့်တဲ့သူတွေလည်းအတော်များများတွေ့ရတယ်
အဓိကကတော့အသက်ငယ်ငယ်လေးနဲ့အိမ်ထောင်ပြုမဲ့ညီမငယ်လေးတွေကိုပြောပြချင်ရုံပါ
အချစ်ကအဓိကဆိုပေမဲ့တစ်ခါတရံမှာလည်းဦးနှောက်နဲ့သေချာလေးစဉ်းစားစေချင်တယ်။
အိမ်ထောင်ဦး၊ဘုရားတည်၊ဆေးမှင်ရည်စုတ်ထိုးဆိုတဲ့ဆိုရိုးလည်းရှိတယ်မဟုတ်လား။
ဘုရားတည်ပြီးရင်လည်းပြန်ဖျက်လို့မလွယ်သလိုဆေးမင်ရည်ဆိုတာလည်းဖျက်ဖို့ခက်ခဲတယ်လေ
ဒီလိုပဲအိမ်ထောင်ပြုပြီးပြီဆိုရင်အဆင်ပြေနေရင်တော့ချစ်ကြတာပေါ့
အချစ်တစ်ခုတည်းပဲလိုအပ်တယ်ဆိုရင်တော့အဆင်ပြေနေမှာပဲ
နှစ်ယောက်လုံးကပြည့်ပြည့်စုံစုံရှိနေရင်တော့အဆင်ပြေနိုင်ပေမဲ့
အခြေခံလူတန်းစားဆိုရင်တော့မလွယ်ကူလှဘူး
အိမ်ထောင်ကျလာတဲ့အချိန်မှာ
မိဘလက်အောက်မှာနေရသလိုမျိုးအလွယ်သင့်စားလို့သောက်လို့မရတော့ဘူး
လက်ထပ်ပြီးရင်စားဖို့သောက်ဖို့ငွေရှာရမယ်
နှစ်ယောက်လုံးကအသက်လည်းငယ်အလုပ်အကိုင်ကမရှိဆိုရင်တော့ဘယ်လောက်ပဲ
ချစ်ချစ်အဆင်မပြေနိုင်ဘူးပေ့ါ
တူနှစ်ကိုယ်တဲအိုပျက်ဝယ်ဆိုတာကစာထဲမှာပဲရှိတော့တာပါ။
လက်တွေ့ဘဝမှာတော့ခက်ခဲတယ်လေ
ချစ်လို့ယူကြပြီးငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်တွေကျကလေးတွေပါရှိလာမယ်ဆိုရင်စီးပွားရေးအဆင်ပြေရင်တော့အကောင်း
အကယ်၍များမပြေခဲ့ဘူးဆိုရင်လင်မယားနှစ်ယောက်ရန်တွေဖြစ်စကားတွေများပြီးကွဲကြမယ်ကွာကြမယ်ဆိုကြားထဲကရင်သွေးလေးကမိဘမဲ့ဖြစ်သွားနိုင်တယ်။
ဒါကြောင့်မို့
အိမ်ထောင်မပြုခင်မှာအချစ်တစ်ခုတည်းကိုမကြည့်ပဲ
သူနဲ့ကိုယ်နဲ့ရေရှည်လက်တွဲရတော့မယ်ဆို
သမီးရည်းစားဘဝကလိုစိတ်ဆိုးစိတ်ကောက်ဖြစ်မယ်၊
ပြတ်မယ်ဘာညာတွေအိမ်ထောင်သည်ဘဝမှာအနည်းနဲ့အများလုပ်လို့မရတော့ဘူးလေ၊
ကိုယ်ကလည်းမယားဝတ္တရားနဲ့အညီနေ
သူကလည်းလင့်ဝတ္တရားနဲ့အညီအိမ်ထောင်သည်တာဝန်တွေကိုခွဲယူပြီးလုပ်ဆောင်ရတော့မယ်
အဲ့အချိန်မှာအနည်းနဲ့အများပြဿနာလေးတွေရှိလာနိုင်တယ်။
သမီးရည်းစားဘဝမှာအဆင်ပြေနေပေမဲ့တစ်ဘဝလုံးစာလက်တွဲလိုက်တော့မှအဆင်မပြေတာမျိုးဖြစ်တတ်ပါတယ်။
အကုန်လုံးကိုဆိုလိုတာမဟုတ်ပေမဲ့အနည်းနဲ့အများကြုံတွေ့နေကြတာကိုတော့မြင်ဖူးကြားဖူးကြမှာပါ။
ဒါကြောင့်မို့ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ပြုတော့မယ်ဆိုရင်ကိုယ့်လက်တွဲဖော်ကို
သေချာစဉ်းစားပြီးမှရွေးချယ်စေချင်တယ်။
ပိုက်ဆံရှိတာ၊ရုပ်ရည်ချောတာတွေမှမဟုတ်ဘူး
အကျင့်စာရိတ္တကောင်းပြီးကိုယ့်အပေါ်တကယ်ဂရုစိုက်ပေးနိုင်ရမယ်၊
တစ်ယောက်နဲ့တစ်ယောက်လည်းနားလည်ပေးနိုင်တယ်ဆိုရင်လက်တွဲဖော်ကောင်းတစ်ယောက်ဖြစ်နိုင်ပါတယ်။
အမျိုးသမီးငယ်လေးများအားလုံးကိုယ်အိမ်ထောင်ဖက်ကိုအကောင်းဆုံးရွေးချယ်နိုင်ဖို့ ဆုတောင်းပေးရင်း
ဆောင်းပါးလေးကိုနိဂုံးချုပ်ပါတော့မယ်ရှင့်။
ပျိုးရေးတဲ့ထဲမှာအမှားတစ်စုံတရာရှိခဲ့မယ်ဆိုခွင့်လွှတ်နားလည်ပေးကြဖို့တောင်းဆိုပါတယ်ရှင့်။
ပျိုးတို့ပတ်ဝန်းကျင်မှာကြုံတွေ့ဖူးတဲ့အကြောင်းအရာလေးမို့
မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက်စေဖို့ရေးထားတာမဟုတ်တဲ့အတွက်နားလည်ပေးဖို့တောင်းဆိုပါတယ်နော်။
#pyoe
16.5.2024(Thu)
Keep Reading