Author's Profile Photo

SarPhat Author

16/05/2024

"စာဖတ်ချင်အောင် လုပ်တဲ့နည်း"

1 min read
Life Style
Book Review
18 Again
"စာဖတ်ချင်အောင် လုပ်တဲ့နည်း"'s photo

"စာဖတ်ဖို့ အချိန်မရှိဘူး" လို့ ကျွန်တော်တို့ ညည်းညူတတ်ကြပါတယ်...

တကယ်တော့ ဒါဟာ ဆင်ခြေ ပေးမှု တစ်ခုပါပဲ ...
အချိန်မရှိဘူးဆိုတာ အချိန်မပေးလို့ ဖြစ်ပါတယ်...

နေ့စဉ် အောင်မြင်စွာ စာဖတ်နိုင်ဖို့ဆိုရင် ...
၁။ စာဖတ်ချင်စိတ် ရှိရပါမယ်
၂။ စာဖတ်ဖို့ အချိန် ရှိရပါမယ်

ပထမဦးစွာ စာဖတ်ချင်စိတ်တကယ်ရှိသလားဆိုတာ ကိုယ့်ကိုယ်ကိုယ် သေချာမေးခွန်းထုတ်ကြည့်ပါ။ လူတစ်ယောက်ဟာ လုပ်ချင်စိတ် အမှန်တကယ် ရှိလာပြီဆိုရင် လုပ်ဖို့ကို အချိန်ပေးလာပါလိမ့်မယ်။ အချိန်မပေးနိုင်ဘူးဆိုတာ တကယ်စိတ်မရှိလို့ပါပဲ...။

"စာဖတ်ချင်စိတ်တော့ ရှိပါတယ်ဗျာ... ဖတ်ဖို့အချိန်ကို မရှိလို့ပါ" ဆိုတဲ့ ဆင်ခြေစကားတွေနဲ့ပဲ စာမဖတ်ဖြစ်ခဲ့တဲ့ ကာလတွေ ရှည်ကြာနေပြီဆိုတာကို သတိရလိုက်ပါ။

ဒီတော့ စာဖတ်ချင်စိတ်ရှိတာသေချာရင် ...
စာဖတ်ဖို့အချိန်တွေရှိလာဖို့ နည်းလမ်းတွေကို ရှာကြံပြီး သုံးရပါလိမ့်မယ်...။

စာဖတ်ချင်ပြီး စာဖတ်ချိန်မရသူတွေအတွက် စာဖတ်ခြင်းအလေ့အထကို ပျိုးထောင်နည်းတွေထဲက အချက်တချို့ကို မျှဝေပေးပါမယ်။

၁။ သင့်ထံမှာ စာအုပ်တစ်အုပ် အမြဲထားပါ။
၂။ မနက်တိုင်းမှာ (သို့) ညနေတိုင်းမှာ စာဖတ်မယ်လို့ သင့်ကိုယ်သင် ကတိပေးပါ။
၃။ စာဖတ်ခြင်းဟာ နေ့စဉ်ပုံမှန်အစီအစဉ်တွေထဲက တစ်ခုဖြစ်ပါစေ။
၄။ တစ်ကြိမ်မှာ တစ်ခန်းဖတ်မယ် (သို့) ၅ မျက်နှာဖတ်မယ် စသဖြင့် သတ်မှတ်ပါ။
၅။ စာဖတ်ခြင်း ပန်းတိုင်တွေ ချမှတ်ပါ။ ဉပမာ - တစ်လ ဘယ်နှအုပ်ဖတ်မယ်
၆။ သင် ဖတ်ချင်တဲ့ ၊ စိတ်ဝင်စားတဲ့ စာအုပ်တွေနဲ့ စာဖတ်ခြင်းအလေ့အထကို စတင်ပါ။
၇။ Audiobooks (စာအုပ်တွေကိုအသံနဲ့) နားထောင်ပါ။

အလုပ်တွေမအားတဲ့ကြားက စာအုပ်တွေကို ရအောင်ဖတ်ဖို့အတွက် Audiobook Strategy စာအုပ်တွေကို အသံနဲ့နားထောင်တဲ့ ဗျူဟာကို ကျင့်သုံးပါတယ်။

ဒီနည်းက စာအုပ်ကို ကိုင်ဖတ်စရာမလိုတဲ့အတွက် -
- လမ်းလျောက်ရင်း နားထောင်လို့ရတယ်
- ကားစီးရင်း နားထောင်လို့ရတယ်
- ကားမောင်းရင်း နားထောင်လို့ရတယ်
- ထမင်းဟင်းချက်ရင်း နားထောင်လို့ရတယ်
- မီးပူတိုက်ရင်း နားထောင်လို့ရတယ်
- အိမ်သန့်ရှင်းရေးလုပ်ရင်း နားထောင်နိုင်တယ်
- ထမင်းစားရင်း၊ ကော်ဖီ သောက်ရင်း နားထောင်နိုင်တယ် ..

ဒါဟာ "စာဖတ်ခြင်းဟာ နေ့စဉ်ပုံမှန်အစီအစဉ်တွေထဲ က တစ်ခုဖြစ်ပါစေ။" ဆိုတဲ့ အချက်နဲ့လည်း ကိုက်ညီစေသလို အချိန်မရှိဘူးဆိုတဲ့ ဆင်ခြေကို ပယ်ဖျက်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။

ကျွန်တော်ကတော့ You Tube ကနေ Audiobook တွေ down ပြီး နားထောင်လေ့ရှိပါတယ်။ အခုနောက်ပိုင်းမှာတော့ ဒါတွေထက် ပိုအဆင်ပြေဆုံးဖြစ်တဲ့ ShweNote application ကို အသုံးပြုပြီး ဖတ်ပါတယ်။

Shwe Note app မှာက နိုင်ငံတကာ သုတ၊ ရသ စာအုပ်တွေ စုံလင်ပြီး နိုင်ငံခြားစာအုပ်တွေကို မြန်မာလို အနှစ်ချုပ်ဖတ်လို့ရသလို နားထောင်လို့လည်းရပါတယ်။ စာအုပ်တစ်အုပ်အတွက် အချိန် မိနစ် ၃၀ သာ အချိန်ပေးရုံနဲ့ စာတစ်အုပ်ရဲ့ အနှစ်သာရတွေ ရရှိအောင် အကျဉ်းချုပ် အနှစ်ထုတ်ပေးထားပါတယ်။ အတော်အဆင်ပြေပါတယ်။ ကျွန်တော်ကတော့ တစ်နေ့ကို စာအုပ် ၂ အုပ် ပုံမှန်ဖတ်ဖြစ်ပါတယ်။

စာအုပ်တွေ ဖတ်ချင်လျက်နဲ့ အချိန်ရှားပါးသူတွေ..စာအုပ်တွေနဲ့လက်လှမ်းမမီဖြစ်နေသူတွေအတွက်.. အဆင်ပြေစေပါလိမ့်မယ်။

နေ့စဉ် စာဖတ်နည်းဗျူဟာ
ဖူးကျော်ဇင် (Future Wave)

#____

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)