SarPhat Author
ကျွန်မ အရင်က လူငယ်စကားဝိုင်းဆိုတာ ဘာမှန်းတောင်မသိခဲ့ဘူး။ လူငယ်စကားဝိုင်းကို အ.ထ.က(12) ဆိုတဲ့ကျောင်းတော်ကြီးမှာစသိခဲ့တာပါ။ မှတ်မှတ်ရရ ကျွန်မတို့ကျောင်းမှာ လူငယ်စကားဝိုင်း စလုပ်တော့ ပါဝင်ယှဉ်ပြိုင်တဲ့ သူတွေက Grade-11က အကိုကြီးနှစ်ယောက်၊အမကြီးတစ်ယောက်နဲ့ ကျွန်မတို့နဲ့ အတန်းတူ Grade-10က
ကျွန်မသူငယ်ချင်းနှစ်ယောက်လည်းဝင်ပြိုင်ခဲ့တာရှင့်။ သူတို့ကလည်းကျွန်မလိုစာဖတ်ဝါသနာအိုးလေးတွေရှင့်။ သူတို့ပြောဆိုဆွေးနွေးတဲ့အကြောင်းအရာတွေကတော့ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်စာပေ ဆိုပြီးအသီးသီးပြိုင်ခဲ့ကြတာရှင့်။ သူတို့တွေဆွေးနွေးပြောဆိုဖို့အတွက်မှတ်စုတွေထုတ်ကြတယ်၊ စာအုပ်တွေထဲကလေ့လာဖတ်ရှုကြတယ်၊ ဘေးကကြည့်နေ တဲ့ ကျွန်မကတော့ သူတို့ကြိုးစားနေတဲ့ပုံတွေကိုမြင်ရင်း အားကျနေတာပေါ့ရှင်။ သူတို့စင်ပေါ်မှာစတင်ဆွေးနွေးတဲ့အချိန်မှ စပြီးအဆုံးထိကြည့်လိုက် တာလေ့လာစရာတွေကြည့်ပဲ။ ပြောသွားတဲ့အချက်တွေကလည်း ဗဟုသုတတွေအရမ်းရတာပဲ။ ကျွန်မနားထောင်ရင်းတွေးလိုက်မိတာက ဒီလို လူငယ်စကားဝိုင်းတွေလုပ်ပေးခြင်းကြောင့် ကျွန်မတို့လူငယ်တွေမှာ ရဲရင့်စွာပြောဆိုတတ်လာမယ်။ စာအုပ်စာပေတွေများစွာဖတ်ရှုလာမယ်။ ဒီလိုစာအုပ်တွေဖတ်တော့ ဗဟုသုတလည်းရလာမယ်။ အဓိကနဲ့သာမညကိုခွဲခြားတတ်လာမယ်။ အမှားမှန်ကိုဝေဖန်တတ်လာမယ်။ လူတိုင်းကိုအကြံပေးကူညီဆောင်ရွက်တတ်လာမယ်လို့ ကျွန်မတွေးမိလာတယ်။ လူငယ်စကားဝိုင်း လုပ်ပေးရခြင်းရဲ့ အကျိူးကျေးဇူးတွေက များပြာလှပါတယ်။ ဒါကြောင့် ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်ကြယ်ပွင့်လေးများ ထွန်းတောက်နိုင်ရေးအတွက် လူငယ်စကားဝိုင်း များစွာလုပ်ပေးရန် လိုအပ်ကြောင်း အကြံပြုရင်းဖြင့် မေတ္တာဖြင့် ရေးသားလိုက်ရပါသည်။
နန်းသွေးသစ်
Keep Reading