SarPhat Author
"ပျားရည် နဲ့ သကြား ဘယ်ဟာပိုချိုသလဲ"
ပျားရည်က သကြားထက် 25% ပိုချိုပါတယ် နှစ်ခုလုံးက carbohydrates တွေချည်းပါပဲ ကာဗိုဟိုက်ဒရိတ် ဆိုတာက သကြားမော်လီကျူးတွေကိုခေါ်တာ ဖြစ်ပါတယ်။
ကျွန်တော်တို့ခန္ဓာကိုယ်က ကာဗိုဟိုက်ဒရိတ်ကို ဂလူးကို့စ်အဖြစ် ဖြိုခွဲပြီး ခန္ဓာကိုယ်ရဲ့ ဆဲလ်များ၊ တစ်ရှူးများနဲ့ ကိုယ်တွင်းအင်္ဂါများအတွက် လိုအပ်တဲ့စွမ်းအင် ကိုထောက်ပံပေးတာပါ ဂလူးကို့စ် အကုန်လုံးကို တခါထဲသုံးပစ်တာ မဟုတ်ပါဘူး နောက်ပိုင်းလိုအပ်တဲ့အချိန်အသုံးပြုဖို့အတွက် အသည်းနဲ့ ကြွက်သားတွေမှာ သိမ်းထားပါသေးတယ်။
Glucose နှင့် Fructose က တကယ်တော့ မော်လီကျူး ဖွဲ့စည်းတည်ဆောက်ပုံ တူပြီး Structure ကွဲသွားတဲ့ အိုင်ဆိုမီ { isomers } တွေပါ Glucose က aldehyde group ထဲမှာပါပြီး fructose က ketone group ထဲမှာပါပါတယ် ...
လိုရင်းဆက်ရရင် ပျားရည်ကဘာလို့ပိုချိုရတာလဲဆိုတော့ သကြားထဲမှာ fructose နဲ့ glucose မော်လီကျူးတွေကို ဓာတုဗေဒနည်းနဲ့ပေါင်းစပ်ပြီး Sucrose ဆိုတဲ့ မော်လီကျူးအဖြစ်ဖွဲ့စည်းထားတာပါ အဲ့တော့ သကြားမှာက Fructose 50% နဲ့ Glucose 50% အညှီအမျှပါဝင်ပါတယ်။
ပျားရည်မှာကျတော့ fructose နဲ့ glucose မော်လီကျူးတွေက သတ်သတ်စီပြန့်ကျဲနေပါတယ် ပြီးတော့ ပျားရည်ရဲ့ 85% က Fructose နဲ့ Gluoce ပါဝင်တာပါ ကျန်းတဲ့ 15% က ရေရယ် ဝတ်မှုန်ရယ် အာဟာရ ရယ်ရောပြွန်းနေတာပါ 85% နှုန်းထဲမှာမှ Fructose က Glucose ထက်ပါတာပိုများပါတယ် အချိုးအစားက ဆတူမဟုတ်ပါဘူး အဲ့အတွက် သကြားထက်ပျားရည်က ပိုချိုတာပါ ဘာလို့လဲဆိုတော့ Glucose ထက် Ftuctose ကညပိုချိုလို့ပါ။
ပျားရည်တစ်ဇွန်းမှာ 64 Calories ပါဝင်ပါတယ် သကြားတစ်ဇွန်းမှာတော့ 45 Calories ပဲပါဝင်ပါတယ် ဒါပေမယ် ပျားရည်ကို သကြားနေရာမှာ အစားထိုးသုံးရင် ပျားရည်ကပိုချိုတဲ့အတွက် တဇွန်းချင်း ဆတူထည့်စရာမလိုတဲ့အတွက် ပျားရည်က ဝိတ်တောင်ကျပါသေးတယ်။
နောက်ပြီး သွေးတွင်းသကြားဓာတ်စုပ်ယူမှုကို glycemic index (GI) ဖြင့်တိုင်းတာပါတယ် ကာဗိုဟိုက်ဒရိတ်ပါရှိတဲ့ အစားအစာတွေမှာသာ GI ရှိတာပါ GI မြင့်တဲ့ အစားအစာတွေက သွေးတွင်း ဂလူးကို့စ်ကို လျင်မြန်စွာတိုးစေပါတယ် GI နိမ့်တဲ့အစားအစာတွေကြတော့ ဖြည်းဖြည်းချင်းပဲ တိုးစေပါတယ်
သကြားရဲ့ GI က 65 ရှိပါတယ်။ ပျားရည်ကတော့ စုပ်ယူလာတဲ့ဝတ်မှုန်အမျိုးအစားပေါ်မူတည်ပြီး GI က 35 နဲ့ 55 ကြားထဲရှိပါတယ် အဲတော့ ပျားရည်က သကြားနဲ့စာရင် အချိန်ကြာမြင့်စွာ စွမ်းအင်ပိုမိုရရှိစေပါတယ်။
ပြီးတော့ သကြားက ကယ်လိုရီချည်းပါပဲ Suger အပြင်တခြားဘာမှ မပါဝင်ပါဘူး ပျားရည်မှာကျတော့ အမိုင်နိုအက်ဆစ်တွေ အင်ဇိုင်းတွေ ဗီတာမင်နဲ့ သတ္တုဓာတ်တွေအပြင် တခြားအာဟာရဓာတ်တွေလဲပါပါသေးတယ်။
နောက်ပြီး ပျားရည်ကဆဲလ်များအတွက် လိုအပ်တဲစွမ်းအင်တွေကို ထောက်ပံပေးနိုင်ပါတယ် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတဲ့အပြင် ကျန်းမာရေး အကျိုးကျေးဇူးတွေကိုလဲ ပေးပါသေးတယ် ဥပမာ- ချောင်းဆိုးခြင်းကို သက်သာစေပြီး လည်ချောင်းနာခြင်းကိုလည်း သက်သာစေပါတယ် နောက်ပြီး သကြားထက်စာရင် အစာပိုကြေလွယ်ပါတယ် အိပ်စက်ခြင်းအတွက်လဲ အထောက်အကူပြုပါတယ်
ပျားရည်မှာ clostridium botulinum လို့ခေါ်တဲ့ဘက်တီးရီးယားတမျိုးပါ၀င်နေနိုင်ပါတယ် အဲ့ ဘတ်တီးရီးယားတွေကြောင့် အခန့်မသင့်ရင် 1 နှစ်အောက် ခလေးငယ်တွေမှာ အစာအဆိပ်သင့်တာ ဖြစ်တက်ပါတယ် ဘာလို့လဲဆိုတော့ ကလေးတွေက အဲ့ဘက်တီးရီးယားကို တိုက်ထုတ်ဖို့အတွက် ကိုယ်ခံအားစနစ် နဲ့ အစာအိမ်အက်ဆစ်က မလုံလောက်လို့ပါ။
အဲ့တာကြောင့် 1 နှစ်အောက် ကလေးတွေကို ပျားရည် မတိုက်သင့်ပါဘူး သန့်ရင်တော့အကြောင်းမဟုတ်ပါဘူး မသန့်ခဲ့ရင် အစာအဆိပ်သင့်နိုင်ပါတယ်။
Keep Reading