Author's Profile Photo

စာကြမ်းပိုး

16/05/2024

အမေရိကာနို ကစပြီး လျှောက်တွေး ၊ လျှောက်ဖတ်မိသမျှ

1 min read
Life Style
Personal Development
General Knowledge
အမေရိကာနို ကစပြီး လျှောက်တွေး ၊ လျှောက်ဖတ်မိသမျှ's photo


ကျွန်မမှာ ကောင်းလားမကောင်းလားမသိတဲ့ အကျင့်တစ်ခုရှိတယ်။ အဲ့ဒါက ဘာလဲဆိုတော့ "ရွေးချယ်မှုကို ပုံသေသတ်မှတ်ထားခြင်း " ပါပဲ။

ဥပမာ -ကျွန်မအင်္ကျီချုပ်တယ်ဆိုပါစို့။ အင်္ကျီရဲ့ ချုပ်ပုံကို ဘယ်တော့မှမစဉ်းစားပဲ တခေါက်ပဲ ပြော ထားလိုက်တာ။ "အင်္ကျီသည် လက်စက ရင်ဖုံး (သို့)ရင်စေ့ လည်ပိတ်ဖြစ်ရမယ်။ ရင်ထိုးနဲ့ ၀တ်မှာမို့ ဘာပန်းပွင့်မှ မထည့်ပဲ ပလိန်းပဲ။ လုံချည်ကလည်း ဘယ်လောက် ချော်ချွတ်တဲ့အစဖြစ်ဖြစ် ရိုးရိုးလုံချည်ပဲ။ အဲ့လိုတစ်ခေါက်ပဲပြောထားတာ ။ နောက်တစ်ခါသွားအပ်ရင် ဘာမှထပ်မပြောတော့ဘူး အဲ့လိုမျိုး။

ကော်ဖီဆိုလည်း အဲ့လိုပဲ ။ ဘယ်နေရာရောက်ရောက် ၊ ဘယ်လောက်ပူပူ ဘယ်လောက်အေးအေး Amaricano ပဲ။ ဖိနပ် ဆိုလည်း ဒီပုံစံတစ်မျိုးပဲတစ်ရံပြတ်ရင် တစ်ရံ ထပ်ခါထပ်ခါ စီးတာမျိုး။ ဘယ်တော့မှမပြောင်းလဲသော ရွေးချယ်မှု တွေဟာ အများအမြင်မှာ နည်းနည်းပုံတုံးနေသလားတော့မသိပေမယ့် ကျွန်မအတွက်တော့ အဲ့ဒါတွေအတွက် အချိန်ကုန် ခေါင်းစား သက်သာတယ်လို့ ယူဆမိလို့ အဲ့ဒီ တစ်သမတ်တည်း‌ရွေးချယ်မှုတွေမှာ ပျော်မွေ့ နေမိပါတယ်။

ဒီနေ့လည်း အမေရိကာနို လို့ မှာလိုက်တော့ ကောင်မလေးက "ခါးတယ်နော်" တဲ့.ကိုယ့်ရုပ်က တောကအန်တီကြီးပုံစံဆိုတော့ အမေရိကာနို သောက် မရလောက်ဘူးထင်သဝါးတာနေမှာ ?။တကယ်တော့ အမေရိကာနိုကော်ဖီဆိုတာ Expresso အပျော့စားလေးပါ။ အဲ့လောက်မခါးပါဘူး။ ဒုတိယ ကမ္ဘာစစ်အတွင်းက အီတလီ Station တစ်ခုက အမေရိကန် စစ်သားတွေက အီတလီ Expresso ကော်ဖီက သူတို့အတွက် နည်းနည်းပြင်းတာမို့ ရေနည်းနည်းထည့်တဲ့ ပုံစံမျိုးလေးနဲ့ ပြင်ပြီးသောက်ရာကနေ စပြီးပေါ်ပေါက်လာတာပါ တဲ့။

အမေရိကာနိုကော်ဖီဖျော်ဖို့အတွက် အသင့်တော်ဆုံးခွက်က 6 ounce ပမာဏဆန့် တဲ့ ခွက်ပါ။ Standard Ratio တွေက တစ်၀က်/တစ်၀က်ကနေပြီး Expresso 1/3 နဲ့ ရေနွေးပမာဏ 2/3 ထည့်ရပါတယ်။Expresso အရင်ထည့်မယ်။ပြီးရင် ရေနဲ့ Creamer အရောထည့်လိုက်ရင် ထိပ်ပိုင်း မှာ Reddish brown Foam လေးဖြစ်သွားတယ် တဲ့ ။အဲ့ဒါကြောင့် တကယ့်အမေရိကာနိုမှာ ထိပ်ပိုင်က ခရင်မ်အလွှာလေးရှိတဲ့ပုံစံဖြစ်ပါတယ်တဲ့ ။

ရေနွေးထဲ Expresso ထည့်လိုက်တဲ့ အပေါ်ကနဲ့ ပြောင်းပြန် ပုံစံကိုတော့ Long Black လို့ခေါ်ပြီး Australia မှာလူကြိုက်ပိုများတယ်တဲ့။

သူတို့ဆိုင်မှာတော့ Customer ကိုမေးပြီး Customer စိတ်ကြိုက် Own Version တွေလည်း ဖျော်လို့ရတာမို့ Don’t hesitate to customize the drink to suit your own taste ဆိုပြီး စမတ်ကျကျ ကြော်ငြာထားတဲ့ ကြော်ငြာလေးတွေ့မိလို့ ရောက်တတ်ရာရာ လျှောက်စဉ်းစားရင်း တွေ့မိတွေ့ရာ လျှောက်ဖတ်မိတာလေး ပြန် Sharing လုပ်ပေးလိုက်ပါတယ်ရှင့်။

Keep Reading

အာရုံစူးစိုက်မှုစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါင်လိုက်ဒရာမာ (Vertical Drama)ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါအချိန်ဆွဲတာကိုကုစားမယ် စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်